-->
×

Warning

JUser: :_load: Unable to load user with ID: 29


Coronavirus ျဖစ္ပြားမႈ ကာလအတြင္း ေရာင္းအားျမင့္တက္မႈရဲ႕'Winner'ကို Corona Beer ရရွိ

Nielsen ၏ အခ်က္အလက္မ်ားအရ အလွအပတံဆိပ္မ်ားသာမက အိမ္သာစကၠဴ၊ပိုးသတ္ေဆးႏွင့္ အသင့္စား အစားအစားမ်ားကို ထိန္းမရေအာင္ ပိုမို ၀ယ္ယူျခင္းမ်ားရွိေသာေၾကာင့္ ေစ်းကြက္မွာ ႀကီးမားတဲ့ေရာင္းခ်မႈေတြဟာ ျဖစ္ေပၚေနပါတယ္။ေနာက္ဆုံးေပၚ Nielsen နံပါတ္မ်ားသည္ ထုပ္ပိုးထားေသာ ကုန္ပစၥည္းအမွတ္တံဆိပ္မ်ား အတြက္ ျဖစ္ပါတယ္။ ၎တို႔သည္ သင္ ထပ္ခါထပ္ခါ မေတြ႕ရေတာ့မည့္ အရာမ်ားျဖစ္ၿပီး coronavirus ေဘးအႏၲရာယ္ႏွင့္ အလွကုန္အမွတ္တံဆိပ္မ်ားၾကား ေစ်းကြက္ အရႈံးသမားမ်ားေၾကာင့္ တခါတရံ အံ့ၾသစရာေကာင္းေလာက္ေအာင္ ႀကီးမားေသာ ေအာင္ျမင္သူမ်ားရွိလာပါတယ္။

ေျဖဆိုသူ ၃၈ ရာခိုင္ႏႈန္းက ထပ္မံဝယ္ယူေတာ့မွာ မဟုတ္ဘူး ဟု ေျပာၾကားခဲ့ၾကပါတယ္။Corona ဘီယာအတြက္ ေစ်းကြက္ပ်က္စီးျခင္းကို ႀကိဳတင္ခန႔္မွန္းထားသည့္ 5WPR စစ္တမ္းကိုသတိရပါသလား။ အဲဒါကိုမေမ့ပါနဲ႔ Credit Suisse မွ Nielsen ရဲ႕အခ်က္အလက္မ်ားအရ Corona ပိုင္ရွင္ Constellation Brands သည္ ေရာင္းအား ၃၉ ရာခိုင္ႏႈန္းျမင့္တက္ကာ Corona မိသားစုဦးေဆာင္ေသာ ေရာင္းအားသည္ ၅၀ ရာခိုင္ႏႈန္း တိုးတက္ခဲ့ပါတယ္။ၾကည့္ရသည္မွာ Corona ဘီယာသည္ Zoom happy hours ၌ လူႀကိဳက္မ်ားေနျခင္းေၾကာင့္ျဖစ္ပါတယ္။

 

တီဗြီ၊ဒီဂ်စ္တယ္ ၾကည့္ရႈသူႏွင့္ေၾကာ္ျငာမ်ား၊ပံုႏွိပ္ျခင္းမ်ား Coronavirusေၾကာင့္ အက်ိဳးသက္ေရာက္မႈရွိ

 

Evercore ISI ရဲ႕ Nielsen ၏ အခ်က္အလက္မ်ားအရ မတ္လ ၁၅ ရက္တြင္ အဆုံးသတ္သည့္ ရက္သတၱပတ္က အထိတ္တလန႔္ျဖစ္မႈသည္ မတ္လ ၂၂ ရက္တြင္ အဆုံးသတ္ခဲ့တဲ့ ၎ရက္သတၱပတ္မ်ားအတြင္း ၀ယ္ယူမႈအလြန္အမင္းျမင့္တက္ေနဆဲျဖစ္ပါတယ္။ Winnerဆုကို ဦးေဆာင္ေနသူမွာ Kimberly-Clark Corp. ျဖစ္ၿပီး အိမ္သာသုံးစကၠဴ အမွတ္တံဆိပ္ျဖစ္သည့္ Scott ႏွင့္ Cottonelle တို႔က မတ္လ ၁၅ ရက္ရဲ႕ ကုန္ဆုံးသည့္ရက္သတၱပတ္၌ ေရာင္းအား ၁၆၀ ရာခိုင္ႏႈန္း ႏွင့္မတ္လ ၂၂ ရက္တြင္ တစ္ပတ္လွ်င္ ေရာင္းအား ၉၂ ရာခိုင္ႏႈန္းျမင့္တက္ခဲ့ပါတယ္။

