-->
×

Warning

JUser: :_load: Unable to load user with ID: 29











Unicode >>>

 

ကြော်ငြာဆိုတာမရှိခဲ့ရင် သင့်စီးပွားရေးဟာ လူသိများပြားလာမှာမဟုတ်ပါဘူး။

ဒါကြောင့်လဲ billboard ကြော်ငြာ , အင်တာနက်နဲ့ ပတ်သတ်တဲ့ ကြော်ငြာ , လက်ကမ်းစာစောင် , ရေဒီယို တစ်ဆင့်ကြော်ငြာ , ဖုန်း sms ကြော်ငြာ, အဌားယာဉ်များ -ဘတ်စ် ကားများမှ ကြော်ငြာများand TV ကြော်ငြာများ စီးပွားရေးလုပ်ငန်းအကြီးအသေးအလိုက်ကြော်ငြာနည်း အသွယ်သွယ် အသုံးပြုလာကြပါတယ်။

ထိုကြော်ငြာများထဲက မှ လမ်းမ ထက်က Billboard များ အကြောင်းကို ရေးသားချင်ပါသည်။

Billboard ကြော်ငြာ ဆိုင်းဘုတ်များဟာ အရွယ်အစားနဲ့ Billboard ထားရာနေရာဒေသအလိုက် ဈေးနှုန်းကွဲပြားပြောင်းလဲ မှု့ရှိပါသည်။ရန်ကုန်မြို့ရှိ Billboard အတော်များများ မှာ စည်ပင်နယ်နမိတ်အတွင်း တွင် ရှိတာမို့ စည်ပင်ကို အခွန်ဆောင်ကာ ငွေပေးချေ ရသည်ဟုသိရှိရပါသည်။

The Advertising Myanmar ၏ အဆိုအရ ယခုဆိုရင် ကြော်ငြာထားခြင်း မရှိသော Billboard နေရာများ များစွာရှိသည်ဟုသိရပါသည်။

ထိုလစ်လပ်နေသောနေရာများမှာ ပန်းဆိုးတန်းလမ်း , ပြည်လမ်း , အနော်ရထာလမ်းနဲ့ လသာ လမ်းကြား , အင်းလျားလမ်း , ဆူးလေ ဘုရားလမ်း ,ပြည်လမ်း တော်ဝန်စင်တာ , Near ၈ မိုင်လမ်းစုံ မရမ်းကုန်းမြို့နယ် , တိရစ္ဆာန်ရုံ , အင်းစိန်လမ်း , ရွှေတိဂုံဘုရားလမ်း , ကြည့်မြင်တိုင်လမ်းမ , ကမာအေး ဘုရားလမ်း , တာမွေအဝိုင်း , မင်းရဲကျော်စွာလမ်း , ဦးထောင်ဘို အဝိုင်း , လေးထောင့်ကန်လမ်း, အောင်မင်္ဂလာ အဝေးပြေး , ကမ်းနားလမ်း နဲ့ မြေနီကုန်း လမ်းစုံ တွင် billboard အလွတ်များစွာရှိနေသည်ဟုသိရပါသည်။

မိတ်ဆွေတို့ရဲ့ Billboard တစ်ခုကိုစတင် ကြော်ငြာပြီဆိုလျင် ၆ လစာ ငွေအပြတ်ပေးချေရသည်ဟုသိရသည်။
မြို့နယ် ကောင်းရင်ကောင်းသလို ( ကခဂဃင ) အလိုက် အုပ်စု ခွဲခြားသတ်မှတ်ပေးထားတယ်သိရပါတယ်။

အုပ်စု က တွင်မြို့ထဲ မြို့နယ်များသာ ထားရှိပြီး ၆ လ လျှင် သိန်း ၂၅၀ ပေးရပါသည်။အုပ်စု ခ က သိန်း ၁၈၀ ပေးရပြီး , အုပ်စု ဂ က ၁၃၅ သိန်း , အုပ်စု ဃ က သိန်း ၁၀၀ , အုပ်စု င က သိန်း ၅၀ အသီးသီးပေးဆောင်ရပါတယ်။

မြို့နယ်ကြီးများတွင် Billboard နေရာ လစ်လပ်မူ့များနေခြင်းမှာ ပေးရသော ငွေကြေးနှုန်း ထားများပြားသောကြောင့် ဖြစ်မည်ဟု သိရှိရပါသည်။

