-->


ဗီယက်နမ်နိုင်ငံ အမှတ်တံဆိပ်တန်ဖိုး အလျင်မြန်ဆုံး မြင့်တက်ခဲ့

ဗီယက်နမ်နိုင်ငံ အမှတ်တံဆိပ်တန်ဖိုး အလျင်မြန်ဆုံး မြင့်တက်ခဲ့

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ဗီယက်နမ်နိုင်ငံ၏ နိုင်ငံ့အမှတ်တံဆိပ်တန်ဖိုးသည် ၂၀၁၉-၂၃ တွင် ၁၀၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံး မြင့်တက်ခြင်းဖြစ်ကြောင်း ဗီယက်နမ်စက်မှုလက်မှုနှင့် ကုန်သွယ်မှုဝန်ကြီးဌာနက ဗြိတိန်မှ အမှတ်တံဆိပ်တန်ဖိုးသတ်မှတ်မှု အကြံပေးကုမ္ပဏီ Brand Finance ၏ အစီရင်ခံစာကို ကိုးကား၍ ပြောကြားခဲ့သည်။

 

ဗီယက်နမ်နိုင်ငံ၏ နိုင်ငံ့အမှတ်တံဆိပ်တန်ဖိုးသည် ၂၀၁၉ တွင် ကန်ဒေါ်လာ ၂၄၇ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ကန်ဒေါ်လာ ၄၉၈.၁၃ ဘီလီယံသို့ ရောက်ရှိနေသည်။

 

ဗီယက်နမ်သည် ၂၀၂၃  ခုနှစ်တွင် အမှတ်တံဆိပ်တန်ဖိုးအရ နိုင်ငံနှင့် နယ်မြေ ၁၂၁ ခုတွင် အဆင့် ၃၃ ရရှိသည်။ ၂၀၂၂ ခုနှစ်တွင် အဆင့် ၃၄ ရရှိခဲ့သည်။ 

.

ဗီယက်နမ် တယ်လီကွန်း အမှတ်တံဆိပ်များ၏ တန်ဖိုးစုစုပေါင်းမှာ ကန်ဒေါ်လာ ၁၃.၂ ဘီလီယံ ရှိပြီး ဗီယက်နမ်ရှိ ထိပ်တန်းအမှတ်တံဆိပ် ၁၀၀   စုစုပေါင်းတန်ဖိုး၏ ၃၁ ရာခိုင်နှုန်းခန့် ဖြစိပါသည်။

 

• Viettel သည် ကန်ဒေါ်လာ ၈.၉ ဘီလီယံ

• VinaPhone သည် ကန်ဒေါ်လာ သန်း ၈၀၀

• MobiFone သည် ကန်ဒေါ်လာ သန်း ၈၀၀

အမှတ်တံဆိပ် တန်ဖိုးအသီးသီး ရှိကြသည်။

၎င်းတို့ ၃ ခု၏ စုစုပေါင်း အမှတ်တံဆိပ် တန်ဖိုးသည် ဗီယက်နမ်မှ အကြီးဆ‌ုံး ဆက်သွယ်ရေးဝန်ဆောက်မှု အမှတ်တံဆိပ် ၅ ခု စုစုပေါင်းအမှတ်တွဆိပ်တန်ဖိုး၏ ၇၉% ရှိသည်။

 

ဆက်သွယ်ရေးအမှတ်တံဆိပ်များပြီးလျှင် ဘဏ်လုပ်ငန်း အမှတ်တံဆိပ်များသည် တန်ဖိုးအကြီးမားဆုံးဖြစ်သည်။ ဘဏ်အမ‌ှတ်တံဆိပ်များ၏ စုစုပေါင်းတန်ဖိုးသည် ကန်ဒေါ်လာ ၁၂.၅ ဘီလီယံ ရှိသည်။ ဗီယက်နမ် ထိပ်တန်း အမှတ်တံဆိပ် (၁၀၀) စုစုပေါင်း အမှတ်တံဆိပ်တန်ဖိုးတွင် ၃၀%သည် ဘဏ်လုပ်ငန်း အမှတ်တံဆိပ်များ၏ စုစုပေါင်းတန်ဖိုးဖြစ်သည်။ 

 

ဗီယက်နမ် ထိပ်တန်း ဘဏ်လုပ်ငန်း ၅ ခု၏ စုစုပေါင်း အမှတ်တံဆိပ်တန်ဖိုးတွင် ၈၁% သည်နိုင်ငံပိုင် ဘဏ်လုပ်ငန်းကြီးများ ဖြစ်ကြသည့်  Vietcombank, Agribank, BIDV, Vietinbank တို့၏ အမှတ်တံဆိပ် စုစုပေါင်းတန်ဖိုး ဖြစ်သည်။  

 

စားသောက်ကုန် နှင့် အဖျော်ယမကာ အမှတ်တံဆိပ်များ၏ စုစုပေါင်းတန်ဖိုးသည် ဗီယက်နမ် ထိပ်တန်း အမှတ်တံဆိပ် (၁၀၀) စုစုပေါင်း အမှတ်တံဆိပ်တန်ဖိုးတွင် ၁၄ ရာခိုင်နှုန်းဖြင့် တတိယအဆင့် ရရှိသည်။ စုစုပေါင်းတန်ဖိုး ကန်ဒေါ်လာ ၆ ဘီလီယံ ရှိပြီး ထက်ဝက်မှာ  နို့ထွက်ပစ္စည်းလုပ်ငန်းကြီး Vinamilk ၏ အမှတ်တံဆိပ်တန်ဖိုး ကန်ဒေါ်လာ ၃ ဘီလီယံ ဖြစ်သည်။ 

ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်းအမှတ်တံဆိပ်များသည် ကမ္ဘာ့ ခေတ်ရေစီးကြောင်းနှင့်အညီ  တိုးတက်ကြီးထွားလျက်ရှိသည်ဟု စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။

 

Source tuoitrenews


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)