-->
×

Warning

JUser: :_load: Unable to load user with ID: 29


Online-to-Offline ကြော်ငြာပလက်ဖောင်း တစ်ခုဖြစ်သည့် GrabAds အကြောင်းသိကောင်းစရာ

စင်ကာပူနိုင်ငံတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၁ ရက် မှစတင်ပြီး ကုန်ပစ္စည်း အမှတ်တံဆိပ်များအတွက် အရှေ့တောင်အာရှ ဒေသတစ်ဝှမ်းရှိ သန်းပေါင်းများစွာသော သုံးစွဲသူများနှင့် ချိတ်ဆက်နိုင်မည့် online-to-offline (O2O) ပလက်ဖောင်း တစ်ခုကို ထောက်ပံ့ပေးနိုင်သည့် ကုမ္ပဏီ၏ ကြော်ငြာလုပ်ငန်း GrabAds အားစတင်မိတ်ဆက်ခဲ့သည်။ GrabAds သည် အရှေ့တောင်အာရှ နိုင်ငံပေါင်း ၈ နိုင်ငံနှင့် မြို့ပေါင်း ၂၀၀ ကျော်ရှိ ဒစ်ဂျစ်တယ်စွမ်းရည် ပြည့်ဝသည့် မော်တော်ယာဉ်ပေါင်းစုံ အုပ်စုကြီးတစ်ခုနှင့် ချိတ်ဆက်ထားသော အလုံးစုံ ပြီးပြည့်စုံသည့် ကြော်ငြာ လုပ်ငန်းတစ်ခုပင်ဖြစ်သည်။

 

 


GrabAds သည် မိတ်ဖက်ယာဉ်မောင်းများနှင့် မိတ်ဖက် ကုန်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းများအတွက် ဝင်ငွေပိုမို ရှာဖွေနိုင်မည့် အခွင့်အလမ်း တစ်ခုဖြစ်ပြီး မိမိတို့ သွားလာမောင်းနှင်ရင်း အပိုဝင်ငွေ ရှာဖွေရန် အကောင်းဆုံးဖြစ်သည့် နှစ်သက်ရာ ကြော်ငြာပုံစံကို စိတ်ကြိုက် ရွေးချယ်နိုင်ပါသည်။ GrabAds နှင့် ပူးပေါင်းကာ ကြော်ငြာ အစီအစဉ်များတွင် ပါဝင်ခဲ့သည့် ဒေသတွင်း မိတ်ဖက်ယာဉ်မောင်းများနှင့် မိတ်ဖက် ပို့ဆောင်ရေး လုပ်ငန်းများသည် ပျမ်းမျှအားဖြင့် အပိုဝင်ငွေ ၁၀ ရာခိုင်နှုန်း ရရှိခဲ့ကြသည်။

 

GrabAds တွင် ရရှိနိုင်သော ဝန်ဆောင်မှုများမှာ ဥပမာအားဖြင့် ကားအတွင်း ကြော်ငြာထားရှိခြင်း သို့မဟုတ် အက်ပလီကေးရှင်း အတွင်း သုံးစွဲသူနှင့် ချိတ်ဆက်ခြင်း စသည်တို့ဖြစ်ပြီး ဈေးကွက်တစ်ခုချင်းစီအလိုက် လိုအပ်သည့်နေရာတွင် လိုအပ်သလို ပြောင်းလဲဝန်ဆောင်ပေးနိုင်ပါသည်။

 

GrabAds က ၎င်းတို့၏ ကြီးမားသော အချက်အလက် ရင်းမြစ်များ၊ ပြည်တွင်းဈေးကွက် အခြေအနေ လေ့လာချက်များနှင့် ခိုင်မာသော O2O ရပ်တည်မှုတို့အပေါ် အခြေခံပြီး ကုန်ပစ္စည်း အမှတ်တံဆိပ် များအတွက် သုံးစွဲသူနှင့် လေးနက်မှန်ကန်သော ချိတ်ဆက်မှုများကို ဖန်တီးပေးနိုင်မည်ဖြစ်ပြီး အခက်အခဲ တစ်စုံတစ်ရာမရှိဘဲ မိမိ ကြော်ငြာလိုသည့် သုံးစွဲသူအုပ်စုကို အလွယ်တကူ ခွဲခြားနိုင်ပြီ ဖြစ်ပါသည်။ သုံးစွဲသူများမှာလည်း လက်တစ်ကမ်းတွင်ရှိသော မိမိ စိတ်ဝင်စားသည့် ဝန်ဆောင်မှုနှင့် စီးပွားရေးလုပ်ငန်းများကို နှစ်သက်သလို ရွေးချယ်ပြီး ကိုယ်တိုင် စမ်းသပ်သုံးစွဲကြည့်နိုင်ပါသည်။

 

