-->
×
Warning
JUser: :_load: Unable to load user with ID: 29
အိုလံပစ်သမိုင်းရဲ့ လာဘ်ကောင်ရုပ်လေးများ
ဘေကျင်းမှာကျင်းပမယ့်၂၀၂၂ဆောင်းရာသီအိုလံပစ်ပွဲတော်အတွက်Bing Dwen Dwenလို့ခေါ်တဲ့လာဘ်ကောင်လေးကိုမိတ်ဆက်ပေးလိုက်ပါတယ်။မျက်ဝန်းကျယ်လေးနဲ့ချစ်စရာကာတွန်းပန်ဒါလေးဟာရေခဲဝတ်ရုံကိုဝတ်ဆင်ထားပြီးဆောင်းရာသီအားကစားပွဲတော်ရဲ့ချစ်ခြင်းကိုကိုယ်စားပြုနေပါတယ်။
တရုတ်နိုင်ငံရဲ့အထင်ကရပန်ဒါတိရစ္ဆာန်ပေါ်အခြေခံထားပြီးသိပံ္ပနှင့်နည်းပညာပေါင်းစပ်ထားတဲ့Bing Dwen Dwenဟာတက်ကြွတဲ့ဘဝကိုဖော်ပြနေပါတယ်။
အနီရောင်မီးပုံးသဏ္ဍာန် Shuey Rhon Rhonကတော့၂၀၂၂ပါရာလံပစ်ပွဲတော်ရဲ့လာဘ်ကောင်လေးပဲဖြစ်ပါတယ်။
Bing Dwen Dwenဟာ၂၀၀၈ဘေကျင်းနွေရာသီပွဲတော်ကိုကိုယ်စားပြုတဲ့ကာတွန်းရုပ်လေးများလိုပဲချစ်စဖွယ်ကောင်းလှပါတယ်။
ရေခဲပန်ဒါလေးနဲ့လွန်ခဲ့တဲ့နှစ်၅၀အရင်ကလာဘ်ကောင်ရုပ်လေးများကိုနှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်။
 bgg
အိုလံပစ်သမိုင်းမှာချစ်စရာအကောင်းဆုံးအရုပ်၅ရုပ်-
**************************************
၁.ဗန်ကူးဘား၂၀၁၀
Quatchi and Miga တို့ဟာကနေဒါအနောက်ဘက်ကမ်းရိုးတန်းဌာနေတိုင်းရင်းသားများအရေးတော်ပုံကိုအခြေခံထားပါတယ်။
သူတိုနဲ့တွဲဘက်ကတော့မျိုးတုန်းတော့မယ့်marmotမျိုးစိတ်ကိုရည်ညွန်းထားတဲ့Mukmukလို.ခေါ်တဲ့လာဘ်ကောင်လေးပဲဖြစ်ပါတယ်။
ချစ်စဖွယ်လာဘ်ကောင်လေး၃ကောင်ဟာယနေ့အချိန်ထိဗန်ကူးဘားမြို့ တော်တစ်ဝှမ်းမှာပျံနှံ့နေဆဲဖြစ်ပါတယ်။
mm
၂.Sarajevo ၁၉၈၄
Vučko လို့ခေါ်တဲ့ချစ်စဖွယ်မြေခွေးလေးကတော့အိုလံပစ်ပွဲမတိုင်ခင်၁၉၈၀နှစ်ဦးပိုင်းကတည်းကယူဂိုစလားဗီးယားနိုင်ငံရဲ့သတင်းစာတွေမှာထင်ရှားကျော်ကြားခဲ့ပါတယ်။
Vučko နဲ့ပွဲစဉ်အမှတ်တရများဟာနိုင်ငံမပြိုကွဲခင်နောက်ဆုံးစည်းစည်းလုံးလုံးကျင်းပခဲ့တဲ့ပွဲပဲဖြစ်ပါတယ်။
nn
၃.ပြုံးယန်း၂၀၁၈
ကျားဖြူလေးSoohorangဟာတောင်ကိုးရီးယားနိုင်ငံရဲ့အထိမ်းအမှတ်တိရစ္ဆာန်ပဲဖြစ်ပါတယ်။
Soohorangဟာ၁၉၈၈ဆိုးလ်မြို့မှာကျင်းပခဲ့တဲ့အိုလံပွဲတော်ရဲ့လာဘ်ကောင်ကျားလေးHodori
ကိုဆောင်းရာသီဗားရှင်းအနေနဲ့ပြန်လည်အသက်သွင်းထားခြင်းဖြစ်ပါတယ်။
33
၎. မြူးနစ်၁၉၇၂
ဒက်ရှန်းခွေးပုရုပ်လေးWaldiဟာနွေရာသီအိုလံပစ်ပွဲတော်ရဲ့ သမိုင်းတစ်လျောက်မှာ့ ပထမဆုံးလာဘ်ကောင်လေးဖြစ်ပါတယ်။၁၉၇၂အိုလံပစ်ပြေးလမ်းကိုကိုယ်စားပြီးထင်ရှားကျော်ကြားခဲ့ပါတယ်။ယနေ့တိုင်အာင်မြင်နေဆဲဖြစ်ပြီး၁၉၇၂မြူနစ်ပွဲတော်ရဲ့ဂန္တဝင်မြောက်လိုဂိုဖြစ်ပါတယ်။
