-->
×

Warning

JUser: :_load: Unable to load user with ID: 29



Bollywood နာမည်ကျော် Khan မင်းသား တစ်ဦး၏ သမီးနဲ့ Vivo S1 Pro အားကြော်ငြာ google

တရုတ်စမတ်ဖုန်းအမှတ်တံဆိပ် Vivo သည် အိန္ဒိယတွင် S1 Pro ကို Bollywood ၏ အကျော်ကြားဆုံး (4 Khan ) ခန်း၎ဦးထဲမှ တစ်ဦးဖြစ်သော ရုပ်ရှင်သရုပ်ဆောင် Saif Ali Khan ၏သမီး ရုပ်ရှင်သရုပ်ဆောင် Sara Ali Khan နှင့်ကြော်ငြာရိုက်ကူးပြီး မိတ်ဆက်ခဲ့သည်။


 


 

ငွေကြေး ကုန်ကျမှု သက်သာစေပြီး ထိရောက်စေတဲ့ ကြော်ငြာပုံစံသစ်

 


 



 


 

 

<<<Unicode>>>

 

 Bollywood နာမည်ကျော် Khan မင်းသား တစ်ဦး၏ သမီးနဲ့ Vivo S1 Pro အားကြော်ငြာ

======================================================

တရုတ်စမတ်ဖုန်းအမှတ်တံဆိပ် Vivo သည် အိန္ဒိယတွင် S1 Pro ကို Bollywood ၏ အကျော်ကြားဆုံး (4 Khan ) ခန်း၄ဦးထဲမှ တစ်ဦးဖြစ်သော ရုပ်ရှင်သရုပ်ဆောင် Saif Ali Khan ၏သမီး ရုပ်ရှင်သရုပ်ဆောင် Sara Ali Khan နှင့်ကြော်ငြာရိုက်ကူးပြီး မိတ်ဆက်ခဲ့သည်။
Saif Ali Khan ၏သမီး ရုပ်ရှင်သရုပ်ဆောင် Sara Ali Khan သည် Vivo ၏ India Brand Ambassador လည်းဖြစ်သည်။

 

ထိုကြော်ငြာရိုက်ကူးမှု ကို BBH India မှ ဖန်တီးပေးခဲ့ပါတယ်။ ထိုကြော်ငြာမှာ သရုပ်ဆောင်နှင့်အဆိုတော် Prit Kamani လည်း Sara Ali Khan နှင့်အတူ ပါဝင်ထားပါတယ်။သူတို့နှစ်ယောက် တွဲဖက်သရုပ်ဆောင်ထားတာ တကယ့်ကို လိုက်ဖက်ပြီး ကြော်ငြာကို ပိုမို အသက်ဝင်စေပါတယ်။

 

ကြော်ငြာလေးကို လုံးဝကြည်လင်ပြတ်သားမှုအားကောင်းကောင်းနဲ့ S1 Pro Camera ရဲ့ ကြည်လင်ပြတ်သားမှုကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားပါတယ်။ ကြော်ငြာလေးမှာ လှုပ်ရှားမှု များတဲ့ ရိုက်ကူးလို့မလွယ်တဲ့ အကကွက်လေးကိုပါ တည်တည်ငြိမ်ငြိမ်နဲ့ရိုက်ကူးနိုင်တဲ့ အစွမ်းကိုလည်း ဖော်ထုတ်ပြထားပါတယ်။

 

Single Mother တွေအတွက် စိတ်ခွန်အားပေး အားဖြစ်စေတဲ့ Apple ၏ ၂၀၂၀ ကြော်ငြာသစ်

 

Vivo အိန္ဒိယမှ ဒါရိုက်တာ Nipun Marya က“ BBH နှင့် USPs ထုတ်ကုန်များကို ဒီတီထွင်ဖန်တီးမှုအတွက်ထိထိရောက်ရောက် ထုတ်ဖော်ပြသနိုင်ခဲ့ခြင်းကြောင့်ကျွန်တော်တို့ အရမ်းဝမ်းသာပါတယ်။" လို့ပြောကြားခဲ့ပါတယ်။

 

S1Pro သည် Vivo ၏ ဒုတိယပုံစံ S-series အသွင်ဖန်တီးထားခြင်း ဖြစ်ပြီး Sara နှင့်အတူထွက်ပေါ်လာသော ခေတ်ဆန်သောအသွင်အပြင်များဖြင့် Camera ရိုက်ကူးမှု ကြည်လင်ပြတ်သားသော အဆင့်မြင့်ထုတ်ကုန်လည်းဖြစ်သည်။

Statista ၏ အဆိုအရ Vivo သည် ၂၀၁၉ ခုနှစ်၏ ပထမသုံးလပတ်တွင်အိန္ဒိယ စမတ်ဖုန်းဈေးကွက်လေးခုတွင် အကြီးဆုံးဖြစ်ပါတယ်လို့သိရပါတယ်။

 

Vivo ရဲ့S1 Pro ကြော်ငြာလေးကို အခုပဲ ကြည့်လိုက်ကြရအောင်

 

 

Source: The Drum

Myanmar Advertising Directory

Read times
Rate this item
(0 votes)