အျခားအက်ိဳးအျမတ္ရရွိသူမ်ားမွာ RB (Lysol ႏွင့္ Mucinex ရဲ႕ထုတ္လုပ္သူ Reckitt Benckiser) ျဖစ္ၿပီး ၁၄၈ရာခိုင္ႏႈန္းႏွင့္ ၉၅ ရာခိုင္ႏႈန္းျမင့္တက္ခဲ့ပါတယ္။၂ပတ္အတြင္းမွာClorox Co., ၁၂၅/၉၁အထိတက္လာၿပီး Procter & Gamble ကုမၸဏီ (Charmin၊ Bounty ႏွင့္ Pampers ကိုထုတ္လုပ္သူ)၁၀၉/၆၈ အထိ၊ Colgate-Palmolive Co. (သြားတိုက္ေဆးႏွင့္ဆပ္ျပာ) ၉၀/၈၀ အထိႏွင့္ ရက္သတၱပတ္ႏွစ္ပတ္ရဲ႕ ဒုတိယအႀကိမ္တြင္ ေရာင္းအားကို အနည္းငယ္ အရွိန္ျမႇင့္လာေသာ Kraft Heinzသည္ ၇၅/၈၆ အထိ အသီးသီးျမင့္တက္လာခဲ့ပါတယ္။

ဤအေတာအတြင္း အလုပ္ သို႔မဟုတ္ ကစားျခင္း စသည္ကို အိမ္မွ ျပဳလုပ္ေနၾကရတဲ့အတြက္ beautyအမွတ္တံဆိပ္ဟာ ေဖာက္သည္ေတြနဲ႕တျဖည္းျဖည္း ေဝးကြာနည္းပါးလာတယ္လို႔ ခံစားေနရပါတယ္။ Evercore / Nielsen တြင္ လြန္ခဲ့ေသာ သီတင္းပတ္က ေရာင္းအား ၉ ရာခိုင္ႏႈန္း ျမင့္တက္ၿပီးေနာက္ L'Oreal ရဲ႕ ေရာင္းအားသည္ မတ္လ ၂၂ ရက္တြင္ ၁၀ ရာခိုင္ႏႈန္း က်ဆင္းခဲ့ပါတယ္။ Coty ေရာင္းအားသည္ ၿပီးခဲ့သည့္အပတ္က ၉ ရာခိုင္ႏႈန္း က်ဆင္းၿပီးေနာက္ ဒုတိယအပတ္တြင္ ၁၇ ရာခိုင္ႏႈန္း ထပ္မံ က်ဆင္းသြားပါတယ္။

"ဒီအခ်ိန္မွာ ေအာင္ျမင္သူမ်ား" သည္ ကာလတို အက်ိဳးအျမတ္ကို ရည္ၫႊန္းေနတယ္လို႔ စိတ္ထဲခံစားေနၾကၿပီး ေရာင္းဝယ္ ေဖာက္ကားသူမ်ားသည္ အခြင့္အေရးယူရန္ မလိုေတာ့သည့္ အတြက္ စိတ္မခ်မ္းမသာျဖစ္ေနၿပီး Third Party ေရာင္းခ်သူမ်ားက အြန္လိုင္းေပၚတြင္ ေစ်းႏႈန္းမ်ား တတ္ႏိုင္သေလာက္ တက္လာသည္ႏွင့္အမွ်၊ ေစ်းကြက္သမားမ်ားအေနျဖင့္ အက်ပ္အတည္းကာလအတြင္း စတိုးဆိုင္မ်ားကို ျဖည့္ရန္ ထုတ္လုပ္မႈႏွင့္ျဖန႔္ျဖဴးမႈမ်ားကို ဖြင့္ထုတ္ရန္ လိုအပ္ပါတယ္္။ အပတ္အနည္းငယ္အတြင္း အေရာင္းအ၀ယ္မ်ားသည္ သိသိသာသာ က်ဆင္းသြားမွာ ျဖစ္ပါတယ္။

