-->
×

Warning

JUser: :_load: Unable to load user with ID: 29


စီးကရက္ ေၾကာ္ျငာမ်ားကို ယခင္က က်န္းမာေရးအရ ေသာက္သံုးသင့္သည္ဟုေၾကာ္ျငာခဲ့ျခင္း

စီးကရက္ ေၾကာ္ျငာမ်ားကို ယခင္က က်န္းမာေရးအရ ေသာက္သံုးသင့္သည္ဟုေၾကာ္ျငာခဲ့ျခင္း google

၁၉ ရာစု အစပိုင္းတြင္ စီးကရက္ ေၾကာ္ျငာမ်ားကို ေဆးလိပ္ေသာက္ျခင္းသည္က်န္းမာေရးကိုေကာင္းမြန္ေစသည္၊ေသြးလည္ပတ္မႈ႕အားေကာင္းေစသည္ ထို႔ျပင္ ဆရာဝန္မ်ားကပါ ထိုေဆးလိပ္မ်ားအားႏွစ္ျခိဳက္စြာ ေသာက္သံုးၾကသည္ဟု ေၾကာ္ျငာခဲ့ၾကသည္။
အဆိုပါ အခ်င္းအရာကို Nicotine Marketing (ေဆးရြက္ၾကီးတြင္ပါဝင္ေသာနီကိုတင္းဓာတ္၏ေစ်းကြက္)အျဖစ္ လႊမ္းမိုးခဲ့ျပီး အမ်ိဳးသမီးမ်ားႏွင့္ ဆယ္ေၾကာ္သက္မ်ားအေပၚပါ သက္ေရာက္မႈု႔ရွိလာခဲ့သည္။

ပညာရွင္ေတြက စီးကရက္နဲ႕ ပတ္သက္ ေလ့လာခ်က္မလုပ္ရေသးခင္ အႏၱရာယ္ရွိမွန္းတိတိက်က် ေလ့လာခ်က္ထြက္မလာခင္အထိ စီးကရက္ထုတ္လုပ္တဲ့ စီးပြားေရးလုပ္ငန္းပိုင္ရွင္ေတြဟာ ေဆးပညာပိုင္းဆိုင္ရာ အဖြဲ႕အစည္းႏွင့္ အသိုင္းအဝိုင္းတခ်ိဳ႕ကို
စီးကရက္ ေၾကာ္ျငာမ်ားအတြက္ စီးကရက္က က်န္းမာေရးအတြက္ ေကာင္းမြန္ေၾကာင္း ၊ ဆရာဝန္မ်ားမွ ေထာက္ခံေၾကာင္းအစရွိသျဖင့္ ခြင့္ျပဳခ်က္ရယူကာ ေၾကာ္ျငာ ခဲ့ၾကသည္။

စိတ္ဝင္စားစရာေကာင္းတာက စီးကရက္ေသာက္ျခင္းက လည္ေခ်ာင္းယားယံ ျခင္းကိုသက္သာေစသည္ဆိုကာ ထိုအျခင္းအရာကို စစပိုင္းတြင္ ဆရာဝန္မ်ားက လက္ခံခဲ့ၾကသည္။
သို႕ေပမဲ့လည္း စီးကရက္ Brand မ်ားက ျပိဳင္ဆိုင္သည့္ ေစ်းကြက္ျပိဳင္ပြဲ တစ္ခုျဖစ္လာခဲ့ ေသးသည္။

၁၉၃၀ နဲ႕ ၁၉၄၀ ႏွစ္ပိုင္း စီးကရက္လုပ္ငန္းစုေတြက ဦးေမာ့ ေနျပီး ေနရာရခဲ့ ၾကသည္။ေဆးပညာက မထြန္းကားေသးတဲ့ အခ်ိန္ ျဖစ္တာမို႔ ဆရာဝန္ေတြကလည္း စီးကရက္ေသာက္ျခင္းေၾကာင့္
အဆုတ္ကင္ဆာ ျဖစ္နိုင္တာကို မေလ့လာရေသးတဲ့ အခ်ိန္ေပါ့ ထိုအခ်ိန္မွာ စီးကရက္ ထုတ္လုပ္တဲ့ လုပ္ငန္းစုေတြက ဆရာဝန္ေတြရဲ႕ ေထာက္ခံခ်က္ကိုရယူျပီး ၎ တို႕ Brand ကိုေၾကာ္ျငာခဲ့ ၾကသည္။

