-->
×

Warning

JUser: :_load: Unable to load user with ID: 29


Robust Marketing ဗ်ဳဟာျဖင့္ Alibaba နဲ႕ အလုပ္တြဲလုပ္ေတာ့မည့္ Manchester United ေဘာလံုးအသင္း

ပရီးမီယားလိဂ္ နာမည္ၾကီး ေဘာလံုးအသင္းျဖစ္တဲ့ အဂၤလန္ ႏိုင္ငံ မွ သရဲနီ ေဘာလံုးအသင္း မန္ခ်က္စတာ ယူႏိုက္တက္ အသင္း ဟာ E- Commerce ေလာက ရဲ႕ အၾကီးဆံုး လုပ္ငန္းစုၾကီးျဖစ္တဲ့ Alibaba နဲ႔ လက္တြဲ ျပီး တရုတ္ ျပည္မွ မန္ယူ ပရိသတ္ ေတြ အတြက္ လုပ္ငန္းခ်ဲ႕ ထြင္ေတာ့မွာလည္းျဖစ္ပါတယ္ ....

 

ထိုကဲ့သို႕ လက္တြဲ လုပ္ကို္င္ မႈမွာ Alibaba ဟာ မန္ယူအသင္း ႏွင့္ ပတ္သက္ေသာအရာမ်ားကို အနာဂတ္မွာ ၎တို႕ လုပ္ငန္းစုတိုးတက္ ဖို႕ ရည္ရြယ္ကာ ၎ တို႕ရဲ႕ Alibaba ရဲ႕ လက္ေအာက္ခံ Video Platform ျဖစ္တဲ့ Youku သာမက ၎တို႕ရဲ႕ အေရာင္းအဝယ္ Website ျဖစ္ေသာ Tmall ႏွင့္ ပါ ခ်ိတ္ဆက္ တြဲလုပ္မယ္လို႔သိရပါတယ္။
( Youku သည္ တရုတ္ ျပည္မွ ထုတ္လုပ္ထားေသာ Youtube ကဲ့သို႕ ေသာ Video Platform ျဖစ္သည္)

ထိုကဲ့ သို႕ လက္တြဲ လုပ္ေဆာင္ဖို႕ သေဘာတူညီမႈဟာ မန္ယူအသင္းအတ ြက္ စီးပြားေရးေလာကမွာ တရုတ္ ေစ်းကြက္ အထိ နယ္ေျမခ်ဲ႕ ထြင္ဖို႕ ေျခလွမ္းအသစ္ တစ္ခုပါ။

မန္ယူအသင္းရဲ႕ Managing Director ျဖစ္ေသာ Richard Arnolds ရဲ႕ ေျပာၾကားခ်က္က ေတာ့ “ က်ြန္ေတာ္တို႕ေတြက အျမဲတမ္း အသင္းရဲ႕ ပရိသတ္ေတြနဲ႔ ထိေတြ႔ဖို႕ နည္းလမ္းကိုသာရွာေနတာပါ အခုလို Alibaba နဲ႕ အလုပ္တြဲ လုပ္ျခင္းအားျဖင့္ Youku လို နာမည္ၾကီး Video Platform နဲ႔ အလုပ္တြဲလုပ္ေတာ့တာမို႕ တရုတ္ျပည္က ပရိသတ္နဲ႔ အထိအေတြ႕ ပိုိမိုရနိုင္ပါတယ္ “လို႕ ျပီးခဲ့ တဲ့ ေသာၾကာေန႕က ေျပာၾကားခဲ့ပါတယ္။

ဒါေပမဲ့ မန္ယူရဲ႕ ပရီးမီးယားလိဂ္ ေဘာလံုး ပြဲစဥ္ေတြကိုေတာ့ ထို တရုတ္ Video Platform ျဖစ္တဲ့ Youku မွာ ျပသလို႕ရမွာ မဟုတ္ပါဘူး။သို႕ေပမဲ့ အဆိုပါ Platform ေပၚမွာ မန္ယူအတြက္ သီးသန္႕ Officilal ခ်န္နယ္တစ္ခုေတာ့ ရွိလာပါလိမ့္မယ္။ထို Platform မွာ မန္ယူရဲ႕ ေၾကာ္ျငာေလးေတြ ၊ အတိုစား video ေလးေတြ တင္နိုင္ပါလိမ့္မယ္လို႕သိရပါတယ္။ထို႕ျပင္ မန္ယူဟာ Youku မွ အားကစားလမ္းေၾကာင္းကို တစ္ခုနဲ႕ ခ်ိတ္ဆက္မယ္သိရပါတယ္။ထို မန္ယူ ရဲ႕ Youku ခ်န္နယ္မွာ တရုတ္ျပည္ပရိသတ္ ၾကိဳက္ႏွစ္သက္ေလာက္မဲ့ ပံုစံ ၊ ကမၻာတစ္လႊား သေဘာက်မဲ့ ပံုစံ , ထို႕ျပင္၎တို႕ မန္ယူ သင္တန္းေက်ာင္းမွ Video အတိုေလးမ်ား ၊ မန္ယူ အမ်ိဳးသမီးေဘာလံုးအသင္းမွ ကမၻာလွည့္ ကစားပြဲ မ်ား အေၾကာင္းကို ထို Chanel တြင္ တင္မယ္ လို႕သိရပါတယ္။

