-->
×

Warning

JUser: :_load: Unable to load user with ID: 29

Google AdWords ဟာ ကမ္ဘာတစ်ဝှမ်းသုံးစွဲသူ 90% အထိရောက်ရှိနေတဲ့ အစွမ်းထက်တဲ့ Advertising တစ်ခုဖြစ်ပါတယ်။ Google မှာကြော်ငြာထားတဲ့ ads တွေက Google Search တစ်ခုထဲမှာ ပြတာမဟုတ်ဘဲ တစ်ခြားသော websites များမှာ Image ကြော်ငြာအနေနဲ့လည်း ပြလို့ရပါတယ်။ ခေတ်မီဟိုတယ်တွေမှာ Google AdWords ကို အဓိကကြတဲ့ Marketing တစ်ခုအနေနဲ့ ထားကြပါတယ်။ Google AdWords ကိုတစ်ခါမှမသုံးဘူး သူအတွက်တော့ အရမ်းကို ရှုပ်ထွေးနိုင်ပါတယ်။ အဲဒါကြောင့် Hotel Industry တွေမှာ အရေးကြီးတဲ့ ကြော်ငြာ အမျိုးအစား ၄ မျိုးကိုဖော်ပြပေးချင်ပါတယ်။

The Search Network အရင်ဆုံးကြော်ငြာတင်တဲ့ နေရာက တော့ Search Network ပါ။ Customers တော်တော်များများဟာ Google Search ကနေသူတို့သွားမယ့် နေရာ, hotel တွေကိုရှာတတ်ကြပါတယ်။ Customers တွေ Google မှာရှာတဲ့ အခါ ကိုယ့် Hotel Name Google မှာပေါ်ဖို့ဆိုရင်


၁။ Brand Search Campaigns

ဒါက မိမိ Hotel ရဲ့ Name၊ Brand ကို ကြော်ငြာတာပါ။ အကယ်၍ customer တစ်ယောက်က မိမိ hotel name ကို Google Search မှာရှာရင် အရင်ဆုံးမြင်ရအောင် ကြော်ငြာ ခြင်းဖြစ်ပါတယ်။ Hotel တော်တော်များများက သူတို့ ရဲ့  hotel brand ကို လူသိများအောင် OTA ကိုပဲ အားကိုးကြပါတယ်။ OTA တွေကလည်း သင့် ရဲ့ hotel brand ကို Google Adwords မှာ ကြော်ငြာတတ်ပါတယ်။ မိမိ hotel brand ကို Google Adwords ကနေ ကိုယ်တိုင် ကြော်ငြာခြင်းအားဖြင့် Marketing အသုံးစရိတ်ကို လျှော့ချနိုင်တဲ့အပြင် hotel ရဲ့ website ကတစ်ဆင့် Direct Booking လုပ်နိုင်သောကြောင့် Upsell ဖို့အခွင့်အလမ်းများပါရနိုင်ပါတယ်။

နောက်တစ်ခုက OTA တွေကို Commission ပေးစရာ မလိုတော့ဘူးပေါ့။ အချို့သော ခရီးသွားတွေက OTA website တွေကတစ်ဆင့် booking လုပ်တာထက် hotel website ကနေ booking လုပ်ရတာကို ပိုပြီး ယုံကြည်ကြတယ်။ ဘာလို့လဲဆိုတော့ hotel website ကနေသာ သူတို့အတွက် သင့်တင့်တဲ့ ဈေးပေးရတယ်လို့ ယုံကြည်ကြတယ်။ အဲလို ခရီးသွားတွေက OTA website မှာ hotel ကိုတွေ့တယ် ဆိုလည်း Google မှာ brand name နဲ့ hotel website ကို ရှာကြတယ်။