ထို႔အျပင္အထက္တြင္ ေဖာ္ျပထားေသာ ကုမၸဏီမ်ားအားလုံးသည္ ကုသိုလ္ျဖစ္ေပးဆပ္မႈကို တိုးျမႇင့္လုပ္ကိုင္ခဲ့ၿပီး အခ်ိဳ႕ေသာ အလုပ္မ်ားသည္ က်န္းမာေရးလုပ္သားမ်ားအတြက္ လက္သန႔္ေဆးမ်ား၊maskမ်ား သို႔မဟုတ္ လိုအပ္ေသာ အသံုးအေဆာင္မ်ားကို ျပဳလုပ္ေပးခဲ့ၾကပါတယ္။

 

Advertising Agencies & Specialists (ေၾကာ္ျငာေအဂ်င္စီမ်ားႏွင့္ကၽြမ္းက်င္သူမ်ား (၄၃၈)ခုကိုရွာရန္ႏွိပ္ပါ)

 

<<<Unicode>>>

 

 

Coronavirus ဖြစ်ပွားမှု ကာလအတွင်း ရောင်းအားမြင့်တက်မှုရဲ့'Winner'ကို Corona Beer ရရှိ

Nielsen ၏ အချက်အလက်များအရ အလှအပတံဆိပ်များသာမက အိမ်သာစက္ကူ၊ပိုးသတ်ဆေးနှင့် အသင့်စား အစားအစားများကို ထိန်းမရအောင် ပိုမို ဝယ်ယူခြင်းများရှိသောကြောင့် ဈေးကွက်မှာ ကြီးမားတဲ့ရောင်းချမှုတွေဟာ ဖြစ်ပေါ်နေပါတယ်။နောက်ဆုံးပေါ် Nielsen နံပါတ်များသည် ထုပ်ပိုးထားသော ကုန်ပစ္စည်းအမှတ်တံဆိပ်များ အတွက် ဖြစ်ပါတယ်။ ၎င်းတို့သည် သင် ထပ်ခါထပ်ခါ မတွေ့ရတော့မည့် အရာများဖြစ်ပြီး coronavirus ဘေးအန္တရာယ်နှင့် အလှကုန်အမှတ်တံဆိပ်များကြား ဈေးကွက် အရှုံးသမားများကြောင့် တခါတရံ အံ့သြစရာကောင်းလောက်အောင် ကြီးမားသော အောင်မြင်သူများရှိလာပါတယ်။

ဖြေဆိုသူ ၃၈ ရာခိုင်နှုန်းက ထပ်မံဝယ်ယူတော့မှာ မဟုတ်ဘူး ဟု ပြောကြားခဲ့ကြပါတယ်။Corona ဘီယာအတွက် ဈေးကွက်ပျက်စီးခြင်းကို ကြိုတင်ခန့်မှန်းထားသည့် 5WPR စစ်တမ်းကိုသတိရပါသလား။ အဲဒါကိုမမေ့ပါနဲ့ Credit Suisse မှ Nielsen ရဲ့အချက်အလက်များအရ Corona ပိုင်ရှင် Constellation Brands သည် ရောင်းအား ၃၉ ရာခိုင်နှုန်းမြင့်တက်ကာ Corona မိသားစုဦးဆောင်သော ရောင်းအားသည် ၅၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ကြည့်ရသည်မှာ Corona ဘီယာသည် Zoom happy hours ၌ လူကြိုက်များနေခြင်းကြောင့်ဖြစ်ပါတယ်။

Evercore ISI ရဲ့ Nielsen ၏ အချက်အလက်များအရ မတ်လ ၁၅ ရက်တွင် အဆုံးသတ်သည့် ရက်သတ္တပတ်က အထိတ်တလန့်ဖြစ်မှုသည် မတ်လ ၂၂ ရက်တွင် အဆုံးသတ်ခဲ့တဲ့ ၎င်းရက်သတ္တပတ်များအတွင်း ဝယ်ယူမှုအလွန်အမင်းမြင့်တက်နေဆဲဖြစ်ပါတယ်။ Winnerဆုကို ဦးဆောင်နေသူမှာ Kimberly-Clark Corp. ဖြစ်ပြီး အိမ်သာသုံးစက္ကူ အမှတ်တံဆိပ်ဖြစ်သည့် Scott နှင့် Cottonelle တို့က မတ်လ ၁၅ ရက်ရဲ့ ကုန်ဆုံးသည့်ရက်သတ္တပတ်၌ ရောင်းအား ၁၆၀ ရာခိုင်နှုန်း နှင့်မတ်လ ၂၂ ရက်တွင် တစ်ပတ်လျှင် ရောင်းအား ၉၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။

