-->
×

Warning

JUser: :_load: Unable to load user with ID: 29


လုပ်ငန်းခွင်နဲ့ပတ်သက်ပြီး စတိဂျော့အကြံပြုခဲ့တဲ့ အချက်(၉)ချက်

Apple ကုမ္ပဏီကို စတင်ထူထောင်ခဲ့တဲ့ စတိဂျော့ (Steve Jobs) ဟာ သူ့ရှေ့မှာထူထောင်ထားတဲ့ကုမ္ပဏီတွေ တစ်ခုပြီးတစ်ခုလဲပြိုနေပေမယ့် အခုထိအောင်မြင်နေတုန်းပါပဲ။လုပ်ငန်းခွင်နဲ့ပတ်သတ်ပြီး  မဆုံးပါးခင် စတိဂျော့ပြောတဲ့အရာတွေထဲမှာ လေ့လာမှတ်သားထားသင့်တဲ့ အချက်တွေကိုဗဟုသုတရအောင်ဖော်ပြပေးလိုက်ပါတယ်။


၁။ စီးပွားရေးလုပ်ရာတွင် ကိုယ်ချင်းစာတရားထားရှိပါ။

ဈေးရောင်းရာမှာတင်မကပဲ ဝန်ဆောင်မှုတစ်ခုခု ပေးရာတွင်ဖြစ်ဖြစ်၊ အကြံပေးလုပ်ငန်းလုပ်ရာတွင်ဖြစ်ဖြစ် အရေးအကြီးဆုံးက ကိုယ့်ဝယ်သူတွေအပေါ်မှာ ကိုယ်ချင်းစာတရားထားပြီး နားလည်နိုင်ဖို့ပဲဖြစ်ပါတယ်။
သင်ကိုယ်တိုင်သူ့နေရာမှာဝင်နေပြီး သင်ပေးနေတဲ့ဝန်ဆောင်မှုကို ပြန်လည်သုံးသပ်ကြည့်ပါ။ သင့်ဝန်ဆောင်မှုကို ပိုမိုကောင်းမွန်အောင်ပြုလုပ်နိုင်ဖို့ အကြံဉာဏ်ကောင်းများ ပိုမိုရရှိလာပါလိမ့်မယ်။

 

၂။ စိတ်ချမ်းသာရမယ့်အလုပ်ကိုသာလုပ်ပါ။

စတိဂျော့ဟာ သူ့ဘဝတစ်လျှောက်လုံးမှာ Company ကို ဦးဆောင်ခြင်းမှလွဲပြီးကျန်တဲ့အအချိန်တွေမှာ သူစိတ်ဝင်စားတဲ့ နည်းပညာပိုင်းကိုသာ လုပ်ကိုင်ခဲ့ပါတယ်။ လူတိုင်းမှာအဆင်နေတဲ့အလုပ်နဲ့အဆင်မပြေတဲ့ အလုပ်ရှိနေနိုင်ပေမယ့် သင့်ကိုယ်သင်မေးရမှာက ဒီအလုပ်ဟာသင်လုပ်ချင်တဲ့အလုပ်လား ဆိုတာပါပဲ။ လုပ်နေတဲ့အလုပ်မှာ ပျော်ရဲ့လားဆိုတာကို မေးသင့်ပါတယ်။ သင့်ကိုပျော်ရွှင်စေတဲ့ အလုပ်မှာသာလုပ်ပါ။

 

၃။ သင့် products ကို အကောင်းဆုံးဖြစ်အောင်လုပ်ပါ။

ဒါပေမယ့် သုံးရအခက်အခဲဆုံးနဲ့ဈေးအကြီးဆုံးမဖြစ်ပါစေနဲ့။ နည်းပညာကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေနဲ့ပိုပြီးသက်ဆိုင်ပါတယ်။ သင်ဟာ သင့်ရဲ့နည်းပညာနယ်ပယ်မှာ အကျွမ်းကျင်ဆုံးဖြစ်ပါစေ။ ဒါပေမယ့် အဲ့ဒီကျွမ်းကျင်မှု အားလုံးကို သင့်ရဲ့ရောင်းကုန်မှာ မထည့်လိုက်ပါနဲ့။ ဘာလို့လဲဆိုတော့ လူတိုင်းကသင့်ရဲ့နည်းပညာကို လိုက်လို့မမှီလို့ပါ။ ဒါ့အပြင် ဈေးကိုလည်းလူတိုင်းတတ်နိုင်သော ဈေးဖြစ်အောင်သတ်မှတ်ပါ။

 

