ကြော်ငြာဆိုင်းဘုတ် Digital Printing လုပ်ငန်းများနှင့်ဆက်စပ်သည့် Myanmar Digital Printing & Sign Expo 2019 ကုန်စည်ပြပွဲကြီးကို ဒီဇင်ဘာ ၆ရက်မှ၈ရက်အထိ ရန်ကုန်မြို့ Inya Lake ဝင်းအတွင်းရှိ Yangon Convention Centre တွင်ပထမဆုံးအကြိမ်အဖြစ်ကျင်းပသွားမှာဖြစ်ကြောင်းသိရှိရပါတယ်။
၂၀၂၀ အမေရိကန် သမ္မတ ရွေးကောက် နှင့်နီးကပ်လာတာနှင့် အမျှ Facebook နှင့် Twitter စတဲ့ နည်းပညာပိုင်းဆိုင်ရာ အဖွဲ့အစည်းများ က အဆိုပါ နိုင်ငံရေးနှင့်သက်ဆိုင်သော ကြော်ငြာများအား
ဖယ်ရှားခဲ့ပါတယ်။
Graph and Marketing API ရဲ့ သိရှိရတဲ့အကြောင်းပြချက်အရ လာမည့်၂၀၂၀ တွင် Facebook Page တစ်ခုမှာ ကြော်ငြာကန့်သတ်ချက် များစွာထားရှိမယ်၊အရေအတွက်ပါ ကန့်သတ်မယ်လို့ Facebook မှ အတည်ပြုထားပါတယ်။
Unicode >>>
Social Media အသုံးပြု ကြော်ငြာခြင်းဟာ ယနေ့ခေတ်မှာ တကယ့်ကိုလက်တွေ့ကျကျ အလုပ်ဖြစ်နေတာ သင်လက်ခံနိုင်မှာပါ။
ကြော်ငြာကို လူတွေက များသောအားဖြင့်ကောင်းသော ကြော်ငြာခြင်းသာ အသုံးပြုကြတာပါ။ဒီတစ်ခါမှာတော့ လူငယ်လေးမှာ သူ့ရဲ့ မှောင်ခို မူးယစ်ဆေးဝါးတွေ ရောင်းချ ဖြန့်ချီနိုင်အောင်ကြေငြာခဲ့ပါတယ်။
အမေရိကန်နိုင်ငံ အင်ဒီယားနားခရိုင် အဲ့ဘင့်ဘယ်လီမြို့ မှအသက် ၂၂ နှစ်အရွယ် လူငယ်လေး Jamar Banks ဟာ သူ၏ Social Media ပေါ်တွင် မူးရစ်ဆေးဝါးရောင်းချ ခြင်းကို ကြော်ငြာတင်ခဲ့တာပါ။
Twitter မှ နိုင်ငံရေးရများနှင့် ပတ်သတ်သော ကြော်ငြာများအား ဖယ်ရှားသွားမည်။
လူငယ်လေးဟာ အိုင်အိုဝါလမ်း သူ၏နေအိမ်တွင် မူးယစ်ဆေးရောင်းချနေပြီး ရဲများဝင်ဖမ်းစဉ် လူငယ်လေးနှင့်အတူ ဒေါ်လာ ၂၆၀၀ ၊ ဆေးရွက်ကြီးနှင့်မူးယစ်ဆေးဝါးအမြှောက်အများ ၊
သေနတ် များနှင့် အတူ ဖမ်းစီးရမိပါတယ်တဲ့။ထို့ပြင် ယာဉ်မောင်းလိုင်စင်မရှိပဲ ကားမောင်းနေတာကိုလည်းသိရှိရပါတယ်တဲ့။
ထိုလူငယ်ဟာ Social Media ပေါ်မှာ ကိုးကိန်း , စိတ်ကြွဆေး အများအပြားကို Giveaway ပေးလိုက် ကြော်ငြာလိုက်ပြုလုပ်ကာ မူးယစ်ဆေး ရောင်းချ နေသူပါတဲ့။
Myanmar Advertising Directory
