-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဘော်ဒီဘေဘုတ် ကြော်ငြာခ ဘယ်လောက် ရသလဲ

ကိုယ်ခန္ဓာအရေပြားပေါ်မှာ တင်ပြတဲ့ ကြော်ငြာဖြစ်လို့ ဘော်ဒီ ဘေဘုတ် (body billboard) လို့ ခေါ်ကြတဲ့ ခန္ဓာကိုယ်ကြော်ငြာ အမျိုးအစားကို

ဆေးမင်ထိုးပြီး ကြော်ငြာကို ဖန်တီးရတာမို့ ဆေးမင်ကြော်ငြာ (tattoos advertising ) လို့လည်း ခေါ်ဝေါ်ကြတယ်။ သရုပ်ဖော်ထားတဲ့ကြော်ငြာက အရေပြားပေါ်မှာ ရှိနေပြီး ကြော်ငြာ ရှိနေတဲ့ အရေပြားနေရာကို လူအများ မြင်ရအောင် ပြသထားတာမို့ အရေပြားကြော်ငြာ ( 'skinvertisement') လို့လည်း အရေပြားနဲ့ ကြော်ငြာ စာလုံး နှစ်လုံးကို တစ်လုံးတည်းအဖြစ် စာလုံးပေါင်းပြီး ခေါ်ဝေါ်ကြတယ်။

ဆေးမင်ကို ရာသက်ပန်အဖြစ် ရေးထိုးပြီး ကြော်ငြာရတာ ရှိသလို အချိန်ပိုင်း တစ်ခုအတွက် ယာယီအားဖြင့် ဆေးမင်တင်ပြီး ကြော်ငြာတာမျိုးလည်း ရှိတယ်။
အင်တာနက်မှာ ဝဘ်ဆိုက်စီးပွားရေး တစ်ခေတ်ထတဲ့ ၂၀၀၀ ပြည့်နှစ် ဝန်းကျင်မှာ ‘ဒေါ့ကွန်း’ တွေက ဝဘ်ဆိုက်လိပ်စာကို ဘော်ဒီဘေဘုတ်အဖြစ် ကြော်ငြာခဲ့ကြတာမှာ အများစုက ရာသက်ပန်ဆေးမင်ဖြင့် အရေးပြားမှာ ရေးထိုးစေပြီး ကြော်ငြာ စေခဲ့တယ်။
ဝဘ်ဆိုက်တွေ ထင်ထားသလို စီးပွား မတက်ဘဲ စီးပွားပျက်ကုန်တော့ ဝဘ်ဆိုက်တွေ ရုပ်သိမ်းသွားကြတယ်။ ဘော်ဒီဘေဘုတ် ကြော်ငြာ လက်ခံထားတဲ့သူတွေရဲ့ ကိုယ်ခန္ဓာ အရေပြားပေါ်မှာ ဆက်လက် တည်ရှိခြင်း မရှိတော့တဲ့ ဝဘ်ဆိုက်လိပ်စာတွေ ကျန်နေခဲ့တယ်။ ဒီအချက်က ဘာကို ပြသသလဲဆိုတော့ ရာသက်ပန်ဆေးမင် ဘော်ဒီကြော်ငြာတွေရဲ့ သက်တမ်းက ကြော်ငြာသူ ရှင်သန်နေသရွေ့ တည်တံ့နေနိုင်တယ်ဆိုတဲ့ အချက် ဖြစ်ပါတယ်။
အရေပြားဆေးမင် ကြော်ငြာတွေဟာ ကြော်ငြာစတန့်အဖြစ် လူပြောများပြီး မီဒီယာတွေမှာ သတင်းထူးအဖြစ် ဖော်ပြခံရတာမို့ ကြော်ငြာရကျိုးနပ်တယ်။ ကြော်ငြာလက်ခံတဲ့သူတွေရဲ့ လူမှုဘဝမှာလည်း ဝင်ငွေ ရရှိစေတယ်။
ဘေဘုတ်အတွက် အများဆုံး ရွေးချယ်တဲ့ နေရာတွေက နဖူး၊ လက်ဖျံ၊ လက်မောင်း၊ လည်ဂုတ်၊ ကျောပြင်တို့ ဖြစ်ပါတယ်။ အထူးသဖြင့် မိန်းကလေး မော်ဒယ်တွေကို သုံးကြတဲ့အခါ ကျောပြင်ကို သုံးကြတယ်။ လွန်ခဲ့တဲ့ သုံးနှစ်က အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်း developer တစ်ခုက လူနေတိုက်တာ အရောင်းမြှင့်တင်ရေးမှာ မိန်းကလေး မော်ဒယ်တွေရဲ့ ကျောပြင်မှာ ကြမ်းခင်းအခန်းဖွဲ့ပုံ ဖော်ပြပြီး ကြော်ငြာခဲ့တာ ဆိုရှယ်မီဒီယာမှာ လူပြောများပြီး လူသိများခဲ့လို့ အောင်မြင်တဲ့ကြော်ငြာ ဖြစ်သွားတယ်။

