-->
×

Warning

JUser: :_load: Unable to load user with ID: 29

Marketing သမားတွေနဲ့ လုပ်ငန်းရှင်တွေအတွက်တော့ Social Media ပေါ်မှာ Reach များများရဖို့၊ Lead Generation များများရဖို့၊ Conversion Rate တက်ဖို့ စတာတွေက အရေးကြီးပါတယ်။ဒါတွေတင်မကပါဘူး။ ကိုယ့်မှာရှိထားတဲ့ မားကက်တင်းဘတ်ဂျက်ကို cost နည်းနည်းနဲ့ ထိရောက်မှုများများရအောင် လုပ်နိုင်ဖို့ကလည်း အရေးကြီးပါသေးတယ်။

Published in Digital Marketing

Marketing သမားတွေနဲ့ လုပ်ငန်းရှင်တွေအတွက်တော့ Social Media ပေါ်မှာ Reach များများရဖို့၊ Lead Generation များများရဖို့၊ Conversion Rate တက်ဖို့ စတာတွေက အရေးကြီးပါတယ်။

ဒါတွေတင်မကပါဘူး။ ကိုယ့်မှာရှိထားတဲ့ မားကက်တင်းဘတ်ဂျက်ကို cost နည်းနည်းနဲ့ ထိရောက်မှုများများရအောင် လုပ်နိုင်ဖို့ကလည်း အရေးကြီးပါသေးတယ်။

ခုနောက်ပိုင်းမှာတော့ Social Media Marketing လုပ်ရာမှာ Facebook ပိုင် app တစ်ခုဖြစ်တဲ့ Messenger ပေါ်မှာ ကြော်ငြာတွေ run တဲ့ Messenger Marketing ကိုလည်း အသုံးများလာကြပါတယ်။ ဒါကလည်း လူဦးရေ သန်းတစ်ထောင်ကျော်လောက် လက်ရှိသုံးစွဲနေတဲ့ Messenger က မားကက်တင်းသမားတွေအတွက် ပစ်မှတ်ကောင်းတစ်ခု ဖြစ်လာလို့ပါပဲ။ Bid strategy မှန်မှန်၊ Targeting ကောင်းကောင်းနဲ့ Messenger Marketing Campaign တစ်ခုကို run နိုင်မယ်ဆိုရင် ကုန်ကျစရိတ်အသက်သာဆုံးနဲ့ အထိရောက်ဆုံး ဖြစ်စေနိုင်ပါတယ်။

၁။ Algorithm အပြောင်းအလဲ

ဒီနှစ်အစောပိုင်းမှာ Facebook ရဲ့ Algorithm က မိသားစုဝင်တွေနဲ့ သူငယ်ချင်းမိတ်ဆွေတွေရဲ့ Content တွေကို newsfeed ပေါ်မှာ ဦးစားပေးအဖြစ် ပြပေးမယ်ဆိုပြီး ပြောင်းလဲလိုက်တဲ့အတွက် Facebook ပေါ်မှာ ad တွေ run ရတာလည်း နည်းနည်းကြပ်လာပါတယ်။ လူတော်တော်များများက Facebook ပေါ်မှာ ad run ဖို့ကိုပဲ အာရုံစိုက်နေတဲ့အတွက် aution အောင်ဖို့ (Target audience တစ်ခုတည်းကို ပုံစံတူ product နှစ်ခုက ကြော်ငြာပြိုင်ပြရာမှာ မိမိရဲ့ ကြော်ငြာက သုံးစွဲသူရှေ့ကို ဦးစွာရောက်ရှိသွားခြင်း) ပိုက်ဆံပိုသုံးရတာတွေ၊ Aution မအောင်တာတွေ ဖြစ်လာနိုင်ပါတယ်။ အခုအချိန်မှာ ကြော်ငြာသမားတွေ သိပ်မသုံးသေးတဲ့ Facebook Messenger ကနေ ad run ခြင်းကို သုံးမယ်ဆိုရင်တော့ Engagement နဲ့ visibility ပိုပြီးတက်လာနိုင်သလို cost per optimization event လည်း ပိုကောင်းနိုင်ပါတယ်။