အခြားအကျိုးအမြတ်ရရှိသူများမှာ RB (Lysol နှင့် Mucinex ရဲ့ထုတ်လုပ်သူ Reckitt Benckiser) ဖြစ်ပြီး ၁၄၈ရာခိုင်နှုန်းနှင့် ၉၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။၂ပတ်အတွင်းမှာClorox Co., ၁၂၅/၉၁အထိတက်လာပြီး Procter & Gamble ကုမ္ပဏီ (Charmin၊ Bounty နှင့် Pampers ကိုထုတ်လုပ်သူ)၁၀၉/၆၈ အထိ၊ Colgate-Palmolive Co. (သွားတိုက်ဆေးနှင့်ဆပ်ပြာ) ၉၀/၈၀ အထိနှင့် ရက်သတ္တပတ်နှစ်ပတ်ရဲ့ ဒုတိယအကြိမ်တွင် ရောင်းအားကို အနည်းငယ် အရှိန်မြှင့်လာသော Kraft Heinzသည် ၇၅/၈၆ အထိ အသီးသီးမြင့်တက်လာခဲ့ပါတယ်။

 

ဧပြီလမှာ ကြော်ငြာဈေးကွက်ရဲ့ ၅၀ရာခိုင်နှုန်းကျဆင်းမှုနဲ့ ရင်ဆိုင်ရမယ့် UKကြော်ငြာဈေးကွက်

 

ဤအတောအတွင်း အလုပ် သို့မဟုတ် ကစားခြင်း စသည်ကို အိမ်မှ ပြုလုပ်နေကြရတဲ့အတွက် beautyအမှတ်တံဆိပ်ဟာ ဖောက်သည်တွေနဲ့တဖြည်းဖြည်း ဝေးကွာနည်းပါးလာတယ်လို့ ခံစားနေရပါတယ်။ Evercore / Nielsen တွင် လွန်ခဲ့သော သီတင်းပတ်က ရောင်းအား ၉ ရာခိုင်နှုန်း မြင့်တက်ပြီးနောက် L'Oreal ရဲ့ ရောင်းအားသည် မတ်လ ၂၂ ရက်တွင် ၁၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ Coty ရောင်းအားသည် ပြီးခဲ့သည့်အပတ်က ၉ ရာခိုင်နှုန်း ကျဆင်းပြီးနောက် ဒုတိယအပတ်တွင် ၁၇ ရာခိုင်နှုန်း ထပ်မံ ကျဆင်းသွားပါတယ်။

"ဒီအချိန်မှာ အောင်မြင်သူများ" သည် ကာလတို အကျိုးအမြတ်ကို ရည်ညွှန်းနေတယ်လို့ စိတ်ထဲခံစားနေကြပြီး ရောင်းဝယ် ဖောက်ကားသူများသည် အခွင့်အရေးယူရန် မလိုတော့သည့် အတွက် စိတ်မချမ်းမသာဖြစ်နေပြီး Third Party ရောင်းချသူများက အွန်လိုင်းပေါ်တွင် ဈေးနှုန်းများ တတ်နိုင်သလောက် တက်လာသည်နှင့်အမျှ၊ ဈေးကွက်သမားများအနေဖြင့် အကျပ်အတည်းကာလအတွင်း စတိုးဆိုင်များကို ဖြည့်ရန် ထုတ်လုပ်မှုနှင့်ဖြန့်ဖြူးမှုများကို ဖွင့်ထုတ်ရန် လိုအပ်ပါတယ်။ အပတ်အနည်းငယ်အတွင်း အရောင်းအဝယ်များသည် သိသိသာသာ ကျဆင်းသွားမှာ ဖြစ်ပါတယ်။

ထို့အပြင်အထက်တွင် ဖော်ပြထားသော ကုမ္ပဏီများအားလုံးသည် ကုသိုလ်ဖြစ်ပေးဆပ်မှုကို တိုးမြှင့်လုပ်ကိုင်ခဲ့ပြီး အချို့သော အလုပ်များသည် ကျန်းမာရေးလုပ်သားများအတွက် လက်သန့်ဆေးများ၊maskများ သို့မဟုတ် လိုအပ်သော အသုံးအဆောင်များကို ပြုလုပ်ပေးခဲ့ကြပါတယ်။

 

Reference Source:AdAge

Myanmar Advertising Directory

Read times
Rate this item
(0 votes)