Camel ေဆးလိပ္ ေၾကာ္ျငာတြင္ Camel ေဆးလိပ္ကို ဆရာဝန္မ်ားက ႏွစ္ျခိဳက္စြာေသာက္သံုးၾကသည္ဟု ေၾကာ္ျငာၾကသည္ ကိုေတြ႕ႏိုင္သည္။

American Tobacco မွ 1930 မွာ ပထမဆံုးေၾကာ္ျငာျဖစ္တဲ့ ႏွစ္ေသာင္း ေျခာက္ရာခုႏွစ္ဆယ့္ကိုး သမားေတာ္မ်ားက ၎ တို႔၏ ေဆးလိပ္ကို လည္ေခ်ာင္းယားယံျခင္းကင္းေစသည္ဟု ေထာက္ခံခ်က္ ရရွိ ထားေၾကာင္း ေၾကာ္ျငာထဲ တြင္ ထည့္သြင္းေၾကာ္ျငာခဲ့ သည္။
American Tobacco သည္ Lucky Strikes ႏွင့္ အတူတူပင္ျဖစ္သည္။ အျခားစီးကရက္ Brand မ်ားက ေခ်ာင္းဆိုးေစသည္ ၎ တို႕ Brand က ေခ်ာင္းမဆိုးေစပါ လည္ေခ်ာင္းယားယံျခင္းလည္းမရွိေစပါဆိုျပီး ေၾကာ္ျငာမ်ားတြင္ျပိဳင္ဆိုင္ခဲ့ ၾကသည္။

ေဆးလိပ္ လုပ္ငန္းစုေတြက ေစ်းကြက္ ကို အမ်ိဳးသားမ်ားသာမက အသက္အလတ္ပိုင္း အမ်ိဳးသမီးအမ်ားစု အေပၚပါ သက္ေရာက္မႈ႕ရွိေစရန္ ထိုအမ်ိဳးသမီးမ်ားအၾကိဳက္ ခပ္ရုပ္ေခ်ာေခ်ာ မင္းသားအခ်ိဳ႕ကို စီးကရက္ ေၾကာ္ျငာမ်ားတြင္ေၾကာ္ျငာေစသည္။
ဥပမာ - ယခင္ေခတ္က Marlboro ေၾကာ္ျငာမ်ားတြင္ ခပ္မိုက္မိုက္ အမ်ိဳးသားမ်ားကို ေၾကာ္ျငာခိုင္းထားသည္ကိုေတြ႔ႏိုင္သည္။

 

cecd31d596bd98924d5ffdb33e21ee7a.jpg

 

ေဆးလိပ္ေၾကာ္ျငာေတြက ခပ္ေပ်ာ့ေပ်ာ့ ေဆးလိပ္မ်ား အမ်ိဳးသမီးမ်ားေသာက္သံုးရန္ရည္ရြယ္ထားေသာ (Mild ) စေသာ ေဆးလိပ္မ်ားအတြက္ မ်က္ႏွာ အသားေပး ခပ္ေခ်ာေခ်ာ အမ်ိဳးသမီးေလးမ်ားကိုေၾကာ္ျငာေစသည္။
Marlboro ရဲ႕ Mild as May ေၾကာ္ျငာ Campaign မွာ ယခင္ေခတ္က အေတာ္နာမည္ၾကီးခဲ့ သည္ဟု သိရွိရသည္။

 

 

 

MarlboroManfacts2.jpg

 