၂။ Legacy Ad တွေထက် ပိုမိုထိရောက်မှုရှိခြင်း

Social Media သမား တော်တော်များများ Lead generation ad တွေ၊ Website Traffic ad တွေ၊ Engagement ad တွေ run ဖူးကြမှာပါ။ ဒါတွေက Legacy ad တွေ ဖြစ်သွားပါပြီ။ တကယ့်တကယ်တမ်းမှာ အဲဒီ ad တွေက လုပ်ငန်းရှင်တွေအတွက် တကယ်ထိရောက်တဲ့ conversion တွေကို ပေးနိုင်ဖို့ မလွယ်တော့ပါဘူး။ ဥပမာ lead generation ad run မယ်ဆိုရင် customer information တွေကို ရနိုင်တာမှန်ပေမယ့် အချိန်နဲ့တပြေးညီ customer relationship လုပ်လို့မရပါဘူး။ Messenger Marketing ကတော့ အဲဒီဟာကွက်ကို ဖြည့်ဆည်းပေးနိုင်တဲ့အတွက် ပိုပြီးထိရောက်တယ်လို့ ဆိုနိုင်ပါတယ်။

၃။ Mass Message ပို့လွှတ်နိုင်ခြင်း

Email Marketing လုပ်မယ်ဆိုရင် Email address တွေအများကြီးကို အရင်ဆုံးရှာဖွေ စုဆောင်းပြီးမှ မိမိတို့ ပေးချင်တဲ့ promo campaign ဒါမှမဟုတ် ad copy ကို Email ကတဆင့် ပို့လွှတ်ရပါတယ်။ Messenger Marketing မှာလည်း ဒီလို function ရှိပါတယ်။ Message တစ်စောင်တည်းကို ကိုယ့်ရဲ့ business contact list ထဲက အကောင့်တွေအများကြီးဆီကို တစ်ချိန်ထဲမှာပဲရောက်အောင် broadcast လုပ်နိုင်ပါတယ်။ ဒီနည်းလမ်းက Product အသစ်တွေ lauch လုပ်တဲ့အချိန်မှာ အထူးအသုံးဝင်မယ့် နည်းလမ်းမျိုးပါ။

 

ဒေဝါလီ ခံပြီးနောက်ပိုင်း e-commerce အဖြစ် ပြန်လည်ခေါင်းထောင်လာတော့မယ့် Forever 21

 

၄။ Chatbot မှတဆင့် Subscriber Report လုပ်ပေးနိုင်ခြင်း

Facebook Messenger ကတဆင့် ad run လွှတ်ခြင်းက လက်ရှိအချိန်မှာတော့ Open Rate များနေပါတယ်။ Customer ကို သေချာ cares လုပ်ချင်တဲ့သူတွေက CRM သမားတွေငှားပြီး ad followup လုပ်ကြသလို Mobile Monkey တို့၊ Chat Fuel တို့လို ဝန်ဆောင်မှုတွေနဲ့ Chatbot ကိုလည်း တပ်ဆင်လို့ရပါတယ်။ Chatbot တွေက ဘာကောင်းလဲဆိုတော့ Lead Generation ကောက်သလိုပဲ နေ့စဉ် Subscriber list ကို မှတ်တမ်းတင်ပြီး ခင်ဗျားကို report လုပ်ပေးနိုင်ပါတယ်။ နောက်ပြီးတော့ ၂၄ နာရီလုံး ဘယ်အချိန်လာမေးမေး မိမိကိုယ်စား reply ပြန်ပေးနိုင်ပါတယ်။ ဒါကလည်း Messenger Marketing ရဲ့ ကောင်းကျိုးတစ်ခုပါ။