၄။ တုံးအပြီးပျင်းရိနေတဲ့သူများကို သင့်ပတ်ဝန်းကျင်မှာမရှိပါစေနဲ့။

တုံးအပြီးပျင်းရိနေတဲ့သူများကို ဘယ်တော့မှသည်းမခံပါနဲ့။ ဘယ်တော့မှ သင့်ရဲ့ company ကိုအဝင်မခံပါနဲ့။ အဲလိုမှမဟုတ်ရင် သင့်company မှာရှိတဲ့ အခြားသူများကိုပါ သူတို့ရဲ့တုံးအနေတာတွေ၊ ပျင်းရိနေတာတွေကို ကူးစက်ကုန်ပါလိမ့်မယ်။

 

၅။ ဘယ်လိုဦးဆောင်ရမလဲဆိုတာကို လေ့လာသင်ယူပါ။

သင့်ရဲ့company ကို ကြီးကြီးမားမားအောင်မြင်စေချင်တယ်ဆိုရင် အရာအားလုံးကိုသင်တစ်ယောက်တည်း လုပ်လို့မရတော့ပါ။ တာဝန်တွေခွဲဝေယူဖို့ကျွမ်းကျင်တဲ့သူတွေလိုလာပါပြီ။ အဲ့လိုလူတွေကို ဦးဆောင်ပြီးစီမံနိုင်ဖို့ရာ သင့်မှာ ခေါင်းဆောင်ကောင်း၊ မန်နေဂျာကောင်း၊ အရည်အသွေးတွေလိုအပ်လာပါပြီ။

 

၆။ သင့်ကျန်းမာရေးကို ဘယ်တော့မှအလောင်းအစားမထပ်ပါနဲ့။

အလုပ်ကြိုးစားတာကောင်းပါတယ်။ ဒါပေမယ့် သင့်ခန္ဓာကိုယ်က လုပ်နိုင်တာထက်ပိုပြီး မကြိုးစားလိုက်ပါနဲ့။ အထူးသဖြင့် သင့်ရဲ့ဆရာဝန်က သင့်ကိုကျန်းမာရေးအတွက် သတိပေးစကားတွေ ပြောထားပြီးသား ဖြစ်နေတယ်ဆိုရင်ပေါ့။ စတိဂျော့သာ သူရဲ့ကင်ဆာကို ဆရာဝန်ကုသချင်တဲ့အတိုင်း ကုသမှုခံယူခဲ့မယ်ဆိုရင် အခုအချိန်အထိ အသက်ရှင်ကောင်းရှင်နေပါလိမ့်မယ်။

 

၇။ company ရဲ့အာက်ခြေပိုင်းအလုပ်များကိုလည်း မျက်ခြေမပျက်စေပါနဲ့။

သင်လုပ်နေတဲ့အလုပ်တိုင်းမှာ ဘယ်လောက်ပင်သေးတော့ အလုပ်ဖြစ်ပါစေ ဂုဏ်ယူလိုက်ပါ။ ဘာကို ဆိုလိုသလဲဆိုတော့ company ဒါရိုက်တာကြီးဖြစ်နေတဲ့အတွက် အောက်ခြေပိုင်းအလုပ်တွေကို မျက်နှာလွှဲထားလို့မရပါဘူး။ အောက်ခြေပိုင်းမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို အမြဲသိနေဖို့လိုပါတယ်။

 

၈။ ရည်မှန်းချက်တစ်ခုပြီးမြောက်ပါက နောက်ရည်မှန်းချက်တစ်ခုချမှတ်ပါ။

အကယ်၍များ သင့်ရည်မှန်းချက်တစ်ခု အောင်မြင်ခဲ့ပါက နောက်တစ်ခုချမှတ်ပါ။ CEO တော်တော်များများဟာ ရည်မှန်းချက်တစ်ခုပြည့်ခဲ့ပါက အဲ့ဒီအောင်မြင်မှုတွေနဲ့ပျော်ရွှင်ယစ်မူးနေပြီး နောက်ထက်တစ်ဆင့်တက်ဖို့ကို မေ့လျော့သွားတတ်ကြပါတယ်။

 

၉။ သင့်ကုန်ပစ္စည်းရဲ့ထုတ်ပိုးမှုနဲ့ဆွဲဆောင်မှုတွေကလည်း တစ်ခါတစ်ရံမှာအရေးကြီးတတ်ပါတယ်။

သင့်ကုန်ပစ္စည်းအရည်အသွေး ဘယ်လောက်ကောင်းကောင်း ကြော်ငြာအားကလည်း အမြဲအရေးကြီးပါတယ်။ ဒါကြောင့် သင့်လုပ်ငန်းအောင်မြင်ဖို့Marketing Plan လုပ်ရာမှာ Advertising အတွက်ဘယ်တော့မှမမေ့ပါနဲ့။

 

Myanmar Advertising Guide 

Read times
Rate this item
(1 Vote)