ငွေကြေးပေးဆောင်မူ့ မလိုအပ်သော Billboard များလည်းရှိပါသေးသည် အလျင်းသင့်ရင်သင့်သလို ဖော်ပြပေးသွားပါမည်။

အချိန်ပေးဖတ်ရှု့ပေးလို့ကျေးဇူးတင်ပါသည်။Read

Read More >>> နာမည်ရှိပြီးသား Brand များ ADVERTISING လုပ်ဖို့ လိုအပ်ပါသလားနာမည်ရှိပြီးသား Brand များ ADVERTISING လုပ်ဖို့ လိုအပ်ပါသလား

 

 

 

 

 

 

 

မ်လလပါလဘခပါနဘလခပါနခလဘ
လွတ်လပ်စွာကူးယူဖော်ပြခွင့်ပြုသည်။


Published in Outdoor Advertising


ဥပမာ သင်ဟာ product တစ်ခုထုတ်တယ်ဆိုပါဆို့ သင့် brand က နေရာရပြီးသား ဆိုပြီး သင့်အနေနဲ့ ကြော်ငြာ တဲ့ အပိုင်းကို ရပ်တန့်လိုက်ရင် သင် ဈေးကွက်ကနေ သူ့အလိုလို နေရာ ဖယ်ပေးရပါလိမ့်မည်။





Unicode >>>

အမေးရှိရင် အဖြေရှိပါတယ်
လုံးဝ လုပ်ကို လုပ်သင့်ပါတယ်။

ဥပမာ သင်ဟာ product တစ်ခုထုတ်တယ်ဆိုပါဆို့ သင့် brand က နေရာရပြီးသား ဆိုပြီး သင့်အနေနဲ့ ကြော်ငြာ တဲ့ အပိုင်းကို ရပ်တန့်လိုက်ရင် သင် စျေးကွက်ကနေ သူ့အလိုလို နေရာ ဖယ်ပေးရပါလိမ့်မည်။

Mc Donald's ကိုကြည့်ပါ ရာသီ အလိုက် Advertising ကို creative advertising သမားတွေ ငွေကြေးအကုန်အကျခံ ဌားပြီးတော့ကို ပြိုင်ဘက်တွေကို နင်းနေတာ တွေ့ကြမှာပါ။

Advertising ဆိုတာ တကယ်တော့ ကိုယ့် product က အရည်အသွေးကောင်းတယ် ဆိုတာကို လူအများကို knowledge ပေးခြင်းတစ်မျိုးပါပဲ။

ဒီတော့ကား လူ့စိတ်ဆိုတာ မေ့တတ်ပါတယ် အမြဲတမ်း အသစ်အဆန်းတွေနဲ့ remind ပြန်လုပ်ပေးနေမှသာလျင် အဆင်ပြေနိုင်မှာပါ။

အောင်မြင်သော စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ဖို့ Advertising အတွက်ငွေအနည်းငယ် အသုံးပြုခြင်းဟာသင့်အတွက် အပန်းမကြီးစေပါဘူး သင့်စီးပွားရေး လုပ်ငန်း အတွက်တော့ များစွာ အကျိုးရှိလာပါလိမ့်မယ်။

Published in Marketing


Unicode >>>>

ယခင်ခေတ်ဟောင်းမှကြော်ငြာများ

 

73192896_2648561231856817_3043419800245108736_n.jpg

 

73057281_2648561598523447_9016214511354380288_n.jpg

 

73120125_2648561361856804_519348132627087360_n.jpg

 

71936349_2648561435190130_4188031492321968128_n.jpg

73209657_2648561488523458_3537751165712203776_n.jpg

 

73323722_2648561301856810_2457868865623818240_n.jpg

73346483_2648563371856603_385781736417525760_n.jpg

 

74156977_2648561325190141_8290001718456877056_n.jpg

 

74172932_2648561258523481_1854397884334604288_n.jpg

 

74314383_2648561541856786_7953303211895422976_n.jpg

 

74397288_2648561368523470_9209126476442501120_n.jpg

74627085_2648563348523272_6450888849634623488_n.jpg

 

74670785_2648561498523457_125134598018433024_n.jpg

 

75264811_2648561161856824_9093096697990479872_n.jpg

 