၅။ Autoresponder Campaign လုပ်နိုင်ခြင်း

Facebook နဲ့ Messenger ကို ချိတ်လို့ရတဲ့ နည်းလမ်းနောက်တစ်ခုကတော့ “Comment-to-messenger” bot ဆောက်တာပါပဲ။ မိမိတို့ရဲ့ Page မှာ Content တစ်ခု Create လုပ်၊ ပြီးတော့ Follower တွေကို Comment ပေးခိုင်းပြီး Messenger ကနေ Comment ပေးသူတိုင်းဆီကို auto message ပို့လွှတ်ပေးတာမျိုးပါ။ ဒီနည်းလမ်းကလည်း Legacy Lead Generation ad တွေကို ဖုန်တောထဲမှာ ကျန်ရစ်စေမယ့် Messenger Marketing Campaign တစ်မျိုးပါ။ ဥပမာ… ကိုယ်က စာအုပ်ရောင်းတယ်ဆိုပါတော့။ Post မှာ “Leo’s Storytelling Guidelines” ဆိုတဲ့ Keyword ကို လူတိုင်းကို Comment ပေးခိုင်းလိုက်တာနဲ့ ကိုယ့်ရဲ့ promo စာသားကို အဲဒီ Keyword လာမန့်တဲ့လူတိုင်းဆီကို Messenger ကတဆင့် ပို့ပေးနိုင်တာမျိုး။ အဲဒီမှာမှ လာမန့်တဲ့သူတွေ သိချင်တဲ့ အသေးစိတ်မေးခွန်းတွေ (ဈေးနှုန်းတို့၊ ဘယ်မှာဝယ်ရမလဲတို့) ကို ဆက်ဖြေပေးနိုင်ပါတယ်။

၆။ လူကိုယ်တိုင်လည်း အချိန်မရွေး Customer Service ပေးနိုင်ခြင်း

Chatbot တွေက Social Media Marketing မှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Customer Service အပိုင်းကို တစ်တပ်တစ်အား ကူညီပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က Customer တွေ သိလိုသမျှကို လူသား Operator တစ်ယောက်ရဲ့ အကူအညီမပါဘဲ အချိန်မရွေး ဖြေပေးနိုင်လို့ပါပဲ။ ဒါပေမယ့် တချို့မေးခွန်းတွေကျတော့ Chatbot တွေလည်း ဖြေရခက်ခဲနိုင်ပါတယ်။ အဲဒီလို ခက်ခဲရှုပ်ထွေးတဲ့ မေးခွန်းတွေကို လူသား Operator တစ်ယောက်က အချိန်မရွေး ဝင်ရောက်ဖြေဆိုပေးနိုင်တာကလည်း Messenger Marketing ရဲ့ အားသာချက်တစ်ခုပါပဲ။ လူသားနဲ့ Chatbot ပူးပေါင်းပြီး Customer Service ပေးခြင်းက လုပ်ငန်းတိုးတက်ဖို့အတွက် အကောင်းဆုံးလုပ်ဆောင်ချက်ပါပဲ။

၇။ Coding ရေးတတ်စရာမလိုဘဲ Chatbot တည်ဆောက်နိုင်ခြင်း

ဝက်ဘ်ဆိုက်ရေးဆွဲတာတို့၊ app ရေးတာတို့ဆိုရင် Developer တွေ၊ Programmer တွေရဲ့ အကူအညီကို လိုအပ်ပါတယ်။ Messenger မှာ chatbot တွေ တည်ဆောက်ဖို့အတွက်ဆိုရင်တော့ ပရိုဂရမ်ဆွဲတတ်ဖို့ (coding ရေးတတ်ဖို့) မလိုပါဘူး။ သာမန် chatbot Builder တစ်ခုကို သုံးပြီး drag and drop လုပ်တတ်ရုံနဲ့ သင့်ရဲ့ Facebook page အတွက် Chatbot တစ်ခုကို တည်ဆောက်လို့ရပါတယ်။

 

<<< Zawgyi >>>

 

Marketing သမားေတြနဲ႔ လုပ္ငန္း႐ွင္ေတြအတြက္ေတာ့ Social Media ေပၚမွာ Reach မ်ားမ်ားရဖို႔၊ Lead Generation မ်ားမ်ားရဖို႔၊ Conversion Rate တက္ဖို႔ စတာေတြက အေရးႀကီးပါတယ္။