 

 

ကြော်ငြာခ ဘယ်လောက် ရသလဲ

Joe Tamargo ဆိုတဲ့သူက အရေပြား ဆေးမင်ကြော်ငြာအဖြစ် ဝဘ်ဆိုက် ၁၅ ခုကို လက်ခံပြီး ကြော်ငြာပေးခဲ့တယ်။ အဲဒီအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ နှစ်သိန်းကျော် ရရှိခဲ့တယ် လို့ ဆိုပါတယ်။

Jim Nelson ဆိုတဲ့သူက CI Host ဆိုတဲ့ ဝဘ်ဆိုက်ကို 'skinvertisement' အဖြစ် ၂၀၀၃ ခုနှစ်မှာ လက်ခံခဲ့တယ်။ ဦးခေါင်းတောက်ဘက်မှာ ကြော်ငြာထိုးတယ်။ အနည်းဆုံး ၅ နှစ် ပြသထားမှာဖြစ်ကြောင်း ကတိစာချုပ် လက်မှတ်ရေးထိုးရတယ်။ ကြော်ငြာခ အမေရိကန်ဒေါ်လာ ၇,၀၀၀ ရရှိတယ်။ CI Host ကို ဖျက်သိမ်းလိုက်တယ်။ ကြော်ငြာက ဆက်ရှိနေတယ်။ ဝဘ်ဆိုက်ထက် ကြော်ငြာက သက်တမ်း ပိုမိုရင့်ကြာတယ်။

Karolyne Smith က ကလေး ကျောင်းစရိတ်ရဖို့ အရေပြားကြော်ငြာ လက်ခံခဲ့တယ်။ မျက်ခုံးအထက်မှာ GoldenPalace.com ရဲ့ လိုဂိုကို ဖော်ပြပေးထားရတာအတွက် GoldenPalace.com က သူ့ကို အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ပေးတယ်။

Air New Zealand ကြော်ငြာ

နယူးဇီလန် လေကြောင်းလိုင်းက ဘော်ဒီဘေဘုတ် သုံးစွဲဖူးတယ်။ ခေါင်းကို ကတုံးတုံးပြီး ကတုံးပြောင်နေတဲ့ ဦးခေါင်းနောက်ဖက်မှာ “Need A Change? Head Down to New Zealand. www.airnewzealand.com.” စာသားကို ဖော်ပြပြီး ကြော်ငြာပေးရတယ်၊ ကြော်ငြာ သက်တမ်းစေ့ပြီးရင် ဆံပင် ပြန်ထားခွင့် ရှိတယ်။ ဆံပင်တွေက ကြော်ငြာကို ဖုံးကာပေးထားလိုက်မှာ ဖြစ်ပါတယ်။ ဆေးမင်ကိုလည်း ယာယီဆေးမင်ကိုသာ သုံးစွဲခိုင်းတယ်။ ကြော်ငြာသက်တမ်း မပြည့်ခင် ဆေးပျက်ပြယ်ရင် ဆေးပြန်တင်ဖို့တော့ လိုတယ်။ သက်တမ်းက ၂ ပတ်တိတိ ဖြစ်ပြီး သတ်မှတ်ထားတဲ့ ပရိုမိုးရှင်း ရက်ပိုင်းမှာ ကြော်ငြာပေးရတာ ဖြစ်ပါတယ်။ လေကြောင်းလိုင်းက ကြော်ငြာခအဖြစ် အမေရိကန်နဲ့ နယူးဇီလန် အသွားအပြန် လေယာဉ်လက်မှတ် တစ်ယောက်စာ ပေးတယ်။ တန်ဖိုး အမေရိကန် ဒေါ်လာ ၁၂,၀၀ တန်တဲ့ ခရီးစဉ်လက်မှတ် ဖြစ်ပါတယ်။ လေယာဉ်လက်မှတ် မယူဘူး။ ပိုက်ဆံပဲ ယူမယ်ဆိုရင် အမေရိကန်ဒေါ်လာ ၇၇၇ ပေးတယ်။ လေကြောင်း ခရီးစဉ်မှာ သုံးစွဲတဲ့ Boeing 777 လေယာဉ်ပျံကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ မီဒီယာတွေမှာ သတင်းဖော်ပြတဲ့အခါ ရတဲ့ငွေအပြင် အခုလို ရည်ညွှန်းတာကိုပါ ဖော်ပြကြလို့ တစ်ချက်ခုတ် နှစ်ချက်ပြတ် မားကက်တင်းကြော်ငြာ ဖြစ်ပါတယ်။

 