75392838_2648561421856798_113963465390948352_n.jpg

လွတ်လပ်စွာ ကူးယူတင်ပြခွင့်ပြုပါသည်။

Read More >>> Kanye West ရဲ့ ကြော်ငြာနည်းအသစ်Kanye West ရဲ့ ကြော်ငြာနည်းအသစ်

 

 

 







unicode >>>>

ဟစ်ဟော့ဂီတ အဆိုတော် Kanye West က အမေရိကန်သမ္မတ ရွေးကောက်ပွဲ ယှဉ်ပြိုင်မည် …

Kanye က ၂၀၂၄ တွင် သမ္မတ ရွေးကောက် ပွဲ ယှဉ် ပြိုင်ဖို့ပြင်ဆင်နေပြီး မူဘောင်တစ်ခုကို စတင် ရေးဆွဲ နေသည်ဟု Apple Music ၏ Beats 1 ရေဒီယို၏ အစီစဉ်တင်ဆက်သူ Zane Lowe ကိုပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုအချင်းအရာမှာ ကိုဝေဖန်သုံးသပ်သူများ၏ အဆိုအရ Kanye ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့က ထွက် ရှိထားတဲ့သူ့ရဲ့ အယ်လ်ဘမ် အသစ်အတွက် လူစိတ်ဝင်စားအောင် ကြော်ငြာနည်းဗျူဟာ အသစ်သုံးလိုက်သည်ဟုမှတ်ချ ချ နိုင်သည်။

ထိုနည်းဗျူဟာမှာ Kanye တစ်ဦးတစ်ယောက်ထဲ အသုံးပြုနေ ခြင်းမဟုတ် ဟောလိဝု အနုပညာရှင်တိုင်း၏ လုပ်ရိုးလုပ်စဉ် မိမိကိုလူအများအာရုံစိုက်လာအောင် ကြော်ငြာသော နည်းဗျူဟာ တစ်မျိုးပင်ဖြစ်သည်။

Kanye West သည် Jesus Is King အယ်လ်ဘမ်ကို မနေ့က အောက်တိုဘာလ ၂၅ ရက်တွင်ဖြန့်ချိခဲ့သည်။
Jesus Is Born အယ်လ်ဘမ်ကိုခရစ္စမတ်တွင်ထွက်ရှိနိုင်အောင် ကြိုးစားနေသည်ဟု Kanye West ကပြောကြားထားသည်ဟုသိရှိရသည်။

Read More >>> ဈေးကွက်ရှာဖွေရေး (ကြော်ငြာလုပ်ငန်းပိုင်းဆိုင်ရာ) လုပ်ငန်းများအတွက် ထိုင်းနိုင်ငံမှချေးငွေပေးအပ်မည်ဈေးကွက်ရှာဖွေရေး (ကြော်ငြာလုပ်ငန်းပိုင်းဆိုင်ရာ) လုပ်ငန်းများအတွက် ထိုင်းနိုင်ငံမှချေးငွေပေးအပ်မည်

 


ထိုင်းနိုင်ငံ စက်မှု့ ဝန်ကြီးဌာန ၏ စက်မူ့ဝန်ကြီးဖြစ်သော စူရိယဇွန် ဂရီရန်ကစ် (Suriya Juangroongruangkit )

မှ အောက်တိုဘာ ၂၅ ရက်နေ့ က ထိုချေးငွေကိစ္စအား အသိပေးပြောဆိုလိုက်ခြင်းဖြစ်သည်။







Unicode >>>

Tiktok ဟာ Instagram ထက် သုံးစွဲသူတွေ မျက်စိကျ လာတာ ပရိသတ်များတွေ့ ကြမှာပါ။

Tiktok ဆိုတာကတော့ Social Media platform တစ်ခုကိုမှ short video တွေတင်ကြတာပါ။

Tiktok မှာကြော်ငြာမယ်ဆို brand တစ်ခု အနေနဲ့
စိတ်ပူစရာမရှိပါဘူး Tiktok အသုံးပြုသူတွေဟာ လူငယ်တွေတင်သာမက လူလတ်ပိုင်းများစွာပါရှိသေးတဲ့ အပြင် လူကြီးပိုင်းအချို့ပါတွေ့နိုင်ပါတယ်။

Tiktok မှာ ကြော်ငြာလို့ ကုန်ကျတဲ့ငွေကြေးဟာ
Facebook မှာကြော်ငြာလို့ ရနိုင်မဲ့ငွေကြေးနဲ့ သိပ်မကွာတာတွေ့ရပါတယ်။