၁၉၄၀ မတိုင္ခင္ အခ်ိန္မွာ ဆယ္ေက်ာ္သက္မ်ားႏွင့္ ကိုယ္ဝန္ေဆာင္မိခင္မ်ားပါ ေဆးလိပ္ေသာက္ျခင္းက ေကာင္းမြန္ေစတယ္ ေသြးလွည့္ပတ္ မႈ႕အားေကာင္းေစတယ္ဆိုကာသံသယကင္းစြာေသာက္သံုးခဲ့ ၾကသည္။
ေဆးလိပ္ ေသာက္သံုးလွ်င္ ေက်ာင္းသားမ်ားေခါင္းၾကည္ကာ စာမ်ားမ်ား မွတ္ႏိုင္ျပီး ၊ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ားေဆးလိပ္ေသာက္ပါက သေႏၶသားကို ပံုစံ မွန္ေစျပီး ေရမႊာေပါက္ျခင္းကို အဆင္ေျပေခ်ာေမြ႔ေစႏိုင္သည္ဆိုကာ ေၾကာ္ျငာခဲ့ ၾကသည္။

 

 

smoking-pregnancy-camels-disposition.jpg

 

 

၁၉၄၀ မွာ penicillin ကိုလည္းစတင္မိတ္ဆက္ႏိုင္ခဲ့သည္ လူေတြကလည္း ေဆးဝါးသိပၸံပိုင္းဆိုင္ရာကို ယံုၾကည္ခဲ့ ၾကျပီး အေကာင္းျမင္လိုစိတ္ျဖင့္ ျမင္လာၾကသည္ ဟု American Journal of Public Health စာပုိဒ္တြင္ ဖတ္ႏိုင္သည္။

၁၉၄၀ ေႏွာင္းပိုင္း ေလာက္မွာ ေတာ့ အဆုတ္ ကင္ဆာ ေရာဂါျဖင့္ေသဆံုးေသာ လူစာရင္း သိသိသာသာ ျမွင့္တတ္လာတာ ႏွင့္ အမ်ွ လူအမ်ားက စီးကရက္မ်ားအေပၚတြင္ သံသယ ဝင္လာခဲ့သည္ ဟု Massachusetts ေကာလိပ္၏ ေဆးဝါးႏွင့္ သိပၸံပညာပိုင္းဆိုင္ရာ
ပေရာ္ဖက္ဆာၾကီး Martha Gardner က ေျပာၾကားထားသည္ကိုေတြ႔ရသည္။

 

ဂ်ာမနီႏိုင္ငံတြင္စီးကရက္ေၾကာ္ျငာမ်ား လံုးဝ ျပသခြင့္မျပဳ

 

 

၁၉၅၀ အလယ္ပိုင္းမွာ စီးကရက္ လုပ္ငန္းစုေတြဟာ ၎ တို႕ Product ေၾကာင့္ အဆုတ္ ကင္ဆာ ျဖင့္ ေသဆံုးသူ အမ်ားၾကီး ရွိလာျပီကို လက္ခံ လိုက္ၾကရေတာ့သည္။ဒါေတာင္စီးကရက္ ေၾကာ္ျငာမ်ားတြင္ က်န္းမာေရးကုိ ဆိုးရြားစြာ ထိခိုက္ႏိုင္သည္ဟု
မည္သူမွ ထည့္ေၾကာ္ျငာျခင္းမရွိ အမွန္ တရားကို ဖံုးကြယ္ထားၾကသည္။စီးကရက္ေၾကာ္ျငာမ်ားသည္ သာမန္ပဲ ေၾကာ္ျငာျမဲတိုင္းေၾကာ္ျငာေနခဲ့သည္။

၁၉၆၄ တြင္ေတာ့ အေမရိကန္ ရဲ႕ U.S. Surgeon General’s report အရ ေဆးလိပ္ဆိုးက်ိဳးမ်ားကို တိတိက်က် သတင္းထုတ္ျပန္ခဲ့သည္ ' ေဆးလိပ္ေသာက္ျခင္းသည္ အဆုတ္ ကင္ဆာ ၊ လည္ေခ်ာင္းကင္ဆာ ၊ ေသြးေၾကာပိတ္စို႕မႈ႕ေရာဂါျဖစ္ေစသည္ '
က်န္းမာေရးကို ဆိုးရြားစြာ ထိခိုက္ေစႏိုင္သည္ဆိုကာ ေရးသားထားသည္ကိုေတြ႕ရသည္။ထိုကတည္းကစတင္ျပီး ေဆးလိပ္ေၾကာ္ျငာမ်ားကို ေပၚတင္ေၾကာ္ျငာခြင့္ မျပဳေတာ့ပဲ ၎တို႔ Brand ကိုသာ ေၾကာ္ျငာျပီးျပသခြင့္ ျပဳေတာ့သည္ဟုသိရွိရသည္။

