-->
×

Warning

JUser: :_load: Unable to load user with ID: 29


LinkedIn မှာကြော်ငြာမည့် သူများသိရှိထားသင့်သည့် အရာများ

LinkedIn  မှာကြော်ငြာမည့် သူများသိရှိထားသင့်သည့် အရာများ Google









 


 










 

<<< Unicode >>>

 


ယနေ့ ခေတ်မှာ Professional ဆန်ဆန် အလုပ်လုပ်တဲ့ လူတိုင်းလိုလို ဟာ LinkedIn ကို အသုံးပြုတာများပါတယ်။တကယ်လည်း LinkedIn ဟာ စီးပွားရေးလုပ်ငန်းအတွက် အသုံးဝင်တာတွေ့ရမှာပါ။

စစ်တမ်းများအရ LinkedIn ကို အသုံးပြုသူ ဦးရေ ၆၁၀ မီလီယံ ကျော်အထိ အသုံးပြုနေတာ တွေ့ရပါတယ်။

အသုံးပြုသူ ၃၅ ရာခိုင်နှုန်းရဲ့ အသက်အရွယ်များကတော့ အသက် ၁၈ ကနေ အသက် ၂၉ နှစ်ကြား မှာရှိတယ်သိရပါတယ်။ထို့ ကြောင့် လူငယ်ပိုင်းအသားပေး လုပ်ငန်းရှင်တွေ အတွက် Linkedln ကိုအသုံးပြုသင့်ပါတယ်။ထိုလူငယ်များမှာ လုပ်ငန်းခွင် ဝင်နေသောလူများသာဖြစ်ပါတယ်။

၂၀၁၆ မှာ ဆိုရင် LinkedIn အသုံးပြု သူတွေ မှ တစ်လတွင် ၁၃၀၀၀၀ အထိ တင်သော ပိုစ့် အရေအတွက် ရှိခဲ့ တယ်သိရပါတယ်။

ထို့ ပြင် Linkedln ကို အသုံးပြုတဲ့ ထဲမယ် အမျိုးသမီးက ၄၆ ရာခိုင်နှုန်းရှိပြီး အမျိုးသားကတော့ ၅၄ ရာခိုင်နှုန်းရှိပါတယ်။လစဉ်လတိုင်း အသုံးပြုသူ ၃၀၃ မီလီယံ ရှိပြီး ထိုအထဲမှ ၄၀ ရာခိုင်နှုန်းဟာ နေ့စဉ် Linkedln ကို အသုံးပြုပါတယ်။


LinkedIn အသုံးပြုသူ များထဲမှ ၃ မီလီယံက နေ့တိုင်း content များ share ပြီး Active ဖြစ်တယ်သိရပါတယ်။

အကြီးစား influencers များ ( ၉၀ မီလီယံ ) နှင့် ဆုံးဖြတ်ချက် ချရေး အရာရှိများ ( ၆၃ မီလီယံ ) က LinkedIn ကို သုံးစွဲနေတယ်သိရပါတယ်။များသောအားဖြင့် လုပ်ငန်းလုပ်ကိုင်သူများသာ Linkedln ကို အသုံးပြုတာတွေ့ရပါတယ်။

အသုံးပြုမှု့ ပိုင်းမှာ ဆိုရင်တော့ ကွန်ပျူတာ Desktop ဖြင့် Linkedln အသုံးပြုသူ ၆၀ မီလီယံ အသုံပြုပြီး လက်ကိုင်ဖုန်းဖြင့် အသုံးပြုသူ ၂၀ မီလီယံ ရှိပါတယ်။

The Fortune Global 500 ဝင်တဲ့ လုပ်ငန်းစု များရဲ့ ၉၂ ရာခိုင်နှုန်းကလဲ LinkedIn အသုံးပြုတယ်သိရပါတယ်။
B2B marketers တွေရဲ့ ၉၇ ရာခိုင်နှုန်းကလဲ LinkedIn ကို အသုံးပြု ကြပါတယ်။

 

တရုတ်ပြည်ရဲ့ ဒီဂျစ်တယ် ကြော်ငြာဈေးကွက်ကို တိုးတိတ်စွာ ဦးဆောင်နေတဲ့ Alibaba

 

LinkedIn မှာ ဘာတွေ ကြော်ငြာမလဲ ….

စီးပွားရေးလုပ်ငန်းလုပ်ဆောင်နေသည့် သူများအတွက် အက်စပ်သည့်အရာများ
ဥပမာ - MBA ကျောင်းကြော်ငြာများ ၊ ရုံးသုံး အကျိုးပြု Software များစသည်တို့ကို ကြော်ငြာနိုင်ပါသည်။

၅၃ ရာခိုင်နှုန်းသော Marketer တွေဟာ video လေးတွေတင်တာကို ပိုပြီးကောင်းမွန်တယ်လို့ ထောက်ခံ ကြပါတယ်။

Graphic ဒီဇိုင်းလှလှ လေးများဖြင့် တင်သော Post တွေမှာ ဆိုရင် အောက်တွင် လူစည်ကားမှု့ ၉၈ ရာခိုင်နှုန်း အထိ ရှိတယ်သိရပါတယ်။

ထို့ကြောင့် LinkedIn မှာ ကြော်ငြာပါက Graphic ဒီဇိုင်းဆန်းဆန်း အသုံးပြုသင့်ပါတယ်။

LinkedIn ဟာ အခြား Facebook ၊ Instagram ၊ Snapchat ၊ Twitter တို့လို အစုံသုတ် နေရာတစ်ခုတော့ မဟုတ် ပါဘူး လုပ်ငန်းခွင် ဝင်နေပြီ ဖြစ်တဲ့ လူများ သီးသန့်ရှိတဲ့ နေရာပါ။

ကြော်ငြာရှင်များအတွက် သတင်းကောင်းကတော့ ၁ စက္ကန့်တွင် LinkedIn အသုံးပြုသူ နှစ်ယောက် ထက်မံ တိုးလာပြီး ၎င်းတို့ ရဲ့ LinkedIn အကောင့် အသစ်ကို စတင် အသုံးပြု နေတယ်သိရပါတယ်။

Source From 99firms

Myanmar Advertising Directory 

Read times
Rate this item
(0 votes)