18adco-inline2-650.jpg

FeelUnique.com
ဒေါ့ကွန်းကြော်ငြာ ဖြစ်တဲ့ FeelUnique.com ရဲ့ ဆေးမင်ကြော်ငြာပုံက နည်းနည်း ထူးခြားတယ်။
လန်ဒန်မှ ပီအာလုပ်ငန်း Mischief မှ အလုပ်လက်ခံ ဆောင်ရွက်ပေးတာ ဖြစ်ပြီး အမျိုးသမီးရဲ့ မျက်ခွံပေါ်မှာ FeelUnique.com ယာယီဆေးမင် ရေးထိုးထားရတယ်။ အမျိုးသား လက်မခံပါ။ ကြော်ငြာတဲ့ အမျိုးသမီးက တစိမ်းတွေ ရှေ့မှာ မျက်စပစ်ပြပြီး မျက်လုံး တစ်ဖက် တစ်ချက် မှိတ်ပြတာကို လုပ်ရပြီး တစ်ကြိမ်ကို ၁၀ ပြား ပေးတယ်။ လူ ၁,၀၀၀ ကို မျက်လုံး တစ်ဖက် မှိတ်ပြပြီးတိုင်း ပေါင် ၂၀၀ ရတယ်။ အမေရိကန်ဒေါ်လာနဲ့ဆိုရင် ၁၄၉ ဒေါ်လာ ဖြစ်ပါတယ်။
ငွေပေးချေပုံစနစ်က ဝဘ်ဆိုက်တွေမှာ လူတွေ ဝင်ကြည့်ကြတာ အကြိမ် ၁,၀၀၀ ပြည့်ရင် ဘယ်ရွေ့ဘယ်မျှ ပေးမယ်ဆိုတဲ့ တိုင်းတာတွက်ချက်ပုံကို အခြေခံထားတာ ဖြစ်ပါတယ်။

အီးဘေး လေလံ
အမေရိကန် တစ်နိုင်ငံလုံးကို ထုတ်လွှင့်တဲ့ Good Morning America” မှာ ပါဝင်သူ Andrew Fischer က သူ့နဖူးမှာ ကြော်ငြာဖို့ အင်တာနက်ပေါ်မှ လေလံလုပ်ငန်း eBay မှာ လေလံတင်တာ အမေရိကန်ဒေါ်လာ ၃၇,၃၇၅ ဖြင့် လေလံအောင်တယ်။ ကြော်ငြာသက်တမ်းက ၁ လ ဖြစ်ပါတယ်။
ဒုတိယအကြိမ် လေလံ ထပ်တင်တယ်။ အမေရိကန် ဒေါ်လာ ၅,၀၀၀ ပဲ ရတယ်။ ပထမဆုံးအကြိမ်တုန်းကလို မီဒီယာတွေမှာ သတင်းအဖြစ် ဟိုးလေးတကျော် မဖြစ်တော့ဘူး။ အဲဒီနောက်ပိုင်း လေလံ မတင်ဖြစ်တော့ဘူး။ သူ့နဖူးမှာ ဘေဘုတ် မတင်တော့တာ အခုအထိပဲ။

ကာစီနို ကြော်ငြာ
Golden Palace ဆိုတဲ့ ကာစီနို လောင်းကစားလုပ်ငန်းက သူ့ဝဘ်ဆိုက်ကို ကြော်ငြာဖို့ ကိုယ်ဝန်ဆောင်တွေကို သုံးစွဲခဲ့တယ်။ ဗိုက်ကြီး ပူနေတဲ့အပေါ်မှာ ဝဘ်ဆိုက်လိပ်စာကို ယာယီဆေးမင်ဖြင့် ဖော်ပြပေးထားရတယ်။ ရှော့ပင်းမောတွေ စူပါမားကက်တွေမှာ ဗိုက်ပေါ်တဲ့ အဝတ်အစားဖြင့် ဈေးဝယ်ထွက်ရတယ်။
ဗိုက်ပူကြော်ငြာအတွက် အီးဘေးမှာ လေလံတင်တဲ့ ကိုယ်ဝန်ဆောင်တွေထဲမှာ ရွေးချယ်ပြီး လေလံဆွဲကာ ကြော်ငြာတယ်။ ၂၀၀၅ ခုနှစ်တုန်းက ဖြစ်ပြီး ဖေဖော်ဝါရီလမှာ လေလံဆွဲတယ်။ Myrtle Beach ဆိုတဲ့ ကိုယ်ဝန်ဆောင်ကို အမေရိကန်ဒေါ်လာ ၄,၀၅၀ ဖြင့် လေလံအောင်တယ်။ သူက မတ်လမှာ မွေးဖွားမယ့် ကိုယ်ဝန်ဆောင် ဖြစ်ပါတယ်။

XVNXUGNKFFBITNNKV6DEPLYLOU.jpg

images.jpg

 

ဘော်ဒီဘေဘုတ်တွေရဲ့ ကြော်ငြာအထာက မီဒီယာမှာ သတင်းထူးအဖြစ် ဖော်ပြခံရဖို့ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာပေါ်မှာ ကြော်ငြာပြထားရုံဖြင့်တော့ ကြေးမြင့်မြင့် မပေးကြပါဘူး။

Read times
Rate this item
(2 votes)