ယေန႕ အခ်ိန္တြင္ေဆးလိပ္ ေသာက္ျခင္းရဲ႕ဆိုးက်ိဳးမ်ားကို စီးကရက္ ဗူးတြင္ ကပ္ထားသည္ Smoking Kills ဆိုကာ ေရးသားထားသည္။ထိုအခ်င္းအရာကို ၾကည့္လ်ွင္ ယခင္ေခတ္မွ ေဆးလိပ္ေၾကာ္ျငာမ်ား ႏွင့္ ယခုေခတ္ ေဆးလိပ္ေၾကာ္ျငာမ်ားေၾကာ္ျငာပံုခ်င္းလြန္စြာမွ ကြဲျပားသည္ကိုေတြ႔ႏိုင္သည္။

 

 

Cig ad 68 cigs Newsweek 28111994.jpg

 

 

 

Unicode >>> 

၁၉ ရာစု အစပိုင်းတွင် စီးကရက် ကြော်ငြာများကို ဆေးလိပ်သောက်ခြင်းသည်ကျန်းမာရေးကိုကောင်းမွန်စေသည်၊သွေးလည်ပတ်မှု့အားကောင်းစေသည် ထို့ပြင် ဆရာဝန်များကပါ ထိုဆေးလိပ်များအားနှစ်ခြိုက်စွာ သောက်သုံးကြသည်ဟု ကြော်ငြာခဲ့ကြသည်။
အဆိုပါ အချင်းအရာကို Nicotine Marketing (ဆေးရွက်ကြီးတွင်ပါဝင်သောနီကိုတင်းဓာတ်၏ဈေးကွက်)အဖြစ် လွှမ်းမိုးခဲ့ပြီး အမျိုးသမီးများနှင့် ဆယ်ကြော်သက်များအပေါ်ပါ သက်ရောက်မှုု့ရှိလာခဲ့သည်။

ပညာရှင်တွေက စီးကရက်နဲ့ ပတ်သက် လေ့လာချက်မလုပ်ရသေးခင် အန္တရာယ်ရှိမှန်းတိတိကျကျ လေ့လာချက်ထွက်မလာခင်အထိ စီးကရက်ထုတ်လုပ်တဲ့ စီးပွားရေးလုပ်ငန်းပိုင်ရှင်တွေဟာ ဆေးပညာပိုင်းဆိုင်ရာ အဖွဲ့အစည်းနှင့် အသိုင်းအဝိုင်းတချို့ကို
စီးကရက် ကြော်ငြာများအတွက် စီးကရက်က ကျန်းမာရေးအတွက် ကောင်းမွန်ကြောင်း ၊ ဆရာဝန်များမှ ထောက်ခံကြောင်းအစရှိသဖြင့် ခွင့်ပြုချက်ရယူကာ ကြော်ငြာ ခဲ့ကြသည်။

စိတ်ဝင်စားစရာကောင်းတာက စီးကရက်သောက်ခြင်းက လည်ချောင်းယားယံ ခြင်းကိုသက်သာစေသည်ဆိုကာ ထိုအခြင်းအရာကို စစပိုင်းတွင် ဆရာဝန်များက လက်ခံခဲ့ကြသည်။
သို့ပေမဲ့လည်း စီးကရက် Brand များက ပြိုင်ဆိုင်သည့် ဈေးကွက်ပြိုင်ပွဲ တစ်ခုဖြစ်လာခဲ့ သေးသည်။