ဒါေတြတင္မကပါဘူး။ ကိုယ့္မွာ႐ွိထားတဲ့ မားကက္တင္းဘတ္ဂ်က္ကို cost နည္းနည္းနဲ႔ ထိေရာက္မႈမ်ားမ်ားရေအာင္ လုပ္ႏိုင္ဖို႔ကလည္း အေရးႀကီးပါေသးတယ္။

ခုေနာက္ပိုင္းမွာေတာ့ Social Media Marketing လုပ္ရာမွာ Facebook ပုိင္ app တစ္ခုျဖစ္တဲ့ Messenger ေပၚမွာ ေၾကာ္ျငာေတြ run တဲ့ Messenger Marketing ကိုလည္း အသံုးမ်ားလာၾကပါတယ္။ ဒါကလည္း လူဦးေရ သန္းတစ္ေထာင္ေက်ာ္ေလာက္ လက္႐ွိသံုးစြဲေနတဲ့ Messenger က မားကက္တင္းသမားေတြအတြက္ ပစ္မွတ္ေကာင္းတစ္ခု ျဖစ္လာလို႔ပါပဲ။ Bid strategy မွန္မွန္၊ Targeting ေကာင္းေကာင္းနဲ႔ Messenger Marketing Campaign တစ္ခုကို run ႏိုင္မယ္ဆိုရင္ ကုန္က်စရိတ္အသက္သာဆံုးနဲ႔ အထိေရာက္ဆံုး ျဖစ္ေစႏိုင္ပါတယ္။

၁။ Algorithm အေျပာင္းအလဲ

ဒီႏွစ္အေစာပိုင္းမွာ Facebook ရဲ႕ Algorithm က မိသားစုဝင္ေတြနဲ႔ သူငယ္ခ်င္းမိတ္ေဆြေတြရဲ႕ Content ေတြကို newsfeed ေပၚမွာ ဦးစားေပးအျဖစ္ ျပေပးမယ္ဆိုၿပီး ေျပာင္းလဲလိုက္တဲ့အတြက္ Facebook ေပၚမွာ ad ေတြ run ရတာလည္း နည္းနည္းၾကပ္လာပါတယ္။ လူေတာ္ေတာ္မ်ားမ်ားက Facebook ေပၚမွာ ad run ဖို႔ကိုပဲ အာ႐ံုစိုက္ေနတဲ့အတြက္ aution ေအာင္ဖို႔ (Target audience တစ္ခုတည္းကို ပံုစံတူ product ႏွစ္ခုက ေၾကာ္ျငာၿပိဳင္ျပရာမွာ မိမိရဲ႕ ေၾကာ္ျငာက သံုးစြဲသူေ႐ွ႕ကို ဦးစြာေရာက္႐ွိသြားျခင္း) ပိုက္ဆံပိုသံုးရတာေတြ၊ Aution မေအာင္တာေတြ ျဖစ္လာႏိုင္ပါတယ္။ အခုအခ်ိန္မွာ ေၾကာ္ျငာသမားေတြ သိပ္မသံုးေသးတဲ့ Facebook Messenger ကေန ad run ျခင္းကို သံုးမယ္ဆိုရင္ေတာ့ Engagement နဲ႔ visibility ပိုၿပီးတက္လာႏိုင္သလို cost per optimization event လည္း ပိုေကာင္းႏိုင္ပါတယ္။