Designers [Logo/Trademark] (လိုဂိုများအပ်နှံနိုင်သည့်ဒီဇိုင်နာလုပ်ငန်းမျာ(၇)းခုရှာရန်နှိပ်ပါ။)
ddgg
၅. ဘေကျင်း၂၀၀၈အိုလံပစ်ပွဲတော်
ဘေကျင်းအိုလံပစ်ပွဲတော်တွင်တစ်ခြားအိုလံပစ်လာဘ်ကောင်တွေနဲ့မတူဘဲလာဘ်ကောင်၅ကောင်ပါဝင်ခဲ့ပါတယ်။ငါးလေး Beibei၊ပန်ဒါလေးJingjing၊မီးလူသားလေး Huanhuan၊ ဒရယ်လေး Yingying၊ပျံလွှားလေးNiniတို့ဟာအိုလံပစ်ကွင်း၅ခုကိုကိုယ်စားပြုပြီး၎င်းနာမည်အာလုံးပေါင်းစပ်လိုက်လျှင်မဒရင်ဘာသာစကားအရဘေကျင်းမြို့မှကြိုဆိုပါ၏လို့အဓိပ္ပာယ်ရပါတယ်။
china
အိုလံပစ်သမိုင်းတစ်လျောက်အဆိုးရွားဆုံးလာဘ်ကောင်၎ကောင်
***************************************************
၁.လန်ဒန် 2012
၂၀၁၂ခုနှစ်အထိအိုလံပစ်လာဘ်ကောင်တွေဟာချစ်စဖွယ်အသွင်နှင့်ထွက်ပေါ်ခဲ့ပါတယ်။
လန်ဒန်အိုလံပစ်နှင့်ပါရာလံပစ်ပွဲတော်အတွက်မျက်လုံးတစ်လုံးနဲ့gumby ကာတွန်းပုံWenlock နှင့် Mandevilleကိုမိတ်ဆက်လိုက်ရာအံဖွယ်ဖြစ်ခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကဂါဒီးယန်းသတင်းစာရဲ့ဂျာနယ်လစ်Harrison Mooney ကအိုလံပစ်သမိုင်းတစ်လျောက်အဆိုးရွားဆုံးဖြစ်တယ်လို့ ဝေဖန်ခဲ့ပင်မယ့်ပြန်လည်ပြင်ဆင်ခဲ့ခြင်းမရှိခဲ့ပါဘူး။
ll
၂.Nagano 1998
Sukki, Nokki, Lekki and Tsukki, ဇိးကွက်လေးကောင်ပါဝင်တဲ့snowletsလာဘ်ကောင်တွေဟာNaganoအိုလံပစ်ပွဲတော်မှာ၂ပတ်သာပါဝင်ခဲ့ပါတယ်။နာမည်ကျော်ဒီဇိုင်နာရဲ့လက်ရာဟာမူကြိုကျောင်းသားအဆင့်သာရှိပြီးhorror ရုပ်ရှင်တွေမှာပါဝင်တဲ့သတ္တဝါပုံပေါ်ပါတယ်။
zz
၃.Atlanta 1996
အလွန်တရာကြီးမားလှတဲ့ဖိနပ်လက်အိပ်ကိုဝတ်ဆင်ထားတဲ့izzyဟာလူ။တိရစ္ဆာန်။အ၇ာဝတ္ထုမဟုတ်ဘဲကာတွန်းဇာတ်ကောင်သာဖြစ်ပါတယ်လို့အပြည်ပြည်ဆိုင်ရာအိုလံပစ်ကျင်းပရေးကော်မတီကဖော်ပြပါတယ်။
izzy
၎.Montreal 1976
အနီရောင်စလွယ်နှင့်အနက်ရောင်ဖျံလေးAmikဟာ၁၉၇၆ခုနှစ်အိုလံပစ်ပွဲတော်ရဲ့လာဘ်ကောင်ဖြစ်ပါတယ်။
ချစ်စဖွယ်တိရစ္ဆာန်အသွင်ဆောင်ပင်မယ့်မျက်စိမပါတဲ့amikဟာအိုလံပစ်လာဘ်ကောင်အနေနဲ့အသက်ဝင်ခြင်းမရှိတာကြောင့်အဆိုးရွားဆုံးစရင်းထဲပါဝင်ခဲ့ခြင်းဖြစ်ပါတယ်။
အောင်မြင်တဲ့ Online Marketing Strategy တည်ဆောက်တော့မယ် ဆိုရင်
aa
Hnin Thida Win
Read times
Rate this item
(0 votes)