၁၉၃၀ နဲ့ ၁၉၄၀ နှစ်ပိုင်း စီးကရက်လုပ်ငန်းစုတွေက ဦးမော့ နေပြီး နေရာရခဲ့ ကြသည်။ဆေးပညာက မထွန်းကားသေးတဲ့ အချိန် ဖြစ်တာမို့ ဆရာဝန်တွေကလည်း စီးကရက်သောက်ခြင်းကြောင့်
အဆုတ်ကင်ဆာ ဖြစ်နိုင်တာကို မလေ့လာရသေးတဲ့ အချိန်ပေါ့ ထိုအချိန်မှာ စီးကရက် ထုတ်လုပ်တဲ့ လုပ်ငန်းစုတွေက ဆရာဝန်တွေရဲ့ ထောက်ခံချက်ကိုရယူပြီး ၎င်း တို့ Brand ကိုကြော်ငြာခဲ့ ကြသည်။

Camel ဆေးလိပ် ကြော်ငြာတွင် Camel ဆေးလိပ်ကို ဆရာဝန်များက နှစ်ခြိုက်စွာသောက်သုံးကြသည်ဟု ကြော်ငြာကြသည် ကိုတွေ့နိုင်သည်။

American Tobacco မှ 1930 မှာ ပထမဆုံးကြော်ငြာဖြစ်တဲ့ နှစ်သောင်း ခြောက်ရာခုနှစ်ဆယ့်ကိုး သမားတော်များက ၎င်း တို့၏ ဆေးလိပ်ကို လည်ချောင်းယားယံခြင်းကင်းစေသည်ဟု ထောက်ခံချက် ရရှိ ထားကြောင်း ကြော်ငြာထဲ တွင် ထည့်သွင်းကြော်ငြာခဲ့ သည်။
American Tobacco သည် Lucky Strikes နှင့် အတူတူပင်ဖြစ်သည်။ အခြားစီးကရက် Brand များက ချောင်းဆိုးစေသည် ၎င်း တို့ Brand က ချောင်းမဆိုးစေပါ လည်ချောင်းယားယံခြင်းလည်းမရှိစေပါဆိုပြီး ကြော်ငြာများတွင်ပြိုင်ဆိုင်ခဲ့ ကြသည်။

ဆေးလိပ် လုပ်ငန်းစုတွေက ဈေးကွက် ကို အမျိုးသားများသာမက အသက်အလတ်ပိုင်း အမျိုးသမီးအများစု အပေါ်ပါ သက်ရောက်မှု့ရှိစေရန် ထိုအမျိုးသမီးများအကြိုက် ခပ်ရုပ်ချောချော မင်းသားအချို့ကို စီးကရက် ကြော်ငြာများတွင်ကြော်ငြာစေသည်။
ဥပမာ - ယခင်ခေတ်က Marlboro ကြော်ငြာများတွင် ခပ်မိုက်မိုက် အမျိုးသားများကို ကြော်ငြာခိုင်းထားသည်ကိုတွေ့နိုင်သည်။

ဆေးလိပ်ကြော်ငြာတွေက ခပ်ပျော့ပျော့ ဆေးလိပ်များ အမျိုးသမီးများသောက်သုံးရန်ရည်ရွယ်ထားသော (Mild ) စသော ဆေးလိပ်များအတွက် မျက်နှာ အသားပေး ခပ်ချောချော အမျိုးသမီးလေးများကိုကြော်ငြာစေသည်။
Marlboro ရဲ့ Mild as May ကြော်ငြာ Campaign မှာ ယခင်ခေတ်က အတော်နာမည်ကြီးခဲ့ သည်ဟု သိရှိရသည်။

၁၉၄၀ မတိုင်ခင် အချိန်မှာ ဆယ်ကျော်သက်များနှင့် ကိုယ်ဝန်ဆောင်မိခင်များပါ ဆေးလိပ်သောက်ခြင်းက ကောင်းမွန်စေတယ် သွေးလှည့်ပတ် မှု့အားကောင်းစေတယ်ဆိုကာသံသယကင်းစွာသောက်သုံးခဲ့ ကြသည်။
ဆေးလိပ် သောက်သုံးလျှင် ကျောင်းသားများခေါင်းကြည်ကာ စာများများ မှတ်နိုင်ပြီး ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများဆေးလိပ်သောက်ပါက သန္ဓေသားကို ပုံစံ မှန်စေပြီး ရေမွှာပေါက်ခြင်းကို အဆင်ပြေချောမွေ့စေနိုင်သည်ဆိုကာ ကြော်ငြာခဲ့ ကြသည်။