ဒီမှာ hotel က ကြော်ငြာမထားဘူး direct booking လက်မခံဘူးဆိုရင် customer တစ်ယောက် ဆုံးရှုံးလိုက်ရပါပြီ။ အဲဒါကြောင့် Google Adwords ကနေ Brand name နဲ့ ကြော်ငြာတာဟာ အရေးကြီးတဲ့ Markeitng တစ်ခုပါ။ Direct Booking ကလည်း Google ရဲ့ Partner စာရင်းထဲက အဖွဲ့လုပ်ပေးမှ Google Ads လုပ်လို့ရတာပါ။


၂။ Generic Search Campaigns

ဒါကတော့ Customers ဖြစ်လာနိုင်တဲ့သူတွေကို target ထားပြီး ကြော်ငြာတာဖြစ်ပါတယ်။ ဒီလိုကြော်ငြာ မှာဆိုရင် customer လိုချင်တဲ့ hotel မျိုး keywords နဲ့ ကြော်ငြာပေးရပါတယ်။ ဥပမာအားဖြင့် " Hotel in Yangon with Swimming Pool", "Hotel near Junction City Yangon" တိကြတဲ့ Keywords တွေရွေးပြီး ကိုက်ညီတဲ့ customer ကို ကြော်ငြာပေးရပါတယ်။ ဒီနည်းက ပထမ Brand Search လို customer ချက်ချင်းမရနိုင်ပေမယ့် မိမိ hotel ကို မသိသေးတဲ့ ခရီးသွားတွေအတွက် အထောက်အကူပြုပါတယ်။ ဒီနည်းကို အသုံးပြုရာမှာ Website page ကောင်းကောင်းနဲ့ စိတ်ဝင်စားအောင် Promotion package တွေပါ ဖော်ပြပေးမှ မိမိ hotel ရဲ့ customer တစ်ယောက် ဖြစ်လာနိုင်ပါတယ်။

 

၃။ Display Network Online

websites တော်တော်များများက သူတို့ရဲ့ website ၀င်ငွေအဖြစ် Google Ads တွေကိုပြလေ့ရှိပါတယ်။ အဲဒါကို Google Display Network (GDN) လို့ခေါ်ပါတယ်။ GDN မှာ သန်းပေါင်းများစွာသော websites, new pages, blogs, Gmail, Youtube တို့ပါဝင်ပါတယ်။ Display Network မှာကြော်ငြာတာက Search Network ကလို ရှာမှပြတာမျိုးမဟုတ်ဘဲ GDN မှာပါတဲ့ site တစ်ခုကိုဝင်တာနဲ့ ပြတဲ့ကြော်ငြာမျိုးပါ။ ဒီမှာ ကြော်ငြာကို စိတ်ဝင်စားသူရှိသလို စိတ်မ၀င်စားတဲ့ လူလဲရှိနိုင်ပါတယ်။ အဲဒါကြောင့် GDN မှာကြော်ငြာတဲ့ အခါ လူတိုင်းစိတ်ဝင်စားအောင် အထူးဂရုစိုက်ရပါမယ်။


၎။ Video Network

ခရီးသွားတော်တော်များများ က Hotel video တွေကိုမြင်ပြီးသူတို့ သွားမယ့်နေရာ အဖြစ်ရွေးတတ်ကြပါတယ်။ အဒါကြောင့် Video ကြော်ငြာကလဲအရေးကြီးပါတယ်။ Video ပြုလုပ်တဲ့အခါ အရမ်းကြီး ကောင်းစရာမလိုပါဘူး။ 20-40 seconds စာလောက် Video အတိုလေးတွေနဲ့ကြော်ငြာတာ ပိုထိရောက်ပါတယ်။ hotel ရဲ့ restrauant, swimming pool ကို video ရိုက်ကူးပြီး ကြော်ငြာနိုင်ပါတယ်။ အနည်းဆုံး video အတို ၄ခုလောက် ရိုက်ပြီး ကြော်ငြာဖို့ လဲအကြံပြုချင်ပါတယ်။ Video network မှာဘယ်လိုကြော်ငြာမျိုးကို ပြသင့်လဲဆိုတော့ Video Remarketing Campaigns ပါ။

 

Source; EZeeitmyanmar

Myanmar Advertising Directory

 

Published in Digital Marketing