မန္ယူ ဟာ အဲဒီ့ လမ္းေၾကာင္းေဖာက္ျပီးသြားရင္ Youku မွ ၾကည့္ရႈသူ ၇၀၀ မီလီယံက သူတို႕ လက္ခုပ္ ထဲ တြင္ျဖစ္သြားပါျပီ ဆိုကာေျပာၾကားခဲ့ ပါတယ္။

မန္ယူ အသင္းဟာ UK မွာ ၎တို႕ ရဲ႕ မန္ယူတီဗီဆိုတဲ့ ရုပ္သံ လိုင္းတစ္ခုရွိပါေသးတယ္။ထို ရုပ္သံလိုင္းအတြက္လဲ ရို္က္ကူးထားတာေတြ အမ်ားၾကီး ရွိိပါတယ္။


ထိုသို႕ မန္ယူအေနနွင့္ သူတို႕ရဲ႕ တရုတ္ျပည္ ပရိသတ္ ေတြကို ဆြဲေဆာင္နိုင္ခဲ့ ျပီး Fan base တစ္ခု တည္ေထာင္ေနစဥ္ Tmall မွလည္း တစ္ခါထဲ မန္ယူမွ ပစၥည္းေတြ ေရာင္းေနမွာပါ။
မန္ယူရဲ႕ ေၿပာဆိုပံု အရ အခုလို Alibaba လုပ္ငန္းစုနဲ႔ ပူးေပါင္းတာဟာ ေနာက္ တရုတ္ျပည္မွာ မန္ယူ ပစၥည္းေတြၾကည့္ သီးသန္႕ေရာင္းတဲ့ ဆိုင္မ်ား အမ်ားၾကီးဖြင့္ဖို႕ ပါလို႕ေျပာပါတယ္။

ဒါတင္မ်ွ မကေသးပါ၊ Youku ႏွင့္ ခ်ိတ္ဆက္ျပီး မန္ယူနဲ႔ Alibaba မွ စီးပြားေရးပါတနာျဖစ္ လုပ္ကိုင္သြားကာ Robust Marketing ဗ်ဳဟာျဖင့္ မန္ယူရဲ႕ ပစၥည္းေတြကို ေၾကာ္ျငာအံုးမွာပါ။
( Robust Marketing ဆိုတာက ေတာ့ ပစၥည္းတစ္ခုအတြက္ ၎ ကို အားေပးေနက် ပရိသတ္အေဟာင္းမ်ားကို မရည္ရြယ္ပဲ ပရိသတ္အသစ္ ရေအာင္ ၊ စိတ္ဝင္စားသူအသစ္ရေအာင္စြဲေဆာင္တဲ့ ေစ်းကြက္ ခ်ဲ႕ထြင္ျခင္းကိုေခၚပါတယ္ )

ၿပီးခဲ့တဲ့ လက မန္ယူဟာ တရုတ္ ျပည္ရဲ႕ ေဘက်င္း ျမိဳ႕မွာ ‘Experience Preview Centre’ အသစ္ ဖြင့္လွစ္ခဲ့ပါတယ္။ထို ေနရာတစ္ခုလံုးရဲ႕ အၾကီးစားဖြင့္ ပြဲကိုေတာ့ ၂၀၂၀ မွာ က်င္းပမယ္လို႕သိရပါတယ္။

