-->
×

Warning

JUser: :_load: Unable to load user with ID: 29


လူငယ်ကြိုက် Brand များ ကြော်ငြာသင့်တဲ့ Tiktok App ဒေါင်းလုတ် လုပ်ယူသူ ၁.၅ ဘီလီယံ ကျော်သွားခဲ့

လူငယ်ကြိုက် Brand များ ကြော်ငြာသင့်တဲ့ Tiktok App ဒေါင်းလုတ် လုပ်ယူသူ ၁.၅ ဘီလီယံ ကျော်သွားခဲ့ Google


 









 


 








 

<<< Unicode >>>

 

အရှေ့တောင်အာရှ နိုင်ငံတွေတင်မကပဲ အနောက်နိုင်ငံရှိ ဆယ်ကျော်သက်များ အသုံးပြုသော Tiktok App မှာ လူငယ်ကြိုက်ပစ္စည်းများသာ အဓိက ထားကြော်ငြာသင့်ပါတယ်။

Tiktok ဆိုတာက တော့ Video တွေရိုက်ကူးတဲ့ App မို့ လူကြီးပိုင်းတွေက နည်းပါးပါတယ်။ အသုံးပြုသူ လူကြီးပိုင်းတွေကလည်း လူငယ်စိတ်နှင့် ခေတ်လန်းလန်း လူကြီးများသာဖြစ်ပါတယ်။
(လူငယ်ဆန်ဆန်စိတ်နဲ့ လူကြီးဆိုမှ တော့ လူငယ်ကြိုက်ပစ္စည်းတွေကို သဘောကျ မှာပါပဲ)

ကမ္ဘာ့နှင့်တစ်ဝှမ်းတွင် Tiktok ဟာ Messenger နဲ့ WhatApps ပြီးရင် တတိယ ဒေါင်းလုတ် လုပ်ယူသူ အများဆုံး App ပါပဲ ဒါကြောင့် Non-gaming App Of the Year အဖြစ်ဖော်ပြခြင်းခံရပါတယ်။

ထို့ပြင် Sensor Tower ရဲ့ အတည်ပြုချက် အရ တရုတ်ပြည်ထုတ် Tiktok App ဟာ အန္ဒိယ မှာ အသုံးပြုသူပိုများပါသတဲ့။

ဘာလို့ဆို TikTok ကို App Store နဲ့ Google Play Store တို့က Download လုပ်တဲ့ အရေအတွက်ဟာ 466.8% Million အထိတောင်ရှိပါတယ်။

ဒုတိယနိုင်ငံကတော့ တရုတ်ပြည်ပါ ၎င်း တို့မှာ TikTok App ကို 173.2% Million Download ထားသူရှိပါတယ်တဲ့။

 

တရုတ်ပြည်ရဲ့ ဒီဂျစ်တယ် ကြော်ငြာဈေးကွက်ကို တိုးတိတ်စွာ ဦးဆောင်နေတဲ့ Alibaba

 

အမေရိကကတော့ 123.8% ဒေါင်းလုတ်နဲ့ TikTok ကို သုံးစွဲသူ တတိယ အများဆုံး ပါတဲ့။ ဒါက အသေးစိတ်ကောက်ထားတဲ့ Data နဲ့ Country ပဲရှိသေးတာပါ။

India မှာဆို ကျောင်းနေအရွယ် ကလေး တွေ နဲ့ လူငယ်တွေ အတွက် အရှိမဖြစ် App တစ်ခုလို Tiktok က ဖြစ်နေတာမို့ Tiktok ကို ကြော်ငြာ အတွက် အသုံးပြုပါက
အလားအလာ ရှိသော App တစ်ခုပါ။

Tiktok ကလူငယ်ကြိုက် Brand တွေ ဖြစ်တဲ့ Sport Wear Brand များ တွေအပြင် လူငယ်ကြိုက် စားသောက်ကုန် များ ကြော်ငြာသင့်တဲ့ App တစ်ခုပါ။

ယခုလို Download ပြုလုပ်မှုများပြားလာတဲ့ TikTok ဟာဆိုရင် ဖျော်ဖြေရေး App တစ်ခုအနေနဲ့ အောင်မြင်လာရုံသာမက စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လည်း Online ကနေကိုယ့်ရဲ့ လုပ်ငန်းကို ကြော်ငြာချင်တာတွေ၊

Promotion လုပ်ချင်တာတွေ အတွက် TikTok မှာကြော်ငြာထည့်ခြင်းဖြင့် ကိုယ့်လုပ်ငန်းအတွက် သက်ဆိုင်တဲ့ Content တွေကို TikTok အသုံးပြုပြီး ဖန်တီးနိုင်လာပါတယ်။

Tiktok ကို အသုံးပြုတဲ့ လူငယ်တွေဟာ Video သေးသေးလေးများကို ရိုက်ကူးပြီးတင်တဲ့ သူတွေရှိသလို တချို့ကျ Video လေးတွေ ကြည့်ဖို့ သီးသန့် ဒေါင်းလုတ်လုပ်ထားတယ်သိရပါတယ်။

နောက်တစ်ချက်က TikTok က Video တွေကို Facebook မှာလဲ ပြန် Share လို့ရပါသေးတယ်။

ဒါအပြင် Tiktok ဟာ ဂီတပိုင်းဆိုင်ရာ App တစ်ခုခုနှင့် မကြာခင်မှာ ချိတ်ဆက်အလုပ်လုပ်မှာမို့ တေးသံရှင် အားလုံးရဲ့ သီချင်းတိုင်းကို Tiktok video လေးများထဲတွင် အသုံးပြု နိုင်တော့မှာပါ။

2020 မှာ Tiktok ဟာ ယခုထက်ပိုပြီး တိုးတက်လာအုံးမှာပါ။Tiktok ရဲ့ မိခင် လုပ်ငန်းစုဖြစ်တဲ့ ByteDance မှလည်း လူငယ်တွေ အတွက် ကြိုက်နှစ်သက်ရာများတင်လို့ရစေရန် ဆင်ဆာ ကိစ္စကို တရုတ် အစိုးရနဲ့ ညှိ ယူထားပြီးဖြစ်ပါတယ်။

Tiktok ရဲ့ ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်တဲ့ Alex Zhu မှ ထို အချင်းအရာများကို NewYork Time ကိုပြောပြခဲ့ တာပဲ ဖြစ်ပါတယ်။

Ref ; Socialmedia Today

Myanmar Advertising Directory 

Read times
Rate this item
(0 votes)