မိတ်ဆွေများအနေနဲ့ သင်တို့ရဲ့ လုပ်ငန်းကို facebook မှာတင်မက Tiktok မှာပါစတင်လှုပ်ရှား ​ထိုးဖောက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

Read More >>> အင်္ဂလိပ် စကားပြောဖြင့် ဗမာလူမျိုးသရုပ်ဆောင်၏ Burma Shave ကြော်ငြာအင်္ဂလိပ် စကားပြောဖြင့် ဗမာလူမျိုးသရုပ်ဆောင်၏ Burma Shave ကြော်ငြာ

Published in Digital Marketing



 

Unicode >>>

1950 တုန်းက "Burma Shave"ရဲ့ Shaving Cream ကြော်ငြာကို
မြန်မာ မင်းသမီးလေးနဲ့ ကြော်ငြာထားတယ်သိရပါတယ်။
သူမရဲ့ English Accent လေးအရမ်းကောင်းမွန်တာလည်းတွေ့ရပါသည်။
မြန်မာတွေမညံကြောင်း သိသာမြင်သာနေပါသည်။
အဖြူအမဲ ကြော်ငြာဖြစ်ပြီး American Safety Razors မှ
ရိုက်ကူးပြသထားတယ်သိရပါတယ်။

 

Published in Marketing






Unicode >>>> 

မြန်မာ ကြော်ငြာ လုပ်ငန်းရှင်များ အသင်း၏ ETHICAL MARKETERS in the 21st CENTUARY ဟောပြောပွဲကို ယနေ့နံနက်တွင် မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် ခန်းမ၌ကျင်းပခဲ့ရာ

Myanmar Centre for Responsible Business မှ ဒါရိုက်တာဖြစ်သူ Ms Vicky Bowman ကဟောပြောဆွေးနွေးခဲ့ပါသည်။

ဟောပြောသူ Ms Vicky Bow သည် ယခင်က မြန်မာနိုင်ငံ ဗြိတိသျှသံရုံး ၏ သံအမတ်အဖြစ်၂၀၀၄ မှ ၂၀၀၆ အထိ ၄ နှစ် တိတိတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။ဟောပြောပွဲတွင် အင်္ဂလိပ်ဘာသာစကားဖြင့်သာ ဟောပြောသွားခဲ့ပါတယ်။

ယခုပွဲမှာ Vicky အဓိကထားပြောပြသွားတာကတော့ ကြော်ငြာလုပ်ငန်းပိုင်းဆိုင်ရာအဖွဲ့အစည်းမှလူအများလိုက်နာရမည့် အချက်များပါ။ထိုအရေးပါသောအချက် ၁၀ ချက်ကတော့ -

ဥပဒေကိုလေးစားလိုက်နာခြင်း
လူ့အခွင့်အရေးကိုလေးစားခြင်း
သဘာဝပတ်ဝန်းကျင်ကိုလေးစားခြင်း
အလုပ်သမားများကိုလေးစားခြင်း
ပွင့်လင်းမြင်သာမူ့ရှိခြင်း
အခြားစီးပွားရေးလုပ်ငန်းများကို
တာဝန်ယူမူ့ရှိစွာဆက်ဆံခြင်း
Customer များကိုတာဝန်ယူမူ့ရှိစွာဆက်ဆံခြင်း
သက်ဆိုင်သူများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း
လာဘ်ပေးလာဘ်ယူ မလုပ်ဆောင်ခြင်း
အခွန်ပေးဆောင်ခြင်း စသည့်အကြောင်းအရာများနှင့်ပတ်သက် ပြောကြားသွားခဲ့ပါတယ်။

Read More >>> မြန့်မာကြော်ငြာလုပ်ငန်းရှင်များအသင်း၏ ရည်ရွယ်ချက်

Published in Tips







ထို့ပြင် လာဘ်ပေးလာဘ်ယူ ကို ရှောင်ရှားဖို့ နဲ့ မျှတစွာ ယှဉ်ပြိုင် ကြပါလို့လဲ ပြောကြားသွားခဲ့ပါတယ်။


AAAM Thar Htun OO

Unicode >>>>

မြန်မာ ကြော်ငြာ လုပ်ငန်းရှင်များအသင်း (AAAM) မှ Chairman ဖြစ်သူ ဒေါက်တာ သာထွန်းဦး၏ ပြောကြားချက်များ အရ။