ထို ေဘက်င္းျမိဳ႕ရွိ ‘Experience Preview Centre’ ၾကီးမွာ မန္ယူရဲ႕ ေဘာလံုးကြင္း Old Trafford မွာရွိတဲ့ ကစားသမားသံုးေယာက္ပံု ရုပ္ထုရွိတယ္။ထို႕ျပင္ မန္ယူေဘာလုံးအသင္းက သမိုင္းဝင္ ေအာင္ျမင္ခဲ့ ေသာ ေန႕ရက္မ်ား သမိုင္းမ်ားမွ အေထာက္အထားမ်ား ၊ ဆုတံဆိပ္မ်ား ၊ ေဘာလံုးသမားမ်ား ထြက္ လာေသာ လိွုဏ္ေခါင္းအတု ၊ ေဘာလုံးသမား နားေနခန္းအတု အျပင္ မန္ယူေဘာလုံးအသင္းရဲ႕ ပစၥည္းအေရာင္းဆိုင္အေသးေလးတစ္ခုပါရွိတယ္္ လို႕ သိရပါတယ္။


မန္ယူ ေရႊေခတ္ ေရာက္ခဲ့တုန္းက တစ္ကမၻာလံုး အသည္းအသန္အားေပးၾကျပီး မန္ယူဟာ အခုခ်ိန္ထိလဲ ထိပ္စီးမွာ ပဲ ရွိပါေသးတယ္။မန္ယူက အထင္ၾကီးေလးစားစရာ အသင္းအျဖစ္ရပ္တည္လ်ွက္ပါ။

ပရီးမီးယား လိဒ္ မွာ မန္ယူ ဟာ ျပီးခဲ့ တဲ့ ရာသီ တုန္းက အဆင့္ ၆ အျဖစ္ ရပ္တည္ခဲ့တဲ့ အတြက္ ခ်န္ပီယံလိဒ္ ဝင္ခြင့္ မရရွိခဲ့ပါဘူး။ၿပီးခဲ့တဲ့ စေနေန႔တုန္း က မန္ခ်က္စတာ ဒါဘီ ပြဲစဥ္ အျဖစ္ ယဥ္ျပိဳင္ခဲ့ရာ မန္ယူ အသင္းဟာ မန္စီးတီးအသင္းကို အႏိုုင္ ရရွိခဲ့ပါတယ္။

ျပီးခဲ့ တဲ့ ဒီဇင္ဘာက ေပၚတူဂီ လူမ်ိဳး နည္းျပ ေမာ္ရင္ဟို ထုတ္ပယ္ခဲ့ျပီး မန္ယူ အသင္းရဲ႕ ဂႏၱဝင္ ကစားသမား ဆိုးရွား ကို နည္ူျပအျဖစ္ခန္႕အပ္ခဲ့ ပါတယ္။ဆိုးရွား ဟာ ဆိုရင္ မန္ယူမွ လူငယ္ကစားသမားေတြကို ေျမေတာင္ေျမွာက္ေပးေနသူျဖစ္ပါတယ္။

ေရးသားသူ ဆိုင္မြန္ အက္ဗင့္
Reuters မွ ဘာသာ ျပန္သည္

 

<<<Unicode>>>

ပရီးမီယားလိဂ် နာမည်ကြီး ဘောလုံးအသင်းဖြစ်တဲ့ အင်္ဂလန် နိုင်ငံ မှ သရဲနီ ဘောလုံးအသင်း မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ E- Commerce လောက ရဲ့ အကြီးဆုံး လုပ်ငန်းစုကြီးဖြစ်တဲ့ Alibaba နဲ့ လက်တွဲ ပြီး တရုတ် ပြည်မှ မန်ယူ ပရိသတ် တွေ အတွက် လုပ်ငန်းချဲ့ ထွင်တော့မှာလည်းဖြစ်ပါတယ် ....

ထိုကဲ့သို့ လက်တွဲ လုပ်ကိုင် မှုမှာ Alibaba ဟာ မန်ယူအသင်း နှင့် ပတ်သက်သောအရာများကို အနာဂတ်မှာ ၎င်းတို့ လုပ်ငန်းစုတိုးတက် ဖို့ ရည်ရွယ်ကာ ၎င်း တို့ရဲ့ Alibaba ရဲ့ လက်အောက်ခံ Video Platform ဖြစ်တဲ့ Youku သာမက ၎င်းတို့ရဲ့ အရောင်းအဝယ် Website ဖြစ်သော Tmall နှင့် ပါ ချိတ်ဆက် တွဲလုပ်မယ်လို့သိရပါတယ်။
( Youku သည် တရုတ် ပြည်မှ ထုတ်လုပ်ထားသော Youtube ကဲ့သို့ သော Video Platform ဖြစ်သည်)