၂။ Legacy Ad ေတြထက္ ပိုမိုထိေရာက္မႈ႐ွိျခင္း

Social Media သမား ေတာ္ေတာ္မ်ားမ်ား Lead generation ad ေတြ၊ Website Traffic ad ေတြ၊ Engagement ad ေတြ run ဖူးၾကမွာပါ။ ဒါေတြက Legacy ad ေတြ ျဖစ္သြားပါၿပီ။ တကယ့္တကယ္တမ္းမွာ အဲဒီ ad ေတြက လုပ္ငန္း႐ွင္ေတြအတြက္ တကယ္ထိေရာက္တဲ့ conversion ေတြကို ေပးႏိုင္ဖို႔ မလြယ္ေတာ့ပါဘူး။ ဥပမာ lead generation ad run မယ္ဆိုရင္ customer information ေတြကို ရႏိုင္တာမွန္ေပမယ့္ အခ်ိန္နဲ႔တေျပးညီ customer relationship လုပ္လို႔မရပါဘူး။ Messenger Marketing ကေတာ့ အဲဒီဟာကြက္ကို ျဖည့္ဆည္းေပးႏိုင္တဲ့အတြက္ ပိုၿပီးထိေရာက္တယ္လို႔ ဆိုႏုိင္ပါတယ္။

၃။ Mass Message ပို႔လႊတ္ႏိုင္ျခင္း

Email Marketing လုပ္မယ္ဆိုရင္ Email address ေတြအမ်ားႀကီးကို အရင္ဆံုး႐ွာေဖြ စုေဆာင္းၿပီးမွ မိမိတို႔ ေပးခ်င္တဲ့ promo campaign ဒါမွမဟုတ္ ad copy ကို Email ကတဆင့္ ပို႔လႊတ္ရပါတယ္။ Messenger Marketing မွာလည္း ဒီလို function ႐ွိပါတယ္။ Message တစ္ေစာင္တည္းကို ကိုယ့္ရဲ႕ business contact list ထဲက အေကာင့္ေတြအမ်ားႀကီးဆီကို တစ္ခ်ိန္ထဲမွာပဲေရာက္ေအာင္ broadcast လုပ္ႏုိင္ပါတယ္။ ဒီနည္းလမ္းက Product အသစ္ေတြ lauch လုပ္တဲ့အခ်ိန္မွာ အထူးအသံုးဝင္မယ့္ နည္းလမ္းမ်ိဳးပါ။

 

အစၥေရး မွ Tremor International က News Corp မွ Ad unit ဝယ္ယူ

 

၄။ Chatbot မွတဆင့္ Subscriber Report လုပ္ေပးႏိုင္ျခင္း

Facebook Messenger ကတဆင့္ ad run လႊတ္ျခင္းက လက္႐ွိအခ်ိန္မွာေတာ့ Open Rate မ်ားေနပါတယ္။ Customer ကို ေသခ်ာ cares လုပ္ခ်င္တဲ့သူေတြက CRM သမားေတြငွားၿပီး ad followup လုပ္ၾကသလို Mobile Monkey တို႔၊ Chat Fuel တို႔လို ဝန္ေဆာင္မႈေတြနဲ႔ Chatbot ကိုလည္း တပ္ဆင္လို႔ရပါတယ္။ Chatbot ေတြက ဘာေကာင္းလဲဆိုေတာ့ Lead Generation ေကာက္သလိုပဲ ေန႔စဥ္ Subscriber list ကို မွတ္တမ္းတင္ၿပီး ခင္ဗ်ားကို report လုပ္ေပးနိုင္ပါတယ္။ ေနာက္ၿပီးေတာ့ ၂၄ နာရီလံုး ဘယ္အခ်ိန္လာေမးေမး မိမိကိုယ္စား reply ျပန္ေပးႏိုင္ပါတယ္။ ဒါကလည္း Messenger Marketing ရဲ႕ ေကာင္းက်ိဳးတစ္ခုပါ။