၁၉၉၀ မှာကြော်ငြာလုပ်ငန်းဟာ မြန်မာ ပြည်ကို စတင်ဝင်ရောက်လာပါတယ်။သို့ပေမဲ့ ယိုးဒယား / စင်္ကာပူ စတဲ့နိုင်ငံများမှာ ကြော်ငြာလုပ်ငန်းစနေတာ နှစ် ၅၀ လောက်ရှိနေပါပြီလို့သိရှိရပါတယ်။

မြန်မာနိုင်ငံက ကြော်ငြာလောကမှာ အခြားနိုင်ငံများထက်နောက်ကျမှ စတင်လှုပ်ရှားတာမို့ အတော်လေးအခက်အခဲ ရှိခဲ့တယ်လို့သိရပါတယ်။

AAAM ရဲ့ ရည်ရွယ်ချက်က မြန့်မာ ကြော်ငြာလောကဟာ Professional ဆန်တဲ့အဖွဲ့အစည်း ဖြစ်လာဖို့ပါ။

AAAM အသင်းအဖွဲ့ဟာ Training များစွာပြုလုပ်ပါတယ် ကြော်ငြာ လုပ်ငန်းရှင်များအနေဖြင့် ဝင်ရောက်ပါဝင်ဖို့လည်း မျှော်လင့် ပါတယ်လို့ သိရပါတယ်။

ရေရှည်မှာကောင်းမွန်တဲ့ အခြေအနေတစ်ခု ပေါ်ပေါက်လာဖို့ အခုထဲကကောင်းမွန်စွာ နေထိုင်သင့်တယ်လို့လည်းပြောကြားခဲ့ပါတယ်။

ထို့ပြင် ကို လာဘ်ပေးလာဘ်ယူ ရှောင်ရှားဖို့ နဲ့ မျှတစွာ ယှဉ်ပြိုင် ကြပါလို့လဲ ပြောကြားသွားခဲ့ပါတယ်။

မြန့်မာကြော်ငြာလုပ်ငန်းရှင်များအသင်းမှ ကြီးမှူး ကျင်းပတဲ့ Ethical Markers in the 21st century ပွဲကို မင်းရဲကျော်စွာလမ်းရှိ UMFCCI အဆောက်အဦးတွင် ကျင်းပါ့ခဲ့ပါတယ်။

Read more >>> Keanu Reeves ကြောင့် ပြန်လည် လူကြည့် များလာတဲ့ Corn Flakes ကြော်ငြာKeanu Reeves ကြောင့် ပြန်လည် လူကြည့် များလာတဲ့ Corn Flakes ကြော်ငြာ

 






 

Unicode >>>> 


မင်းသားကြီး Keanu Reeves ကတော့ သူရဲ့နာမည်ကြီးဇာတ်ကား ဖြစ်တဲ့ The Matrix မှာ သရုပ်မဆောင်ခင် သူဟာ စားပွဲထိုးလေးအဖြစ် Corn Flakes ကြော်ငြာမှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။

Keanu ဟာ ထိုကြော်ငြာထဲတွင်ကခုန် မြူးတူးနေပြီး Corn Flakes ကိုစားပွဲထိုးနေဟန်ရိုက်ပြထားတာပါ။

ထိုကြော်ငြာဟာ ၁၉၈၇ ထဲက ရိုက်ကူးထားတယ်သိရပြီး ထိုကြော်ငြာထဲတွင် Keanu Reeves က အသက် ၂၃ နှစ်သာရှိသေးတယ်သိရပါတယ်။

Keanu Reeves က သူ့ရဲ့ဇာတ်ကားဖြစ်တဲ့ John Wick ကြောင့် ပြန်ဆန်းထလာစဉ်သူကလေးဘဝ က ရိုက်ကူးခဲ့သော ထို Cornflakes ကြော်ငြာလေးဟာ ကြည့်ရူ့သူအရမ်းများပြားလာတယ်သိရပါတယ်။

Read More >>> ပရလောက သားများတကယ်ရှိကြောင်း ရိုက်ပြထားတဲ့ Burger king ရဲ့ ကြော်ငြာအသစ်ပရလောက သားများတကယ်ရှိကြောင်း ရိုက်ပြထားတဲ့ Burger king ရဲ့ ကြော်ငြာအသစ်

Page 24 of 45