' Internet ပိုင်းဆိုင်ရာကြော်ငြာများနှင့် ပတ်သတ်လို့ ယနေ့ ခေတ်မှာအရေးပါ အရာရောက်လာတာနှင့်အမျှ နိုင်ငံရေးရာ အပိုင်းမှာလဲ အကျိုးသက်ရောက်မူ့ရနိုင်သည် '
ဟု Twitter မှ CEO Jack Dorsey မှ သူ့၏ Twitter စာမျက်နှာတွင်ရေးသားထားသည်ကိုတွေ့ရသည်။
၁။ ဆိုရှယ် မီဒီယာ
၂။ ရှာဖွေလေ တွေ့ရှိလေ
၃။ Email
၆။ ဖုန်းကို မမေ့နဲ့
၇။ Social proof
<<< Unicode >>>
ကိုယ့်ဝက်ဘ်ဆိုက်ကို လူတွေ လာအောင်၊ လူတွေ ထပ်ခါထပ်ခါ လာအောင်၊ ဝက်ဘ်ဆိုက်ရဲ့ Fan ဖြစ်လာအောင် နည်းလမ်းအသွယ်သွယ်ဖြင့် လုပ်ကိုင်ကြတဲ့အကြောင်းကို ဖော်ပြခဲ့တယ်။
အခု ခေါင်းစဉ်တပ်ပြီး နည်းလမ်း ၇ သွယ်ကို ပြောပြပါရစေ။ အဲဒီ နည်းလမ်းတွေ အကုန်လုံးကို လုပ်ရမယ်လို့ မဆိုလိုပါဘူး။ နည်းလမ်း တချို့ကို သုံးစွဲပြီး လူတွေ စီးဝင်လာနေတဲ့ စမ်းချောင်း တစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။
ရှေ့မဆက်ခင် ပြောချင်တာက ကိုယ့်ဝက်ဘ်ဆိုက် အခြေအနေကိုလည်း ဆန်းစစ် ဖို့ လိုပါတယ်။ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ လူတွေ ပြုံကျလာရင် ဆိုက်က ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ။
ဘယ်နှယောက်လောက်အထိ ကောင်းကောင်း အလုပ်လုပ်ပေးမလဲ။ ဘယ်နှယောက်ဆိုရင် ကောင်းကောင်း အလုပ်မလုပ်တော့ဘူး အဝိုင်းလည်တာ ပြနေမလဲ။ ဘယ်နှယောက်ဆိုရင် ဆိုက်ပြုတ်ကျသွားမလဲ။
အဲဒီအချက်အရ ဆိုက်ကို လူခေါ်သွင်းတာကို ချိန်ဆ လုပ်ကိုင်စေလိုပါတယ်။ traffic တွေ တကယ်တိုးလာတဲ့အခါ ဆိုက်က တောင့်မခံနိုင်လို့ မကြာမကြာ ပြုတ်ကျတာကို စာရေးသူ ကြုံဖူးပါတယ်။
လစဉ်ကြေး ထပ်တိုးပေးပြီး ဆိုက်ကို ချဲ့လိုက်မှ အဆင်ပြေသွားပါတယ်။ကောင်းပြီ။ နည်းလမ်း ၇ သွယ်ကို သွားကြပါစို့။
နည်းလမ်း ၇ သွယ်ကို ခေါင်းစဉ်တပ်ပြီး တစ်ခုချင်းစီ မိတ်ဆက်ပေးသွားမှာ ဖြစ်ပြီး တစ်ခုချင်းစီ အသေးစိတ်ကိုတော့ နောက်ရေးဖြစ်မယ့် ဆောင်းပါးတွေမှာ တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
၁။ ဆိုရှယ် မီဒီယာ
ဝက်ဘ်ဆိုက်ရဲ့ အဝင်တံခါးပေါက်တွေကို ဆိုရှယ်မီဒီယာတွေမှာ ဖြန့်ကျက် ထားရှိကြတယ်။ နေရာအနှံ့အပြားမှ ဆိုရှယ်မီဒီယာကို သုံးစွဲတဲ့အခါ ကိုယ်ထောင်ထားတဲ့ တံခါးပေါက်ကို တွေ့မယ်။