ထိုကဲ့ သို့ လက်တွဲ လုပ်ဆောင်ဖို့ သဘောတူညီမှုဟာ မန်ယူအသင်းအတ ွက် စီးပွားရေးလောကမှာ တရုတ် ဈေးကွက် အထိ နယ်မြေချဲ့ ထွင်ဖို့ ခြေလှမ်းအသစ် တစ်ခုပါ။

မန်ယူအသင်းရဲ့ Managing Director ဖြစ်သော Richard Arnolds ရဲ့ ပြောကြားချက်က တော့ “ ကျွန်တော်တို့တွေက အမြဲတမ်း အသင်းရဲ့ ပရိသတ်တွေနဲ့ ထိတွေ့ဖို့ နည်းလမ်းကိုသာရှာနေတာပါ အခုလို Alibaba နဲ့ အလုပ်တွဲ လုပ်ခြင်းအားဖြင့် Youku လို နာမည်ကြီး Video Platform နဲ့ အလုပ်တွဲလုပ်တော့တာမို့ တရုတ်ပြည်က ပရိသတ်နဲ့ အထိအတွေ့ ပိုမိုရနိုင်ပါတယ် “လို့ ပြီးခဲ့ တဲ့ သောကြာနေ့က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ မန်ယူရဲ့ ပရီးမီးယားလိဂ် ဘောလုံး ပွဲစဉ်တွေကိုတော့ ထို တရုတ် Video Platform ဖြစ်တဲ့ Youku မှာ ပြသလို့ရမှာ မဟုတ်ပါဘူး။သို့ပေမဲ့ အဆိုပါ Platform ပေါ်မှာ မန်ယူအတွက် သီးသန့် Officilal ချန်နယ်တစ်ခုတော့ ရှိလာပါလိမ့်မယ်။ထို Platform မှာ မန်ယူရဲ့ ကြော်ငြာလေးတွေ ၊ အတိုစား video လေးတွေ တင်နိုင်ပါလိမ့်မယ်လို့သိရပါတယ်။ထို့ပြင် မန်ယူဟာ Youku မှ အားကစားလမ်းကြောင်းကို တစ်ခုနဲ့ ချိတ်ဆက်မယ်သိရပါတယ်။ထို မန်ယူ ရဲ့ Youku ချန်နယ်မှာ တရုတ်ပြည်ပရိသတ် ကြိုက်နှစ်သက်လောက်မဲ့ ပုံစံ ၊ ကမ္ဘာတစ်လွှား သဘောကျမဲ့ ပုံစံ , ထို့ပြင်၎င်းတို့ မန်ယူ သင်တန်းကျောင်းမှ Video အတိုလေးများ ၊ မန်ယူ အမျိုးသမီးဘောလုံးအသင်းမှ ကမ္ဘာလှည့် ကစားပွဲ များ အကြောင်းကို ထို Chanel တွင် တင်မယ် လို့သိရပါတယ်။

မန်ယူ ဟာ အဲဒီ့ လမ်းကြောင်းဖောက်ပြီးသွားရင် Youku မှ ကြည့်ရှုသူ ၇၀၀ မီလီယံက သူတို့ လက်ခုပ် ထဲ တွင်ဖြစ်သွားပါပြီ ဆိုကာပြောကြားခဲ့ ပါတယ်။

မန်ယူ အသင်းဟာ UK မှာ ၎င်းတို့ ရဲ့ မန်ယူတီဗီဆိုတဲ့ ရုပ်သံ လိုင်းတစ်ခုရှိပါသေးတယ်။ထို ရုပ်သံလိုင်းအတွက်လဲ ရိုက်ကူးထားတာတွေ အများကြီး ရှိပါတယ်။


ထိုသို့ မန်ယူအနေနှင့် သူတို့ရဲ့ တရုတ်ပြည် ပရိသတ် တွေကို ဆွဲဆောင်နိုင်ခဲ့ ပြီး Fan base တစ်ခု တည်ထောင်နေစဉ် Tmall မှလည်း တစ်ခါထဲ မန်ယူမှ ပစ္စည်းတွေ ရောင်းနေမှာပါ။
မန်ယူရဲ့ ပြောဆိုပုံ အရ အခုလို Alibaba လုပ်ငန်းစုနဲ့ ပူးပေါင်းတာဟာ နောက် တရုတ်ပြည်မှာ မန်ယူ ပစ္စည်းတွေကြည့် သီးသန့်ရောင်းတဲ့ ဆိုင်များ အများကြီးဖွင့်ဖို့ ပါလို့ပြောပါတယ်။

