-->
×

Warning

JUser: :_load: Unable to load user with ID: 29


Youtube မှ ကြော်ငြာ မကြည့်သောသူများ၏ gmail အကောင့်များ ပိတ်ပြစ်မည်






YouTube ပေါ်တွင် ၎င်းတို့အားငွေကြေးအလုံအလောက်ရရှိအောင်မလုပ်ပေးနိုင်သော Youtuber များကိုလည်း YouTube မှ စောင့်ကြည့်နေတယ်သိရပါတယ်။





Unicode >>>

 

YouTube ဟာ Google account တွေ အတော်များများ ကို ​သူတို့ကို ဝင်ငွေအလုံအလောက်မရရှိ​အောင် မလုပ်ပေးနိုင်ရင် အကုန်တန်းစီ ပယ်ဖျက်ပြစ်တော့မှာပါ။

YouTube ရဲ့ ပေါ်လစီ အသစ်မှာ တရားဝင်ထုတ်ပြန်ထားပြီဟုသိရပါတယ် မိတ်ဆွေများ အနေဖြင့် သင်တို့ gmail များတွင် Youtube မှ ပို့သော စာတစ်စောင်မြင်တွေ့ရပါလိမ့်မည်။

YouTube ကို သင်တို့ google (gmail) account ရှိရုံဖြင့် သီချင်း video များ၊စာသင်တဲ့ video များ ၊ ရုပ်ရှင် Trailers များ စတဲ့ များစွာသော video များကို သင်တို့ အခမဲ့ ကြည့်ရူ့လို့ ရတဲ့နေရာတစ်ခုပါ။

YouTube အနေနဲ့ အသုံးပြုသူတွေဆီက ငွေကြေးမရရှိနိုင်ပါဘူး။ထို You tube အပေါ်တွင် လာကြော်ငြာတဲ့ ကြော်ငြာလေးတွေဆီကသာငွေကြေး ရရှိနိုင်တာပါ။

မိတ်ဆွေတို့ဟာ YouTube တွင်ကြော်ငြာပြခွင့်
access ခွင့်မပြုပါက ထို့ပြင် ကြော်ငြာတွေကို အလိုအလျောက် ဖယ်ရှားတဲ့ App တွေ သုံးထားမိပါက သင်တို့ account များအား YouTube မှလုံးဝပယ်ဖျက်သွားတော့မှာပါ။

YouTube ပေါ်တွင် ၎င်းတို့အားငွေကြေးအလုံအလောက်ရရှိအောင်မလုပ်ပေးနိုင်သော Youtuber များကိုလည်း Youtube မှ စောင့်ကြည့်နေတယ်သိရပါတယ်။

 

စိတ်ဓာတ်မကျပါနဲ့ ကြော်ငြာများကသင့်ကိုကယ်တင်မှာပါ

 

Youtube ရဲ့ ဖော်ပြချက်လေးကတော့ -
*YouTube မှသင့်ရဲ့ google account ကို ဆုံးခန်းတိုင် ပြစ်ရမလား ဒါမှမဟုတ်သင်ရဲ့ google account ကို Youtube ရဲ့ service တွေထဲ မှ ​တချို့တစ်လေကို လက်ခံနိုင်မလား , သင်သာ youtube မှ ကြော်ငြာများကို လက်မခံနိုင်ပါက youtube ကို အသုံးပြုနိုင်တော့ မည်မဟုတ်ပါ * ဆိုကာ ရေးသားထားပါတယ်။

အဆိုပါဖော်ပြချက်ကို Youtube မှ ဒီဇင်ဘာလ ၁၀ ရက်မှာ စတင်လုပ်ဆောင်မည်ဟုသိရပြီး သင်တို့ အနေနှင့် Ads Block လုပ်သည့် App များ ဖုန်းထဲ​တွင် ထည့်ထား မိသည်ရှိသော် ယခုကတည်းကဖျက်ထားကြပါလို့ တိုက်တွန်းချင်ပါတယ်။

Youtube မှ သင့် Google အကောင့် ကို ပိတ်ခဲ့ပါက သင်ရဲ့ Gmail ပါ ပိတ်မှာ ဖြစ်တာမို့ အရေးကြီး တဲ့ Mail များ ရှိတဲ့ Gmail ပိုင်ရှင်များ အနေဖြင့် YouTube မှ ကြော်ငြာ များ ကို access ဖွင့်ပေးကြပါလို့ အသိပေးချင်ပါတယ်။

Source from Independent

Read times
Rate this item
(1 Vote)