-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဖေ့ဘွတ်ခ်တည်ထောင်သူ မာ့ခ်ဇူကာဘတ်ရဲ့လူသိနည်းတဲ့စိတ်ဝင်စားစရာအချက်များ

ကမ္ဘာ့အကြီးဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုဖြစ်တဲ့ဖေ့ဘွတ်ခ်ကို စတင်တည်ထောင်ခဲ့တဲ့ မာ့ခ်ဇူကာဘတ်ဟာ ဘဝကိုရိုးရှင်းစွာနေထိုင်သူ တစ်ယောက်ဖြစ်ကြောင်း အားလုံးသိပြီးသားပါ။ကျွန်တော်တို့တွေအားလုံး သူ့ကိုသိကြပေမယ့် သူနဲ့ပတ်သတ်ပြီးလူသိနည်းသေးတဲ့ စိတ်ဝင်စားစရာအချက်တွေ ရှိပါသေးတယ်။

 

၁။ မာခ့်ဟာ Color Blind တစ်ယောက်ဖြစ်ပြီး အရောင်ခွဲခြားနိုင်စွမ်းချို့တဲ့သူဖြစ်ပါတယ်။ ဒါကြောင့် အပြာရောင်ကိုရွေးချယ်သုံးစွဲခဲ့တာပါ။ အခြားအရောင်တွေကို ရွေးချယ်နိုင်စွမ်းသိပ်မရှိပါဘူး။

 

၂။ သူဟာ သူ့ကိုယ်သူကြီးမားတဲ့အရာတွေအတွက် လေ့ကျင့်ပေးနိုင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူဟာဘာသာစကားအများကြီးကို တတ်ကျွမ်းသူဖြစ်ပြီး ရှေးခေတ်ဂရိဘာသာ၊ လက်တင်၊ ဟီဘရူး၊ Mandarin နဲ့ ပြင်သစ်ဘာသာစကားစတဲ့ ခက်ခဲတဲ့ဘာသာတွေကိုတောင်မှ ရေးနိုင်ဖတ်နိုင်သူတစ်ယောက်ဖြစ်ပါတယ်။

 

၃။ မာခ့်ဇူကာဘတ်ဟာ ဖေ့ဘွတ်ခ်ရဲ့စီအီးအိုတစ်ယောက်ဖြစ်တဲ့အတွက် လစာအများကြီးရမယ်လို့ သင်ထင်ပါသလား။ တကယ်တော့ သူဟာနှစ်စဉ်ကြေးလစာအဖြစ် ၁ ဒေါ်လာကိုသာယူပါတယ်။

 

၄။ ပရိုဂရမ်ရေးသားခြင်းဟာ ကလေးတွေရဲ့ ကစားနည်းမဟုတ်ပါဘူး။ ဒါပေမယ့် ဇူကာဘတ်ကတော့ အသက် ၁၃ နှစ်ထဲက သူကိုယ်ပိုင်ပရိုဂရမ်တွေ ရေးသားနေသူဖြစ်ပါတယ်။ ဒါဟာ ဉာဏ်ကြီးရှင်တွေသာ လုပ်နိုင်တဲ့အလုပ်ဖြစ်ပါတယ်။ ပထမဦးစွာ သူ့ရဲ့မိသားစုနာမည်နဲ့ ZUCKNET ဆိုတဲ့ မက်ဆေ့ပို့နိုင်တဲ့ပလက်ဖောင်းနဲ့ စတင်ခဲ့တာဖြစ်ပါတယ်။

 

၅။ မာ့ခ်မှာ သူ့ရဲ့ပရိုဖိုင်အတွက် Special Feature တွေရှိပါတယ်။ သူ့ကိုဘယ်သူမှ Block လို့မရနိုင်ပါဘူး။ သွားပြီး မကြိုးစားကြည့်ပါနဲ့။ Lock ကျသွားမှ ခက်နေပါ့မယ်။

 

၆။ သူဟာ သူ့ရဲ့ဇနီးဖြစ်သူ Priscilla Chan နဲ့ ဘယ်လိုတွေ့ဆုံခဲ့ပြီး မေတ္တာမျှခဲ့ကြတယ်လို့ ထင်ပါသလဲ။ သူတို့ရဲ့အချစ်ဇာတ်လမ်းက အိမ်သာမှာတန်းစီနေရင်း စတင်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ စိတ်ဝင်စားဖို့မကောင်းဘူးလား။

 

၇။ သူကျောင်းတက်နေတဲ့ အချိန်မှာတည်းက Microsoft, AOL လိုကုမ္ပဏီကြီးတွေရဲ့ ကမ်းလှမ်းခြင်းကိုခံခဲ့ရတာပါ။ ဒါပေမယ့် သူငြင်းပယ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာမတူတာတွေကို ဖန်တီးဖို့ မွေးဖွားလာသူဖြစ်ကြောင်း သိနေလို့ပါပဲ။

 

၈။ မာခ့်ဟာ သူ့ရဲ့ စတေးတပ်တွေ၊ ဓါတ်ပုံတွေ နဲ့ ပို့စ်စတာတွေတင်ပြီးရင် စောင့်ကြည့်ဖို့အတွက် လူ ၁၂ ယောက်ကို ငှားရမ်းထားပါတယ်။

 

၉။ ၂၀၀၄ ခုနှစ်က တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေအတွက် ရည်ရွယ်ပြီး Thefacebook ဆိုတဲ့ ပလက်ဖောင်းကိုတီထွင်ခဲ့ပါတယ်။ ယခုမှာတော့ ကျွန်တော်တို့အားလုံး တွင်တွင်ကျယ်ကျယ် သုံးနေကြတဲ့ဖေ့ဘွတ်ခ် ဖြစ်နေပါပြီ။

 

၁၀။ သူဟာ သူ့ကိုအနှောက်အယှက်ဖြစ်စေနိုင်တဲ့အရာတွေကို အာရုံစိုက်ပြီး ရှောင်ရှားတတ်သူဖြစ်တဲ့အတွက် သူ့ရဲ့အိမ်မှာတီဗွီတောင်မရှိခဲ့ပါဘူး။ တီဗွီက ကြီးကျယ်တဲ့အိုင်ဒီယာတွေ မပေးနိုင်ဘူးလို့ သူယူဆလို့ပါ။

 

သူဟာ ကမ္ဘာကြီးကိုပြောင်းလဲဖို့ စတင်စိတ်ကူးခဲ့ကတည်းက နေ့ရောညပါအလုပ်လုပ်ခဲ့သူတစ်ယောက်ပါ။ ဒါကြောင့်လည်း ယခုလိုအောင်မြင်လာပြီး လူတွေဘီလီယံနဲ့ချီအောင် သုံးစွဲနိုင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့စိတ်ကူးတွေကို ကမ္ဘာကြီးနဲ့ချိတ်ဆက်ပေးနိုင်ခဲ့တယ်။ ဒီအတွက် အလုပ်အရမ်းကြိုးစားခဲ့တာကို အားလုံးသင်ခန်းစာ ယူသင့်ပါတယ်။


Myanmar Advertising Directory

Read times
Rate this item
(0 votes)