၅။ Autoresponder Campaign လုပ္ႏိုင္ျခင္း

Facebook နဲ႔ Messenger ကို ခ်ိတ္လို႔ရတဲ့ နည္းလမ္းေနာက္တစ္ခုကေတာ့ “Comment-to-messenger” bot ေဆာက္တာပါပဲ။ မိမိတို႔ရဲ႕ Page မွာ Content တစ္ခု Create လုပ္၊ ၿပီးေတာ့ Follower ေတြကို Comment ေပးခိုင္းၿပီး Messenger ကေန Comment ေပးသူတိုင္းဆီကို auto message ပို႔လႊတ္ေပးတာမ်ိဳးပါ။ ဒီနည္းလမ္းကလည္း Legacy Lead Generation ad ေတြကို ဖုန္ေတာထဲမွာ က်န္ရစ္ေစမယ့္ Messenger Marketing Campaign တစ္မ်ိဳးပါ။ ဥပမာ… ကိုယ္က စာအုပ္ေရာင္းတယ္ဆိုပါေတာ့။ Post မွာ “Leo’s Storytelling Guidelines” ဆိုတဲ့ Keyword ကို လူတိုင္းကုိ Comment ေပးခိုင္းလိုက္တာနဲ႔ ကိုယ့္ရဲ႕ promo စာသားကို အဲဒီ Keyword လာမန္႔တဲ့လူတိုင္းဆီကို Messenger ကတဆင့္ ပို႔ေပးႏိုင္တာမ်ိဳး။ အဲဒီမွာမွ လာမန္႔တဲ့သူေတြ သိခ်င္တဲ့ အေသးစိတ္ေမးခြန္းေတြ (ေစ်းႏႈန္းတို႔၊ ဘယ္မွာဝယ္ရမလဲတို႔) ကို ဆက္ေျဖေပးႏိုင္ပါတယ္။

၆။ လူကိုယ္တိုင္လည္း အခ်ိန္မေ႐ြး Customer Service ေပးႏိုင္ျခင္း

Chatbot ေတြက Social Media Marketing မွာ အေရးႀကီးတဲ့ အစိတ္အပိုင္းတစ္ခုျဖစ္တဲ့ Customer Service အပိုင္းကို တစ္တပ္တစ္အား ကူညီေပးႏိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔က Customer ေတြ သိလိုသမွ်ကို လူသား Operator တစ္ေယာက္ရဲ႕ အကူအညီမပါဘဲ အခ်ိန္္မေရြး ေျဖေပးႏိုင္လို႔ပါပဲ။ ဒါေပမယ့္ တခ်ိဳ႕ေမးခြန္းေတြက်ေတာ့ Chatbot ေတြလည္း ေျဖရခက္ခဲႏိုင္ပါတယ္။ အဲဒီလို ခက္ခဲ႐ႈပ္ေထြးတဲ့ ေမးခြန္းေတြကို လူသား Operator တစ္ေယာက္က အခ်ိန္မေ႐ြး ဝင္ေရာက္ေျဖဆိုေပးႏိုင္တာကလည္း Messenger Marketing ရဲ႕ အားသာခ်က္တစ္ခုပါပဲ။ လူသားနဲ႔ Chatbot ပူးေပါင္းၿပီး Customer Service ေပးျခင္းက လုပ္ငန္းတိုးတက္ဖို႔အတြက္ အေကာင္းဆံုးလုပ္ေဆာင္ခ်က္ပါပဲ။

၇။ Coding ေရးတတ္စရာမလိုဘဲ Chatbot တည္ေဆာက္ႏိုင္ျခင္း

ဝက္ဘ္ဆိုက္ေရးဆြဲတာတို႔၊ app ေရးတာတို႔ဆိုရင္ Developer ေတြ၊ Programmer ေတြရဲ႕ အကူအညီကို လိုအပ္ပါတယ္။ Messenger မွာ chatbot ေတြ တည္ေဆာက္ဖို႔အတြက္ဆိုရင္ေတာ့ ပ႐ိုဂရမ္ဆြဲတတ္ဖို႔ (coding ေရးတတ္ဖို႔) မလိုပါဘူး။ သာမန္ chatbot Builder တစ္ခုကို သံုးၿပီး drag and drop လုပ္တတ္႐ံုနဲ႔ သင့္ရဲ႕ Facebook page အတြက္ Chatbot တစ္ခုကို တည္ေဆာက္လို႔ရပါတယ္။

 

Myanmar Advertising Directory

Published in Digital Marketing