-->
×

Warning

JUser: :_load: Unable to load user with ID: 29


TikTok ရဲ့ အရှေ့တောင်အာရှထိပ်သီးညီလာခံ

TikTok ရဲ့ အရှေ့တောင်အာရှထိပ်သီးညီလာခံ Google

ဗီဒီယိုကားတို ဆိုရှယ်မီဒီယာ TikTok က အရှေ့တောင်အာရှမှာ ၎င်းရဲ့ပထမဆုံးအကြိမ်ဖြစ်သော မားကက်တင်းကွန်ဖရင့်ကို ကျင်းပခဲ့ပါတယ်။

ဆိုရှယ်မီဒီယာတွေနဲ့မကင်းနိုင်တဲ့ မားကက်တင်းသမားတွေအဖို့ ဘာတွေသိထားဖို့ လိုမလဲဆိုတာ တင်ပြမှာပါ။ စင်ကာပူနိုင်ငံ မာရီနာဘေးမှာကျင်းပခဲ့တဲ့ ညီလာခံမှာ TikTok ရဲ့ အသစ်ကျပ်ချွတ်ကြော်ငြာကမ်းလှမ်းမှုတွေကို ရှင်းလင်းတင်ပြပြီး အသိပေးခဲ့ပါတယ်။ Brand သမားတွေနဲ့ ကြော်ငြာအေဂျင်စီတွေအတွက်ရည်ရွယ်ပြီး တင်ပြပေးခဲ့တာဖြစ်ပါတယ်။ TikTok ရဲ့ ကြော်ငြာမှာ အချက်(၂ )ချက်ကို အခြေခံထားပါတယ်။ တစ်ခုကဗီဒီယိုကားတို ဖန်တီးမှု၊ နောက်တစ်ခုက ဖန်တီးမှုမှာ ပင်ကိုအရည်အသွေး ရှိတဲ့သူတွေကိုလှမ်းဆွဲယူပြီး သုံးစွဲခြင်းဖြစ်ပါတယ်။

အသွားချွန် ၃ ခုပါတဲ့ ခရင်းခွ
***************************
ByteDance လို့ အတိုကောက်ဖြင့် သိကြတဲ့ Beijing ByteDance Technology Co Ltd ဟာ တရုတ်နိုင်ငံမှ နည်းပညာကုမ္ပဏီဖြစ်ပြီး video-sharing mobile app TikTok ဟာ သူ့ရဲ့ အောင်မြင်တဲ့ထုတ်ကုန်တဲ့တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပြီး ငွေဝင်လမ်းတွေရဖို့အတွက် မဟာဗျူဟာကို ခင်းကျင်းလိုက်ပါတယ်။ သုံးစွဲသူ အတွေ့အကြုံ (UX user experience) မှာ အခိုင်အမာပြုပြီး ကြော်ငြာအစီအစဉ်ကို ဒီဇိုင်းထုတ်ထားတယ်။ အဲဒီအတွက် အသွားချွန် သုံးခုပါတဲ့ ခရင်းခွ (ကောက်ဆွ) နည်းလမ်းကိုသုံးစွဲထားတယ်။
(၁) brand များနဲ့ လုပ်ကိုင်ခြင်း
(၂) ဖန်တီးသူများနဲ့ လုပ်ကိုင်ခြင်း
(၃)အရပ်ဒေသအလိုက် တင်ပြခြင်း

စင်ကာပူမှာ တင်ခဲ့တဲ့ campaign တွေမှာ ၂၀၁၉ ခုနှစ်တုန်းက
#Thisissingaporelah,
#Mypetslife နဲ့
#SGearthhour2019. #Thisissingaporelah တို့ အပါအဝင် ကြော်ငြာတွေမှာ ပရိသတ်က post တွေ တင်ကြတာ ၁၇၇၅ ခု ရှိခဲ့ပြီး ကြည့်ရှုကြိမ်ရေ ၁, ၅၄၆ , ၅၂၈ ရှိခဲ့ပါတယ်။

အရပ်ဒေသအရ brand campaign တွေ တင်ခဲ့တာမှာ တစ်ခုက 'hashtag challenge' ကြော်ငြာအမျိုးအစား #Killernotstupid ဖြစ်ပြီး ဒေသခံရုပ်ရှင်ဖန်တီးသူ Jack Neo နဲ့ ပူးပေါင်းလုပ်ကိုင်ခဲ့ပါတယ်။ အဲဒီအစီအစဉ်မှာ စိန်ခေါ်ထားတာက လက်ချောင်းနဲ့ ကကွက်ဆင်ပြီး ကပြရတာ ဖြစ်ပါတယ်။ အနိုင်ရတဲ့သူက Jack Neo ရိုက်ကူးတဲ့ Killer Not Stupid ရုပ်ရှင်ပွဲအတွက် လက်မှတ်နှစ်စောင် ချီးမြှင့်ပေးပါတယ်။ ဗီဒီယို ကားတိုတွေ ဦးတည်ရာ ပလက်ဖောင်းတွေမှာ TikTok က ဗီဒီယို မျှဝေတဲ့ အက်ပ်ဖြင့် ဦးဆောင်နေတယ်။ ဒီတော့ ကြော်ငြာပြီး ငွေဝင်လမ်း ဖန်တီးလို့ ရတယ်။ ဗီဒီယိုကားတိုနဲ့ ကြော်ငြာပုံ၊ ကြော်ငြာနည်းတွေကိုလည်း TikTok က အရံသင့် စီစဉ်ပေးထားတယ်။ လူကြိုက်အများဆုံးကတော့ 'hashtag challenge' ဖြစ်တာ တွေ့ရတယ်။