၁၉၄၀ မှာ penicillin ကိုလည်းစတင်မိတ်ဆက်နိုင်ခဲ့သည် လူတွေကလည်း ဆေးဝါးသိပ္ပံပိုင်းဆိုင်ရာကို ယုံကြည်ခဲ့ ကြပြီး အကောင်းမြင်လိုစိတ်ဖြင့် မြင်လာကြသည် ဟု American Journal of Public Health စာပိုဒ်တွင် ဖတ်နိုင်သည်။

၁၉၄၀ နှောင်းပိုင်း လောက်မှာ တော့ အဆုတ် ကင်ဆာ ရောဂါဖြင့်သေဆုံးသော လူစာရင်း သိသိသာသာ မြှင့်တတ်လာတာ နှင့် အမျှ လူအများက စီးကရက်များအပေါ်တွင် သံသယ ဝင်လာခဲ့သည် ဟု Massachusetts ကောလိပ်၏ ဆေးဝါးနှင့် သိပ္ပံပညာပိုင်းဆိုင်ရာ
ပရော်ဖက်ဆာကြီး Martha Gardner က ပြောကြားထားသည်ကိုတွေ့ရသည်။

 


ဂျာမနီနိုင်ငံတွင်စီးကရက်ကြော်ငြာများ လုံးဝ ပြသခွင့်မပြု

 

၁၉၅၀ အလယ်ပိုင်းမှာ စီးကရက် လုပ်ငန်းစုတွေဟာ ၎င်း တို့ Product ကြောင့် အဆုတ် ကင်ဆာ ဖြင့် သေဆုံးသူ အများကြီး ရှိလာပြီကို လက်ခံ လိုက်ကြရတော့သည်။ဒါတောင်စီးကရက် ကြော်ငြာများတွင် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်သည်ဟု
မည်သူမှ ထည့်ကြော်ငြာခြင်းမရှိ အမှန် တရားကို ဖုံးကွယ်ထားကြသည်။စီးကရက်ကြော်ငြာများသည် သာမန်ပဲ ကြော်ငြာမြဲတိုင်းကြော်ငြာနေခဲ့သည်။

၁၉၆၄ တွင်တော့ အမေရိကန် ရဲ့ U.S. Surgeon General’s report အရ ဆေးလိပ်ဆိုးကျိုးများကို တိတိကျကျ သတင်းထုတ်ပြန်ခဲ့သည် ' ဆေးလိပ်သောက်ခြင်းသည် အဆုတ် ကင်ဆာ ၊ လည်ချောင်းကင်ဆာ ၊ သွေးကြောပိတ်စို့မှု့ရောဂါဖြစ်စေသည် '
ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်ဆိုကာ ရေးသားထားသည်ကိုတွေ့ရသည်။ထိုကတည်းကစတင်ပြီး ဆေးလိပ်ကြော်ငြာများကို ပေါ်တင်ကြော်ငြာခွင့် မပြုတော့ပဲ ၎င်းတို့ Brand ကိုသာ ကြော်ငြာပြီးပြသခွင့် ပြုတော့သည်ဟုသိရှိရသည်။

ယနေ့ အချိန်တွင်ဆေးလိပ် သောက်ခြင်းရဲ့ဆိုးကျိုးများကို စီးကရက် ဗူးတွင် ကပ်ထားသည် Smoking Kills ဆိုကာ ရေးသားထားသည်။ထိုအချင်းအရာကို ကြည့်လျှင် ယခင်ခေတ်မှ ဆေးလိပ်ကြော်ငြာများ နှင့် ယခုခေတ် ဆေးလိပ်ကြော်ငြာများကြော်ငြာပုံချင်းလွန်စွာမှ ကွဲပြားသည်ကိုတွေ့နိုင်သည်။

Myanmar Advertising Directory 

Source From History and CBS news

Read times
Rate this item
(0 votes)