GrabAds အနေဖြင့် ဒေသတွင်းဈေးကွက်ရှိ ထိပ်တန်း ကြော်ငြာလုပ်ငန်းများစွာဖြင့် ပူးပေါင်းလုပ်ကိုင်ရန် သဘောတူ လက်မှတ်ရေးထိုးထားပါသည်။ ဒေသအသီးသီးရှိ GrabAds မိတ်ဖက်လုပ်ငန်းများမှာ အင်ဒိုနီးရှားနိုင်ငံတွင် Stickearn ၊ Karta နှင့် Interads ၊ ဖိလစ်ပိုင်နိုင်ငံတွင် United Neon ၊ စင်ကာပူနိုင်ငံတွင် Carblicity ၊ MMI ၊ DisplayScience နှင့် IRIS ၊ ဗီယက်နမ်နိုင်ငံတွင် DrivAdz တို့ပဲဖြစ်ပါသည်။

 

အဆိုပါ ပူးပေါင်းမှုများ အားလုံးသည် မိတ်ဖက်လုပ်ငန်းများ၏ လုပ်ငန်းနယ်ပယ်ရှိ အားသာချက်များကို စိတ်ဝင်စားမှု မြင့်တက်စေခဲ့ပြီး ကြီးမားသော အကျိုးရလဒ်များ ရရှိခဲ့ရုံသာမက ကြော်ငြာအတွက် ဆောင်ရွက်ရာတွင်လည်း ကုန်အမှတ်တံဆိပ် နှင့် မိတ်ဖက် ယာဉ်မောင်းများမှာ အခက်အခဲမရှိ အလွယ်တကူ စီမံခန့်ခွဲနိုင်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။GrabAds ဖြင့် ကုန်အမှတ်တံဆိပ်များသည် သုံးစွဲသူများ နှစ်ခြိုက်စေမည့် သတင်းအချက်အလက်များ၊ ထူးခြား ဆန်းသစ်သည့် ကားအတွင်းနှင့် ဒစ်ဂျစ်တယ် အတွေ့အကြုံများကို ဖန်တီးပေးအပ်နိုင်မည် ဖြစ်သည်။

 

ကုန်အမှတ်တံဆိပ်များသည် GrabAds ပလက်ဖောင်းမှတစ်ဆင့် ဘက်ပေါင်းစုံမှ ကြော်ငြာလှုပ်ရှားမှုများကို တစ်ပြိုင်နက်တည်း ပြုလုပ်ကာ မှန်ကန်သည့် သုံးစွဲသူအုပ်စုကို ပစ်မှတ်ထား ကြော်ငြာခြင်းဖြင့် မိမိတို့၏ ကုန်အမှတ်တံဆိပ်ကို ပျံ့နှံစေခြင်းနှင့် ဈေးကွက်ချဲ့ထွင်ခြင်းတွင် ပန်းတိုင်ထားသည့်အတိုင်း ရရှိနိုင်ကြမည် ဖြစ်သည်။ GrabAds ကို အောက်ဖော်ပြပါ အဓိက အမျိုးအစား သုံးမျိုးအောက်တွင် ဝန်ဆောင်မှုများစွာ ထားရှိပြီး လိုအပ်ချက်နှင့်အညီ ဝန်ဆောင်မှုတစ်ခုချင်းစီ ပေးအပ်လျက်ရှိသည်။

 

ရွေ့လျားနေသော ကြော်ငြာဆိုင်းဘုတ်များ – အရှေ့တောင်အာရှတွင် တစ်ပတ်လျှင် ခရီးမိုင် ကီလိုပေါင်း သန်း ၁၀၀ ကျော် ရွေ့လျားသွားလာနေပြီး တစ်မိနစ်လျှင် လူပေါင်း ၁၀ သန်းကျော် မြင်တွေ့ရမည့် Grab ၏ မော်တော်ယာဉ် အုပ်စုကြီးမှ ကားများ၊ ဘတ်စ်ကားများနှင့် စက်ဘီးများသည် ကုန်အမှတ်တံဆိပ်များ အတွက် ကြီးမားသော အာရုံစိုက်မှုကို ရရှိနိုင်မည့် အဆက်မပြတ် ရွေ့လျားနေသော offline ကြော်ငြာ ဆိုင်းဘုတ်ကြီးများပင် ဖြစ်ပါသည်။


အင်ဒိုနီးရှားတွင် GrabBike ပေါ်ရှိ ကြော်ငြာများသည် လမ်းမပေါ်ရှိ အခြားကြော်ငြာများအကြား ပိုမို လူသိများစေခဲ့ပါသည်။ မော်တော်ယာဉ်အုပ်စုအတွင်းရှိ GrabBike အစီးရေ ၁၀၀၀ အသုံးပြုပြီး Shopee သည် ရက် ၉၀ အတွင်း ၈၅ ရာခိုင်နှုန်းသော လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ စင်ကာပူတွင် ဘတ်(စ်)ကားများပေါ် ကြော်ငြာကပ်ခြင်းမှာ ဘတ်(စ်)ကားများသည် သတ်မှတ်ထားသော လမ်းကြောင်း အတိုင်းသာ သွားလာပြီး လမ်းမအများစုမှာလည်း ယာဉ်ကြောပိတ်ဆို့သောကြောင့် နေရာ အတိအကျဖြင့် ပြုလုပ်လိုသော ကြော်ငြာလှုပ်ရှားမှုများဖြင့် သင့်တော်မှုရှိကြောင်း တွေ့ရှိခဲ့သည်။