ဒါတင်မျှ မကသေးပါ၊ Youku နှင့် ချိတ်ဆက်ပြီး မန်ယူနဲ့ Alibaba မှ စီးပွားရေးပါတနာဖြစ် လုပ်ကိုင်သွားကာ Robust Marketing ဗျုဟာဖြင့် မန်ယူရဲ့ ပစ္စည်းတွေကို ကြော်ငြာအုံးမှာပါ။
( Robust Marketing ဆိုတာက တော့ ပစ္စည်းတစ်ခုအတွက် ၎င်း ကို အားပေးနေကျ ပရိသတ်အဟောင်းများကို မရည်ရွယ်ပဲ ပရိသတ်အသစ် ရအောင် ၊ စိတ်ဝင်စားသူအသစ်ရအောင်စွဲဆောင်တဲ့ ဈေးကွက် ချဲ့ထွင်ခြင်းကိုခေါ်ပါတယ် )

ပြီးခဲ့တဲ့ လက မန်ယူဟာ တရုတ် ပြည်ရဲ့ ဘေကျင်း မြို့မှာ ‘Experience Preview Centre’ အသစ် ဖွင့်လှစ်ခဲ့ပါတယ်။ထို နေရာတစ်ခုလုံးရဲ့ အကြီးစားဖွင့် ပွဲကိုတော့ ၂၀၂၀ မှာ ကျင်းပမယ်လို့သိရပါတယ်။

ထို ဘေကျင်းမြို့ရှိ ‘Experience Preview Centre’ ကြီးမှာ မန်ယူရဲ့ ဘောလုံးကွင်း Old Trafford မှာရှိတဲ့ ကစားသမားသုံးယောက်ပုံ ရုပ်ထုရှိတယ်။ထို့ပြင် မန်ယူဘောလုံးအသင်းက သမိုင်းဝင် အောင်မြင်ခဲ့ သော နေ့ရက်များ သမိုင်းများမှ အထောက်အထားများ ၊ ဆုတံဆိပ်များ ၊ ဘောလုံးသမားများ ထွက် လာသော လှိုဏ်ခေါင်းအတု ၊ ဘောလုံးသမား နားနေခန်းအတု အပြင် မန်ယူဘောလုံးအသင်းရဲ့ ပစ္စည်းအရောင်းဆိုင်အသေးလေးတစ်ခုပါရှိတယ် လို့ သိရပါတယ်။


မန်ယူ ရွှေခေတ် ရောက်ခဲ့တုန်းက တစ်ကမ္ဘာလုံး အသည်းအသန်အားပေးကြပြီး မန်ယူဟာ အခုချိန်ထိလဲ ထိပ်စီးမှာ ပဲ ရှိပါသေးတယ်။မန်ယူက အထင်ကြီးလေးစားစရာ အသင်းအဖြစ်ရပ်တည်လျှက်ပါ။

ပရီးမီးယား လိဒ် မှာ မန်ယူ ဟာ ပြီးခဲ့ တဲ့ ရာသီ တုန်းက အဆင့် ၆ အဖြစ် ရပ်တည်ခဲ့တဲ့ အတွက် ချန်ပီယံလိဒ် ဝင်ခွင့် မရရှိခဲ့ပါဘူး။ပြီးခဲ့တဲ့ စနေနေ့တုန်း က မန်ချက်စတာ ဒါဘီ ပွဲစဉ် အဖြစ် ယဉ်ပြိုင်ခဲ့ရာ မန်ယူ အသင်းဟာ မန်စီးတီးအသင်းကို အနိုင် ရရှိခဲ့ပါတယ်။

ပြီးခဲ့ တဲ့ ဒီဇင်ဘာက ပေါ်တူဂီ လူမျိုး နည်းပြ မော်ရင်ဟို ထုတ်ပယ်ခဲ့ပြီး မန်ယူ အသင်းရဲ့ ဂန္တဝင် ကစားသမား ဆိုးရှား ကို နည်ူပြအဖြစ်ခန့်အပ်ခဲ့ ပါတယ်။ဆိုးရှား ဟာ ဆိုရင် မန်ယူမှ လူငယ်ကစားသမားတွေကို မြေတောင်မြှောက်ပေးနေသူဖြစ်ပါတယ်။

ရေးသားသူ ဆိုင်မွန် အက်ဗင့်
Reuters မှ ဘာသာ ပြန်သည်

 

Myanmar Advertising Directory 

Read times
Rate this item
(0 votes)