-->
×

Warning

JUser: :_load: Unable to load user with ID: 29


အာရှတိုက်ရဲ့ PR Awards စာရင်းတွင် ပါဝင်သည့် မြန်မာပြည်ရဲ့တစ်ခုတည်းသော ERA Myanmar

၂၀၂၀ ခုနှစ်ရဲ့ အာရှ PR Awards ဇကာတင်စာရင်းထွက်ရှိလာခဲ့ပါပြီ ထိုဇကာတင်စာရင်းတွင် မြန်မာ နိုင်ငံမှ တစ်ခုတည်းသော PR Agency ဖြစ်တဲ့ ERA Myanmar မှပါဝင်ခဲ့ပါတယ်။

 

ထို Asia PR Awards တွင် Consultancy, Individual/team နဲ့ Grand Prix ဆိုပြီး အမျိုးအစား အမယ်များခွဲထားပါတယ်ထို့အပြင် Campaign အမျိုးအမည်ကို တော့ ၃၃ ခုခွဲထားပြီး ( နယ်ပယ်အလိုက် နှစ်တစ်နှစ်ရဲ့ အကောင်းဆုံး PR Campaign ၆ ခု အပါအဝင် ) ဇကာတင် စာရင်းကို ထုတ်ပြန်ခဲ့တာပါ။

 

ဆုရရှိတဲ့ စာရင်းကိုတော့ ဇွန်လ ၁၁ ရက်နေ့ ( ကြာသပတေးနေ့ ) မှာ Campaign အမျိုးအမည် တွေအတွက် ဆု ကြေညာမှာဖြစ်ပြီး ဇွန်လ ၁၂ ရက်နေ့ ( သောကြာနေ့ ) မှာ Consultancy, Individual/team နဲ့ Grand Prix တို့ရဲ့ ဆုတွေကိုကြေညာသွားမှာပါ။ထိုဆုပေးပွဲကို ကြီးမှုးကျင်းပသူကတော့ Campaign Asia-Pacific ၊ PR Week နှင့် the PR Awards Asia တို့မှ ၎င်းတို့ရဲ့ ၁၉ နှစ်တာ လျောက်ခဲ့တဲ့ ခရီးကို အမှတ်သညာ ပြုရင်း ကျင်းပတာပါ။

 

ထို ဇကာတင်စာရင်းထဲမှာပါတဲ့ မြန်မာ ပြည်မှတစ်ခုတည်းသော PR Agency ကတော့ ERA Myanmar ပါပဲ။ERA Myanmar ကို မြန်မာ့ထိပ်သီး PR firm တစ်ခုဖြစ်တဲ့ Echo နဲ့ Digital agency ဖြစ်တဲ့ RevoTech တို့မှ ဖန်တီးခဲ့တာပါ။ဝန်ထမ်းပေါင်း ၉၀ လောက်နီးနီးရှိတယ်သိရပါတယ်။လက်ရှိမှာလဲ အပြည်ပြည်ဆိုင်ရာ Campaign ဆုများ ၂၀ ကျော်ရရှိထားကာ အေဂျင်စီ ဆု ၅ ဆု နှင့်အထက်ရရှိထားတဲ့ ကမ္ဘာ့အသိအမှတ်ပြု လုပ်ငန်းစုတစ်ခုပါ။

 

Client တွေစိတ်ကြိုက်လုပ်ပေးနိုင်တဲ့ အေဂျင်စီတစ်ခုဖြစ်တဲ့ အပြင် တီထွင်ဖန်တီးမှု့ စွမ်းရည်က အတော်လေး ကွာပြားဆန်းသစ်ပါတယ်။နိုင်ငံတကာ အဆင့်မှီ Service ပေးတယ်သိရပြီး PR service ၊ ကြော်ငြာ စာစုဖန်တီးခြင်း ၊ ဗီဒီယို ထုတ်လုပ်ခြင်း ၊ ကျော်ကြားသူများ စီမံခန့်ခွဲရေး ၊ ဆိုရှယ်မီဒီယာ နှင့်ပတ်သက်သော Service များ ၊ တီထွင်ဖန်တီးမှု့ ကိစ္စ ရပ်များ ၊ ကြော်ငြာ ပိုင်းဆိုင်ရာ ကိစ္စ ရပ်များ ကို လုပ်ကိုင်ဆောင်ရွက်ပေးတယ်သိရပါတယ်။

 

Era Myanmar ရဲ့ Managing Director ကတော့ Anthony Larmon ဖြစ်ပြီး Account Director ကတော့ Burhan Omar ဖြစ်ပြီး Senior Account Manager အဖြစ် Su Shwe Yee Htun (Jerry) တို့မှ တာဝန်ထမ်းဆောင်နေတယ်သိရပါတယ်။
လက်ရှိမှာ ၎င်းတို့ လုပ်ငန်းမှ ကျွမ်းကျင်တဲ့ နယ်ပယ်တွေကတော့ နာမည်ထိမ်းသိမ်းခြင်းကိစ္စ ၊ ကြော်ငြာစာစုရေးသားခြင်း ၊ စားသောက်ကုန်နှင့် ယမကာ ၊ ဟော်တယ်နှင့် ခရီးသွား ၊ နည်းပညာပိုင်းဆိုင်ရာ စတာတွေပါ။

 

ထို့အပြင် ERA Myanmar က Uniliver နှင့် အလုပ်တွဲလုပ်ခဲ့တာ ၃ နှစ်နီးပါးရှိပါပြီ ၊ ၂၀၁၉ မှာမှ PR Brand Partner အဖြစ်တွဲလုပ်ခဲ့တာပါ အဲ့ကမှစ KOL marketing တွေ ၊ PR ကိစ္စ ဆိုရှယ်မီဒီယာ ရပ်တွေတွဲဖက်လုပ်ကိုင်တယ်သိရပါတယ်။ သည့်အပြင် ERA Myanmar က Coca Cola Myanmar နှင့်လဲ အမိုက်စားကြော်ငြာ Campaign တွေတွဲဖက်လုပ်ကိုင်တယ်သိရပါတယ်။

 

<<< Zawgyi >>>

 


------------------------------------------------------------------------------------------------------------------------

 


 


 


 


 


 


 

Myanmar Advertising Directory 

Read times
Rate this item
(0 votes)