ဘာမှ မလုပ်တဲ့ သူတွေလည်း ရှိမယ်။ တံခါးကို တွန်းဖွင့်ဝင်ပြီး ကိုယ့်ဝက်ဘ်ဆိုက်ထဲ ရောက်လာသူတွေလည်း ရှိမယ်။ traffic ကို မြန်မြန်ရဖို့ ဆိုရှယ်မီဒီယာတွေမှာ ဝင်ပေါက်တံခါးတွေ ထားရှိကြတယ်။
အဲဒီအကြောင်းကို နောက်တော့ အသေးစိတ် ပြောပြမှာ ဖြစ်ပါတယ်။
၂။ ရှာဖွေလေ တွေ့ရှိလေ
အင်တာနက်မှာ တက်ပြီး ရှာဖွေကြတယ်။ အသုံးအများဆုံးက ဂူးဂဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတော့ ဂူးဂဲကို ပိတ်ပင်ထားလို့ ပြည်တွင်းဖြစ် Baido ကို အသုံးများကြတယ်။
ပြောချင်တာက traffic ရဖို့အတွက် လုပ်ကြတဲ့အခါ search ကနေ ရလာမယ့် traffic ကို မေ့ထားကြတယ်။ သူတို့ဘာသာ သူတို့ ကံအလျောက် ဝင်လာကြမယ်ဆိုတဲ့သဘောမျိုး ခံယူထားကြတယ်။
တကယ်တော့ ကိုယ်ရရှိမယ့် traffic ရဲ့ ၅၀ ရာခိုင်နှုန်းကျော်အထိ search ကနေ ရအောင် လုပ်လို့ရထားတဲ့ website တွေ ရှိနေတာ အများကြီးပဲ။ ဆိုရှယ်နဲ့ search engine နှစ်မျိုးစလုံးကို အားကိုးအားထား ပြုကြရမယ်။
နောက်တစ်ခုက ဆိုရှယ်မီဒီယာတွေဟာလည်း search engine တစ်မျိုး ဖြစ်နေကြပြီ။ အဲဒီအချက်ကို မမေ့သင့်ဘူး။
၃။ Email
ပုံမှန် လာရောက်မယ့် ပရိသတ်မျိုးတွေအတွက် သူတို့ကို ဒီတစ်ပတ်တော့ ဘာတွေ ဖတ်ရမယ်။ မြင်ရမယ်။ တွေ့ရမယ်။ ဘာထူးသလဲ စတာတွေ email ပေးပို့ပြီး အသိပေးကြတယ်။
ဒီနည်းက ငွေကုန်ကြေးကျ သက်သက်သာသာဖြင့် ပရိသတ် အသစ်တွေ ရနိုင်သလို့ ရှိပြီးသား ပရိသတ်ကိုလည်း ထိန်းထားနိုင်တယ်။
ဒါပေမဲ့ အင်တာနက် ဆိုတာထက် Facebook ကိုပဲ အင်တာနက်လို သုံးနေတဲ့ မြန်မာနိုင်ငံမှာ message box ကနေတစ်ဆင့် သတင်းပေး၊ link ပေးပြီး ဖိတ်ခေါ်ကြရတာမျိုးလည်း ရှိလိမ့်မယ်။
ရောမရောက်ရင် ရောမသားရောမသူလို ကျင့်ကြရတာပဲ မဟုတ်လား။ ဒါမှ အဆင်ပြေမယ်လေ။
၄။ ပူးပေါင်းလက်တွဲ ဆောင်ရွက်ခြင်း
တခြား ဝက်ဘ်ဆိုက် ထူထောင်သူတွေနဲ့ မိတ်ဖွဲ့ပြီး ပူးပေါင်းလုပ်ဆောင်တာဟာလည်း ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သူ့ဝက်ဘ်ဆိုက်ကို ကိုယ့်ဝက်ဘ်ဆိုက်မှာ အညွှန်းပေးမယ်။
ကိုယ့်ဝက်ဘ်ဆိုက်ကိုလည်း သူကအ ညွှန်းပေးမယ်။ ဝက်ဆိုက် လုပ်ကိုင်နေကြသူတွေ ကွန်ချာတစ်ခု ထူထောင်လုပ်ကိုင်ကြတယ်။ Facebook မှာ group တွေ ထောင်ထားပြီး တစ်ယောက်ဟာကို တစ်ယောက်က ရှယ်ပေးတာမျိုး လုပ်ကြတယ်။
