-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဆိုရှယ်မီဒီယာမတ်ကက်တင်းမှာ Marker တွေ လွဲမှားနေတဲ့အချက်များ

ဆိုရှယ်မီဒီယာမတ်ကက်တင်းမှာ Marker တွေ လွဲမှားနေတဲ့အချက်များ Google

လူမှု့မီဒီယာပေါ်တွင် ဈေးကွက်ရှာဖွေခြင်းဟုခေါ်သော Social Media Marketing ကို ယနေ့ခေတ်မှာဆိုရင်တော့ လူတိုင်းလုပ်ဆောင်နေကြပြီပဲဖြစ်ပါတယ်။

လူတိုင်းနီးပါးဟာ မိမိတို့၏ ကုန်ပစ္စည်းအမှတ်တံဆိပ်ကို အချိန်တိုအတွင်း လျင်မြန်စွာထိုးဖောက်နိုင်ဖို့အတွက် Facebook, Twitter, Instagram စသဖြင့် Social Platform များစွာအား အသုံးပြုပြီး ကြော်ငြာနေကြပါတယ်။ ဒါပေမယ့် အချို့လုပ်ငန်းငယ်များနဲ့ စီးပွားရေးလုပ်ငန်းတစ်ချို့ဟာ Social Media ပေါ်မှာထင်သလောက် ပေါက်မြောက်အောင်မြင်ခြင်းမရှိဘဲ ကျရှုံးလျက်ရှိပါတယ်။ ဒါတွေဟာ ဘာကြောင့်လဲဆိုတာကို ပြန်လည်စမ်းစစ်ဖို့လိုအပ်လာပါပြီ။ ဒါကြောင့် Social Media Marketing တွင် Marketer အချို့ရဲ့လွဲမှားနေတဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Social Media Marketing မှာ Strategy မရှိခြင်းဟာ ကျရှုံးမှုရဲ့ လမ်းစတစ်ခုပါ။

Social Media Marketing ကို စတင်လုပ်ဆောင်တော့ မည်ဆိုပါက ပထမဦးစွာ သင့်စီးပွားရေးနယ်ပယ်၊ ထုတ်ကုန်နှင့် သင့် Products အား ဝယ်ယူသုံးစွဲနိုင်မည့် Audience ကိုသေချာစွာ သိရှိပြီး ၄င်းတို့ကို ချဉ်းကပ်ရန်အတွက် တိကျသော Social Media Marketing Strategy တစ်ခုလိုအပ်ပါတယ်။ ကုမ္ပဏီအများစုဟာ တိကျသော Social Media Marketing Strategy မရှိဘဲ စတင်လုပ်ဆောင်လေ့ရှိပါတယ်။

ဥပမာ တစ်ခုအနေဖြင့် ပြသရမည်ဆိုပါက ပထမဦးစွာ A သည် Social Media ပေါ်မှာ Facebook Page တစ်ခုဖွင့်လိုက်ပါတယ်။ ထို့နောက် Profile အားစတင်မိတ်ဆက်ပြီး များစွာ Post များဖြင့် ၄င်းတို့၏အကြောင်းအရာအား စဉ်ဆက်မပြတ်စတင် ကြော်ငာပါတော့တယ်။ ရက်သတ္တပတ် အနည်းအငယ်ကြာပြီးနောက် မှာဆိုရင်တော့ ဆွဲဆောင်မှုမရှိသော Content များထပ်ကာတစ်လည်းလည်း တင်ခြင်း (သို့) မည်သည့်အကြောင်းအရာမှ မတင်ဘဲနဲ့ ရပ်တန့်သွား ဖြင်းစသဖြင့် စတဲ့ အကြောင်းအရာများနဲ့ပဲ အဆုံးသတ်သွားလေ့ရှိကြပါတယ်။

ဒါကြောင့် ပထမဦးဆုံးခြေလှမ်း တစ်ခုအနေနဲ့ Social Media Marketing ကို စတင်လုပ်ဆောင်မည်ဆိုပါက Strategy တစ်ခုရှိနေဖို့လိုပါတယ်။ Social Media Marketing Plan တစ်ခုကိုတည်ဆောက်မည်ဆိုပါက အောက်ပါအချက်လေးတွေကို ကြိုတင်စဉ်းစားဖို့လိုအပ်ပါတယ်။ ပထမဆုံးအချက်အနေနဲ့ သင်ဟာဘယ်လို Social Media မျိုးကိုသုံးပြီး သင့်ကုန်ပစ္စည်းကို ပေါက်အောင်လုပ်သင့်သလဲ? Like နဲ့ Follower ဘယ်လောက်ရဖို့လိုအပ်သလဲ? ဘာကြောင့်လဲ? နောက်ထပ်ရောင်းချဖို့ ဈေးကွက်အသစ်တွေကို ဘယ်လိုရှာဖွေမလဲ? သင့်ရဲ့ Brand Authority ကို ဘယ်လိုတည်ဆောက်မလဲ? ဆိုတာတွေကို သိရှိဖို့လိုအပ်ပါတယ်။ ဒါကြောင့် Social Media Marketing Strategy တွင်…

၁။ Goal (ပန်းတိုင်)
၂။ Target Audience (ပစ်မှတ်)
၃။ Tactics (နည်းပရိယာယ်)
၎။ Time investment (အချိန်ရင်းနှီးမြုပ်နှံမှု) နဲ့
၅။ Team (အသင်းအဖွဲ့) စတဲ့ အချက်တွေကို သေချာစွာရေးဆွဲထားခြင်းဖြင့် အောင်မြင်သောဈေးကွက်တစ်ခုကို ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။

နည်းစနစ်မှန်ကန်စွာ အသုံးပြုပါက Social media ဟာ အချိန်နှင့်အမျှအကျိုးပြုနေတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ Social Media မှာအောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့အတွက် ရည်ရွယ်ချက်နဲ့ပန်းတိုင် ထားရှိရမည့်အပြင် ထိုပန်းတိုင်သို့ရောက်ရှိနိုင်သော နည်းလမ်းများကိုလည်း အစဉ်တစ်စိုက် ရှာဖွေဖန်တီးဖို့လိုအပ်ပါတယ်။ ဒ့ါအပြင် အချိန်အကန့်အသတ်ဖြင့် တိုင်းတာကြိုးစားခြင်းအားဖြင့် သင့်ရည်မှန်းချက်ပန်းတိုင်အား ပြိုင်ဘက်များထက် ပိုမိုလျင်မြန်စွာ ရောက်ရှိစေမှာ ဖြစ်တာကြောင့် လမ်းမှန်ကမ်းမှန်ဖြင့် ကြိုးစားနိုင်ကြပါစေကြာင်း ဆန္ဒပြုလိုက်ပါတယ်။

Read More>>>Google မှာ ကြော်ငာရွေးချယ်ပြသနိုင်မယ့်နည်းစနစ်များ


Credit; Digital Marketing

 

Read times
Rate this item
(0 votes)