TikTok Ads မှာ senior director of global marketing and business solutions ရာထူးတာဝန် ထမ်းဆောင်နေတဲ့ Lionel Sim က “ကျနော်တို့ မွမ်းမံပေးနေတယ်။ ဆန်းသစ်တီထွင်မှုလည်း လုပ်နေတယ်။ ကြော်ငြာရှင်တွေနဲ့ လုပ်ငန်းတွေ campaign လုပ်တဲ့အခါမှာ ကျနော်တို့ ထိထိရောက်ရောက် ကူညီပေးနိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဗီဒီယိုဖန်တီးပြီး တင်ပေးကြမယ့် ပရိသတ်နဲ့ ဘယ်လိုလက်တွဲမလဲ။ ဘယ်လိုပူးပေါင်း ဖန်တီးမလဲဆိုတာအတွက် ဆန်းသစ်တီထွင်တဲ့ နည်းလမ်းတစ်ခု ရဖို့ ကူညီပေးဖို့ ဖြစ်ပါတယ်”လို့ ပြောပြပါတယ်။ campaign တစ်ခုကို ချပြဖို့အတွက် ပေါင်းစပ်ပါဝင်ပုံတွေ အမျိုးမျိုးအဖုံဖုံရှိနေကြောင်းလည်း သူကရှင်းပြပါတယ်။

Read More>>>မိမိရဲ့ကုန်ပစ္စည်းကြော်ငြာအတွက် ဓာတ်ပုံဆရာရွေးချယ်တော့မယ်ဆိုရင်

ကြော်ငြာပုံစံများ
**************
TikTok မှာ အပေါက်ဆုံး ကြော်ငြာပုံစံခွက်ကတော့ hashtag challenge ဖြစ်ပါတယ်။ ဖန်တီးသူတွေနဲ့ brands တွေက ပလက်ဖောင်းပေါ်မှာ ဗီဒီယိုကနေတစ်ဆင့် ယှဉ်ပြိုင်ပွဲကို ချကျွေးတာဖြစ်ပါတယ်။ ဗီဒီယိုအတွက် တေးသီချင်းတစ်ခုကို ရွေးကြတယ်။ ပြီးရင် သတ်မှတ်ပေးထားတဲ့ hashtag တစ်ခုကို သုံးပြီး ကိုယ်ပိုင်ဗီဒီယိုကားတိုတစ်ခုကို TikTok သုံးစွဲသူတွေ ပြိုင်ပွဲဝင်ကြဖို့ စီစဉ်ပေးထားလိုက်တယ်။ ဥပမာအားဖြင့် ကုလသမဂ္ဂက #DanceForChange ဆိုတဲ့ hashtag challenge ကို ကျင်းပခဲ့တယ်။ လူစိတ်ဝင်စားမှု တိုးစေဖို့အတွက် အာဖရိကအနုပညာရှင်တွေကို အကူအညီရယူခဲ့တယ်။ အခုဆိုရင် ကြည့်ရှုကြိမ်ရေ သန်း ၉၀ ကျော်သွားပြီ ဖြစ်ပါတယ်။ #DanceforChange #GlobalGoals #ZeroHunger ဆိုတဲ့ hashtag တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားတယ်။

တိုင်းတာပုံ
****
TikTok မှာ ကြော်ငြာတာတော့ ဟုတ်ပါပြီ။ ထိရောက်မှုကို ဘယ်လိုတိုင်းတာရမလဲ။ ဘယ်လို ဆန်းစစ်သုံးသပ်ရမလဲ။ လောလောဆယ်မှာတော့ အစောပိုင်း အဆင့်တွေမှာပဲ TikTok ရှိနေပါသေးတယ်။ reach ဘယ်လောက် ရသလဲ။ engagement ဘယ်လောက်ရသလဲ။ အဲဒီ နှစ်မျိုးကိုပဲ တိုင်းတာလို့ ရပါတယ်။ နောက်ထပ် တိုင်းတာကြတာကတော့ ကြည့်ရှုကြိမ်ရေနဲ့ မြင်ကြိမ်ရေ impression တို့ ဖြစ်ပါတယ်။ အားသာချက်ကတော့ likes နဲ့ share လောက်နဲ့တင် ပြီးမသွားတဲ့ ဆိုရှယ်မီဒီယာ ဖြစ်နေတာ ဖြစ်ပါတယ်။ ချပေးလိုက်တဲ့ သီချင်းဂီတနဲ့ hashtag အရ သုံးစွဲသူတွေက ဗီဒီယိုတွေ ဖန်တီးပြီး အားတက်သရော ပါဝင်ဆင်နွှဲကြတာ ဖြစ်ပါတယ်။ ဒီတော့ စိတ်ပါဝင်စားမှုဟာ သာမန်ကာလျှံကာ မဟုတ်တာသေချာနေပါတယ်။

Myanmar Advertising Directory

Read times
Rate this item
(1 Vote)