 

ကားအတွင်း ကြော်ငြာခြင်း – ကားအတွင်း ကုန်အမှတ်တံဆိပ်များဖြင့် ပြင်ဆင်ထားရှိခြင်းနှင့် ဒစ်ဂျစ်တယ် ကြော်ငြာများ ပြသထားခြင်းမှအစ ကားအတွင်း နမူနာပစ္စည်းများ ထားရှိခြင်းနှင့် မိမိ ကုန်ပစ္စည်းကို ရောင်းချနိုင်ခြင်းတို့အထိ ကုန်အမှတ်တံဆိပ်များသည် ကားအတွင်းပိုင်းရှိ အစိတ်အပိုင်း များကို မိမိတို့၏ ပိတ်ကားဖြူကဲ့သို့ သဘောထား၍ စိတ်ဝင်စားဖွယ်ကောင်းအောင် ပြင်ဆင်နိုင်မည် ဖြစ်ပါသည်။ မိမိတို့၏ ကြော်ငြာများကို Grab ကားအတွင်းရှိ တက်ဘလက်များတွင် ပြသထားနိုင်ပြီး ကားများကို ရွေ့လျားနိုင်သော စတိုးဆိုင်လေးတစ်ခုအဖြစ် ပြောင်းလဲကာ ခရီးသွားလာနေစဉ်အတွင်း သုံးစွဲသူများ လေ့လာစမ်းသပ်နိုင်ရန် နှင့် ထုတ်ကုန်သစ်များကို ဝယ်ယူနိုင်ရန် လုပ်ဆောင်ပေးနိုင်ပါသည်။

 

စင်ကာပူနိုင်ငံရှိ မိတ်ဖက်ယာဉ်မောင်းများသည် ကားအတွင်း ပစ္စည်းရောင်းချပေးခြင်း ဝန်ဆောင်မှုကို လက်ခံဆောင်ရွက်နေကြပြီး မိမိကားအတွင်း ဝယ်ယူသွားသော အရေအတွက်နှင့် နမူနာ ပစ္စည်းများကို ခရီးသည်များထံသို့ ပေးအပ်နိုင်သည့် အရေအတွက်အလိုက် ကော်မရှင်ခများ ရရှိနေကြပြီ ဖြစ်ပါသည်။

 

အက်ပလီကေးရှင်းအတွင်း ထည့်သွင်းကြော်ငြာခြင်း – မိမိလိုအပ်သလို ပြင်ဆင်ဖန်တီး အသုံးပြုနိုင်သည့် widget များ အပါအဝင် မိုဘိုင်း ဂိမ်း၊ ဉာဏ်စမ်းများနှင့် ဆောင်းပါးများ ကဲ့သို့ပင် Grab ၏ နေ့စဉ်သုံး အက်ပလီကေးရှင်းမှာလည်း အရှေ့တောင်အာရှ နိုင်ငံများတွင် စမတ်ဖုန်းအတွင်း ဒေါင်းလုဒ်ရယူကြိမ်ပေါင်း သန်း ၁၀၀ ကျော်ရှိနေပြီ ဖြစ်ပါသည်။ ကုန်အမှတ်တံဆိပ်များသည် Grab စီးနင်းသူများအတွက် စိတ်လှုပ်ရှားဖွယ်ရာ message နှင့်အတူ အထူးသီးသန့် promo code များ စီစဉ်ပေးခြင်းဖြင့် သုံးစွဲသူများ၏ စိတ်ကျေနပ်မှုကို ထပ်မံ ရယူနိုင်မည် ဖြစ်ပါသည်။

 

GrabAds ဝန်ဆောင်မှု အသုံးပြုလျက်ရှိသော ကုန်အမှတ်တံဆိပ်များတွင် Pepsi ၊ Heineken ၊ Dove ၊ Shopee ၊ Tokopedia ၊ Bukalapak နှင့် Nestlé BEAR BRAND Malted Milk တို့လည်း ပါဝင်ပါသည်။ GrabAds သည် Grab ၏ open platform နည်းဗျုဟာ အတွင်းရှိ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ကုန်အမှတ်တံဆိပ်များနှင့် မိတ်ဖက်လုပ်ငန်းများအတွက် Grab အသုံးပြုသူ ဦးရေ ပမာဏနှင့် offline ကြော်ငြာနေရာမျိုးစုံကို အသုံးချကာ အရှေ့တောင်အာရှတစ်လွှား ထိရောက်မှုရှိစွာ ဈေးကွက်ချဲ့ထွင်နိုင်နေပြီပဲဖြစ်ပါသည်။

 

Grab Website 

Read times
Rate this item
(0 votes)