-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်ကြော်ငြာဝက်ဆိုက်ဒ်ခိုးယူမခံရဖို့ မဖြစ်မနေသိထားသင့်တဲ့ security များ

သင့်ကြော်ငြာဝက်ဆိုက်ဒ်ခိုးယူမခံရဖို့ မဖြစ်မနေသိထားသင့်တဲ့ security များ Google

Website လုံခြုံရေးကအလွန်အရေးကြီးပါတယ်။ ယခုခေတ်ကြီးမှာဆိုရင် Hackers တွေကများလာပြီဆိုတော့ Website ကိုလုံခြုံရေးကောင်းအောင်ထားဖို့ လိုအပ်ပါတယ်။

Hacker တွေက user information နှင့် passwords ကိုခိုးယူနိုင်တယ်။ အဲဒီအတွက်ကြောင့် website ကိုလုံခြုံဖို့ ကအရေးကြီးပါတယ်။ အောက်မှာတော့ WordPress site တွေအတွက် သိထားသင့်တဲ့ security များကို ဖော်ပြပေးမှာပဲဖြစ်ပါတယ်။

Keeping WordPress updated

Word-press က open source software ဖြစ်တယ်။ ပုံမှန် update လည်းလုပ်တယ်။ WordPress site မှာဆိုရင် plugins နှင့် themes တွေအများကြီးရှိတယ်။ သင့်ကြိုက်တဲ့ plugins နှင့် themes ကို install လုပ်ပြီးသုံးနိုင်ပါတယ်။ အရေးကြီးတာကသင့်ရဲ့ WordPress core, plugins နဲ့ themes တွေကိုပုံမှန် update လုပ်တာဖြစ်တယ်။ WordPress update လုပ်တာလုံခြုံရေးအတွက်ကောင်းပါတယ်။

Keep strong passwords

WordPress site မှာ hacking အများဆုံးက passwords ခိုးယူတာဖြစ်တယ်။ အဲဒီအတွက်ကြောင်းသင့်ရဲ့WordPress admin area passwords ကို hackers’ တွေ မ hack နိုင်အောင် အခက်ခဲဆုံး password ကိုထားပါ။ သင့်ရဲ့ WordPress hosting account passwords ကိုလည်း လုံခြုံရေးအတွက်အခက်ခဲဆုံးကိုထားပါ။

The role of WordPress hosting

သင့်ရဲ့ WordPress site လုံခြုံရေးအတွက် web hosting ကအလွန်အရေးကြီးပါတယ်။ ကောင်းတဲ့ hosting ကုမ္ပဏီတွေက website security ကောင်းအောင်လုပ်ပေးတယ်။ ပြီးရင် website ကိုလည်း လုံလုံခြုံခြုံထားပေးတယ်။ ကောင်းတဲ့ hosting ကုမ္ပဏီတွေ က bluehost နှင့် siteground တို့ ဖြစ်တယ်။ hosting ဝယ်တဲ့အချိန်မှာ လုံခြုံရေးကောင်းတဲ့ hosting company မှာ ဝယ်နိုင်တယ်ဆိုရင်ကောင်းတယ်။

Install a WordPress Backup plugin

သင့်ရဲ့ wordpress site မှာ backup plugin ကို install လုပ်တယ်ဆိုရင် website file တွေကို သိုလှောင်ထားပေးလိမ့်မယ် သင့်ရဲ့ website မှာတစ်ခုခု problem ရှိလို့ ဖွင့်မရ ဘူးဆိုရင် install လုပ်ထားတဲ့ backup plugin ကသင့်ရဲ့wordpress site ကို နဂိုအတိုင်းပြန်တင်ပေးလိမ့်မယ်ဖြစ်တယ်။ အဲဒီအတွက်ကြောင့် backup plugin ကို install လုပ်ဖို့ အရေးကြီးပါတယ်။ အကောင်းဆုံးဖြစ်တဲ့ backup plugin က vaultpress နဲ့ updraftplus တို့ ဖြစ်တယ်သင့်ကြိုက်တဲ့ plugin ကို ထည့်လို့ရပါတယ်။

Move your WordPress site to SSL HTTPS

SSl က secure sockets layer လို့ ခေါ်ပါတယ်။ SSL ကသင့်ရဲ့ website လုံခြုံဖို့ အတွက်သုံးတာဖြစ်တယ်။ website နဲ့ website သုံးစွဲသူအကြားမှာ လုံခြုံမှုရှိအောင်သုံး တာဖြစ်တယ်။ အဲတာကြောင့်သင့် website မှာ SSL ကိုသုံးဖို့လိုအပ်ပါတယ်။ သင့် website မှာ SSL ကို သုံးတယ်ဆိုရင်သင့်ရဲ့ website က HTTP ကနေ HTTPS သို့  ပြောင်းသွားလိမ့်မယ်ဖြစ်တယ်။

Read More>>>ဆိုရှယ်မီဒီယာမတ်ကက်တင်းမှာ Marker တွေ လွဲမှားနေတဲ့အချက်များ

Source; Myanmar Online Marketing

 

Read times
Rate this item
(0 votes)