-->
×

Warning

JUser: :_load: Unable to load user with ID: 29





 


 


 


 


 

စားသုံးသူများရဲ့ ဝယ်ယူမှု့ ဖြစ်စဉ် ၆ ဆင့်

 


 


 


 

 

Cinema Halls(ရုပ်ရှင်ရုံများ(၃၇)ခုကိုရှာရန်နှိပ်ပါ၊)

 

<<< Unicode >>>

 

ရှုပ်ထွေးနေတဲ့ အနေအထားတွေနဲ့ ကြော်ငြာ ရေးရာ အခြေအနေ

----------------

 

အခုဆိုရင် ကမ္ဘာနဲ့ တစ်ဝှမ်းကိုရိုနာရောဂါ ပြန့်ပွား မှု့ကြောင့် ကြော်ငြာ ရေးရာ နယ်ပယ်က အေးစက် လုနီးနီးကို ဖြစ်နေပါပြီ။အွန်လိုင်းကြော်ငြာ ၊ တီဗီကြော်ငြာ ၊ တယ်လီဖုန်း စာပို့ ကြော်ငြာ အစရှိသည်တို့ မှ လွဲ ၍ လူတွေ အိမ်ထဲက အိမ်ပြင် ကို မထွက် ရသောကြောင့် နေအိမ်ပြင်ပ ကြော်ငြာ ရေးရာ များကတော့ ရပ်တန့် နေသလို ဖြစ်သွားပါပြီ။

 

ကြော်ငြာ တဲ့ လူတွေ က လည်း ရှားကို ရှားသွားတယ် ၊ ခရီးသွားလာမှု့တွေမရှိတော့ အရင် ကြော်ငြာ ကြေးငွေ မြှောက်များစွာသုံးတဲ့ လေယာဉ် လိုင်းတွေ၊ ဟော်တယ်တွေ ၊ အပျော်စီးသင်္ဘောတွေ ဆို ခရီး အသွား အလာ မရှိတော့ ကြော်ငြာတာ မျိုးရှိ လုံးဝကို မတွေ့ရတော့ ပါဘူး။

 

ထို့အပြင် လောင်းကစားရုံ ကြီးတွေ ၊ ညဘက် ပျော်စံရာ Night Club စတဲ့ လူစု လူဝေးနေရာတွေကလည်း ပိတ်လိုက်ရသဖြင့် ကြော်ငြာ ခြင်း မပြု ကြတော့ ပါဘူး။ဒီတော့ ဒါက ကြော်ငြာ လောက တွက် အတော်လေး နစ်နာ ဆုံး ရှုံးမှု့ တွေပါပဲ။

 

အခုအချိန်မှာ Hollywood မှာ ဆိုရင် ရုပ်ရှင် ရိုက်ကူးမှု့ တွေရော ထုတ်လုပ်ဖြန့် ချီ မှု့ တွေရော ကို နားထားတယ် သိရပါတယ်။ ဒီတော့ ယခင်လိုနယူးရော့ ရဲ့ လမ်းမကြီးတွေပေါ် မှာ ကြော်ငြာ ဆိုင်းဘုတ်တွေ မတွေ့ ရတော့ ပါဘူး ။ ရုပ်ရှင် ကြော်ငြာ တွေက Zoom ဆိုတဲ့ စီးပွားရေးသမားများ နေအိမ်မှ အစည်းအဝေး လုပ်တဲ့ App မှာကြော်ငြာ နေတာတွေ့ရပါတယ်။

 

လုပ်ငန်းတွေတော်တော်များများ ရပ်တန့် လိုက်လို့ကြော်ငြာ ရေးရာ ကိစ္စရပ် တွေ ကတော့ စီးပွားရေး လုပ်ငန်းတွေ မလည်ပတ်သ၍ အရင် လို မြိုင်မြိုင်ဆိုင်ဆိုင် ပြန်တွေ့ ရမည် မဟုတ်ပါ ။ တချို့တွေဆို ကမ္ဘာနဲ့ တစ်လွား ယခု စီးပွားရေး အခြေအနေ ကို ဆက်လက်တောင့်မခံ နိုင်ပဲ ဒေဝါလီခံ လိုက်တဲ့ လုပ်ငန်းစုတွေ ရှိပါတယ်။

 

ပြောရရင် တော့ သမိုင်းကြောင်းတွေလဲ မကယ်နိုင်တော့ ပါဘူး စပိန်မှာ ၁၉၁၈ ခုနှစ် စပိန်တုတ်ကွေးဖြစ်တယ် ငွေကြေး ပိုင်းဆိုင်ရာ အခက်အခဲ ကြုံခဲ့ ပေမဲ့ ထိုစဉ်က ကြော်ငြာလောက ရှိကို မရှိသေးပါဘူး စပိန်တုတ်ကွေးဖြစ်ပြီး ဆယ်ဆုနှစ် နှစ်ခု လောက် အကြာမှ ကြော်ငြာ လောက က စတင်ထွန်းကားလာခဲ့တာပါ။

 

လုပ်ငန်းအမှတ်တံဆိပ်ထားရှိခြင်းရဲ့ အကျိုးကျေးဇူးများ

 

ဒါ့ထက် Digital ကြော်ငြာ ရေး ရာ ပိုင်းက ၂၀၀၈ ခုနှစ်ကနေ စတင် ထွန်းကားလာတယ်လို့ ပြောလို့ ရပါတယ်။အစပိုင်းမှာ ငွေကြေး အသုံးပြု ခြင်းက ဒီဂျစ်တယ်ပိုင်းမှာဆို ၁၂ ရာခိုင်းနှုန်းသာ ရှိတယ်ဆိုရမယ်။ယခုချိန်မှာတော့ ကြော်ငြာ နယ်ပယ်ကြီးရဲ့ ငွေကြေး ၅၅ ရာခိုင်နှုန်းဟာ Digital Advertising မှာ အသုံးပြု ထားတယ်လို့ သိရပါတယ်။

 

IAB ( Interactive Advertising Bureau ) ရဲ့ ဥက္ကဌဖြစ်သူ David Cohen ေပြာကြား ချက်အရ ‘ ကြော်ငြာ ရေးရာက ၁၂ နှစ်အတွင်း အတော်လေး ပြောင်းလဲ သွားတယ် အထူးသဖြင့် Digital ကြော်ငြာ ပိုင်းဆိုင်ရာမှာ ပိုပြီးပြောင်းလဲသွားပါတယ် ‘ ဟုဆိုကာပြောကြားထားခဲ့ပါတယ်။

 

အခုအနေ အထားမှာတော့ စီးပွားရေးလုပ်ငန်းတွေ မလည်ပတ်သ၍ ကြော်ငြာ ပိုင်းဆိုင်ရာ နယ်ပယ်က ဒီဂျစ်တယ် နဲ့ တီဗီ ကြော်ငြာ များက လွဲ၍ အခြား ကြော်ငြာ ပိုင်းဆိုင်ရာတွေ အေးနေအုံးမှာပါပဲ။နောက် ၆ လ လောက် ကြာလို့ ကိုရိုနာ ကူးစက်မှု့ လျော့ပါးပြီး လူတွေ အေးဖြစ်လာပြီဆိုရင်တော့ ကြော်ငြာ ရေးရာ နယ်ပယ်လဲ ပြန်လည် အသက်ဝင်လာမယ်သိရပါတယ်။

 

 

 

Myanmar Advertising Directory 

 

Read times
Rate this item
(0 votes)