-->
×

Warning

JUser: :_load: Unable to load user with ID: 29


တနင်္ဂနွေရုံးပိတ်ရက်မှာငွေနည်းနည်းနဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ချင်ပါသလား

တနင်္ဂနွေရုံးပိတ်ရက်မှာငွေနည်းနည်းနဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ချင်ပါသလား Google

ကိုယ်ကအလုပ်တစ်ဖက်နဲ့မို့လို့ ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်ပေမယ့် မအားဘူးဖြစ်နေတယ်။

အရင်းအနှီးကလည်း အများကြီးအကုန်မခံနိုင်ဘူးဆိုရင်တော့ သင်အပိုင်ဆုံး စားစရာတစ်မျိုး ချက်ပြီး ပို့တဲ့အလုပ်လုပ်ကြည့်ပါ။ လိုအပ်အချက်အလက်တွေကိုတော့ အောက်မှာဖော်ပြပေးလိုက်ပါတယ်။

၁။ တစ်ရက်ထဲရောင်းမယ်

တစ်ပတ်လုံး နည်းနည်းချင်းရောင်းမယ့်အစား တစ်ရက်ထဲအားလုံးစုရောင်းတာက ပိုအဆင်ပြေပါတယ်။ ဘာကြောင့်လဲဆိုရင် လူတွေက Limited ဖြစ်တဲ့ Product မျိုးကို ပိုစိတ်ဝင်စားကြလို့ပါ။ ကြိုက်တဲ့အချိန်ဝယ်လို့မရဘူး၊ ဒီတစ်ရက်ထဲ ကြိုမှာထားရမယ်ပေါ့။ ဒါဆိုရင်တော့ ရုံးလဲပျက်စရာမလိုသလို အပိုဝင်ငွေလဲရပါတယ်။

၂။ ကိုယ်ရောင်းမယ့် Product ကို စဉ်းစားပါ

သင့်ကြိုက်တဲ့ Product ကိုရောင်းလို့ရပါတယ်။ ဒါပေမယ့် ဈေးအသင့်အတင့်ရှိတဲ့ ပစ္စည်းမျိုးကို အနည်းဆုံးရောင်းပါ။ ဘာကြောင့်လဲဆိုတော့ ဈေးကြီးတဲ့ပစ္စည်းတွေကိုရောင်းမယ်ဆိုရင် အများကြီးလုပ်ရမှာမို့လို့ပါ။ နောက်တစ်ခုက ဟင်းပွဲ အရွယ်အစားနဲ့ သယ်ယူပို့ဆောင်ရေး လွယ်ကူမှုကိုလည်း စဉ်းစားသင့်ပါတယ်။ ဥပမာ တရုတ်ကောင်ညှင်းထုပ်

၃။ ဘယ်နေရာတွေမှာကြော်ငြာမလဲ

Social Media တွေ အများကြီးဆိုပေမယ့် အသင့်တော်ဆုံးကတော့ Facebook ပါ။ သင့်ရဲ့ကိုယ်ပိုင်အကောင့်ကနေလည်း စလို့ရပေမယ့် ရေရှည်အတွက် business လုပ်ကိုင်မယ်ဆိုရင်တော့ Business Page လုပ်စေချင်ပါတယ်။

Startup လုပ်ကိုင်မယ့်လူငယ်တွေ အခက်အခဲတွေရှိလာတဲ့အခါ ဘယ်လိုဖြေရှင်းသင့်လဲ

၎။ ဘယ်သူ့ကိုပို့ခိုင်းရမလဲ

အခုခေတ်မှာ Delivery Service တွေ အလွန်အမင်းပေါများနေပါပြီ။ ၂ထောင်လောက်ဆိုရင် ရန်ကုန်မြို့အတွင်းကိုပို့ခိုင်းလို့ရပါတယ်။ ၁ ရက်တည်းမှာ စုပို့ရမှာဖြစ်လို့ Part Time ဝန်ထမ်း ၁ ယောက် အကူအညီထားမယ်ဆိုရင်တော့ ပိုအဆင်ပြေပါတယ်။

၅။ ငွေဘယ်လောက်ရင်းနှီးမှာလဲ

ကိုယ်ရောင်းချင်တဲ့ Product ပေါ်မှာပဲမှုတည်ပါတယ်။ ဒါပေမယ့် Order က အရင်တက်တယ်။ ပြီးမှဝယ်ခြမ်း ချက်ပြုတ်ရတာမို့ ဈေးဆိုင်တွေလို အလဟသ ဖြစ်ဖို့ အလွန်ခဲယဉ်းပါတယ်။ တစ်နည်းအားဖြင့် ဝယ်သူသေချာမှ ရင်းနှီးရတာဖြစ်ပါတယ်။

၆။ အချိန်ဘယ်လောက်အတွင်း စနိုင်လဲ

အခုလုပ်ချင်ရင်လဲ ချက်ချင်းထလုပ်နိုင်တဲ့ လုပ်ငန်းမျိုးပါ။ ကိုယ်ကိုယ်တိုင်စမ်းသပ်ချက်ကြည့်ပြီး အိမ်ကမိသားစု မိတ်ဆွေတွေကို ကျွေး၊ သဘောထားတောင်းမယ်ဆိုရင်တော့ ၃-၄ ရက်၊ အများဆုံး ၁ ပါတ်ပေါ့။

၇။ သူများတွေထက် အောင်မြင်အောင် ဘယ်လိုလုပ်ရမလဲ

Item တစ်ခုတည်းကို အရင် Focus ထားပါ။ Online မှာ အအောင်မြင်ဆုံး အစားအသောက်လုပ်ငန်းဖြစ်စရာမလိုပါဘူး။

၈။ Quality နဲ့ Service ကို ဦးစားပေးပါ

ဈေးရောင်းနေသူအချို့ဟာ ဈေးသက်သက်သသာနဲ့စေတနာထားပြီးတော့ ရောင်းကြပါတယ်။ ဒါပေမယ့် ရေရှည်ကျတော့ ရတဲ့ဈေးကြောင့် Quality and Service ကို ပေးဖို့ခက်ခဲပါတယ်။ ကျေနပ်စရာကောင်းတဲ့ Quality and Service အတွက် တန်ဖိုးကြီးကြီးပေးပြီး ဝယ်ချင်ကြတဲ့ ဖောက်သည်တွေ သင့်ကို စောင့်နေကြပါတယ်။


Myanmar Advertising Directory

Read times
Rate this item
(0 votes)