တကယ်ကို traffic တိုးစေတဲ့ နည်းလမ်းတစ်သွယ် ဖြစ်ပါတယ်။ တစ်ယောက်တည်း လှော်တာထက် စုပေါင်းပြီး လှော်ကြလို့ ခရီးရောက်တဲ့သဘော ဖြစ်ပါတယ်။
၅။ ဖော်ပြချက်ဖြင့် သိမ်းသွင်းခြင်း
ဝက်ဘ်ဆိုက်တစ်ခုမှာ လာကြည့်ချင်စရာ ဖော်ပြချက်တွေ ရှိနေဖို့ လိုတာ ဓမ္မတာပါ။ traffic ကို ဆွဲသွင်းဖို့ ဖော်ပြချက်တွေကို ဖန်တီးပြီး ဖော်ပြပေးကြရတယ်။
၆။ ဖုန်းကို မမေ့နဲ့
ဘာကိုပဲ ဝက်ဘ်ဆိုက်မှာ တင်တင် ဖုန်းစခရင်မှာ ကြည့်ရင် ဘယ်လို မြင်မလဲဆိုတာ သတိရပါ။ ယခုအခါ လူအများစုဟာ ဖုန်းဖြင့် အင်တာနက်ကို သုံးကြတယ်။ laptop တွေ desktop တွေ တဖြည်းဖြည်းနဲ့ သုံးနိုင်တဲ့သူ နည်းလာပြီ။
သွားလေရာ ယူသွား၊ ရောက်ရာအရပ်မှာ အင်တာနက်ကို တက်ကြတယ်။ မတ်တတ်ရပ် ဘတ်စ်ကားစီးရင်းလည်း တက်မယ်။ ဒီတော့ မိုဘိုင်းသုံးစွဲမှု ပိုများနေတယ်။
ဒီတော့ မိုဘိုင်းကလာမယ့် traffic ကို ဆွဲဆောင်နိုင်ဖို့ ဝက်ဘ်ဆိုက်မှာ လုပ်စရာ ရှိတာလေးတွေကို လုပ်ထားဖို့ လိုမယ်။
၇။ Social proof
Social proof ဆိုတာ အင်တာနက် မပေါ်ခင်ကတည်းက မားကက်တင်းသမားတွေ သုံးခဲ့ကြတယ်။ အဲဒီနည်းကို traffic ရဖို့အတွက် လည်း သုံးစွဲကြတယ်။ အင်မတန် အစွမ်းကြီးမားတယ်။
traffic အပြင် ကိုယ်တင်လိုက်တာကို ဝိုင်းရှယ်ကြတဲ့ အဆင့်အထိ ပေါက်သွားနိုင်တယ်။
အကြောင်းကြောင်းကြောင့် ၀က်ဘ်ဆိုက်တစ်ခု ရှိနေပြီ။ အဲဒီ ၀က်ဘ်ဆိုက်ကို လူတွေ လာဖို့ လိုတယ်။ အဲဒီလို လူတွေ လာကြတာကို traffic လို့ သုံးနှုန်းကြတယ်။ အဲဒီ traffic များဖို့အတွက် ကြံစည် လုပ်ကိုင်ကြရတယ်။
Esports နယ်ပယ်ဟာ brand တွေအတွက် အရေးပါတဲ့ နေရာတစ်ခု ဖြစ်နေချိန်မှာ တရုတ်နိုင်ငံမှ စမတ်ဖုန်း ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Oppo က အာရှမှ ဂိမ်းစိတ်ဝင်စားတဲ့ လူငယ်တွေ နောက်ကို လိုက်တဲ့အနေဖြင့်
မားကက်တင်းအတွက် ဖော်ပြချက်များကို စဉ်းစားစီစဉ်တဲ့အခါ အရောင်တွေကို အလေးထားဖို့ မေ့နေတတ်ကြတယ်။ ၀က်ဘ်ဆိုက် စာမျက်နှာတစ်ခုပေါ်မှာ ခင်းကျင်းတဲ့အခါမှာလည်း အရောင်တွေကို အလေးအနက်ထားပြီး စဉ်းစားပေးဖို့ မေ့လျော့နေတတ်ကြတယ်။