-->
×

Warning

JUser: :_load: Unable to load user with ID: 29

တကယ်တော့ ကြော်ငြာလုပ်ငန်းဟာ စီးပွားရေးလုပ်ငန်း အားလုံးနဲ့ သက်ဆိုင်ပါတယ်။ အကြီးစား စီးပွားရေးပဲဖြစ်ဖြစ်၊ အလတ်စားနဲ့ အသေးစား လုပ်ငန်းတွေပဲ ဖြစ်ဖြစ် တစ်နည်းမဟုတ်တစ်နည်း ကြော်ငြာကို အသုံးပြုကြရတာပါပဲ။ ကုမ္ပဏီကြီးလာလေလေ ကြော်ငြာစရိတ်လည်း ပိုသုံးလာလေလေပါ။

Published in Local

မြန်မာနိုင်ငံက လူထက်ဝက်ကျော်က ဈေးရောင်းပီးစီးပွားရှာဖွေနေကြပါတယ်

Published in Marketing

နိုင်ငံတော်အစိုးရ၏ မူဝါဒလမ်းညွှန်မှု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် ပညာရှင်များပူးပေါင်း၍ တစ်နိုင်ငံလုံးရှိ ကွန်ပျူတာသုံး မြန်မာဘာသာစကား ဖတ်ရှုရေးသားသူများသည် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် နိုင်ငံတကာသုံး စံချိန်စံညွှန်းနှင့် ကိုက်ညီသော မြန်မာယူနီကုဒ်စံစနစ်သို့ တစ်ပြိုင်တည်း ကူးပြောင်းနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယူနီကုဒ်သုံးမြန်မာစာစနစ် ပြောင်းလဲအသုံးပြုရေး စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

Published in Local

တရုတ်နိုင်ငံအခြေစိုက် အလီဘာဘာ နိုင်ငံပေါင်းစုံလုပ်ငန်းအင်အားစု ကုမ္ပဏီအုပ်စုဟာ မြန်မာနိုင်ငံမှာ e Government ၀န်ဆောင်မှု၊ Smart City ၀န်ဆောင်မှုနဲ့ Cloud Service ၀န်ဆောင်မှုများလုပ်ကိုင်ဖို့အတွက် ရန်ကုန်မြို့မှာ ရုံးခန်းဖွင့်လှစ်ခဲ့တယ်လို့ Whale Cloud နည်းပညာ ကုမ္ပဏီစီအီးအို (တောင်အာရှ) Mr.Louis Lu က ပြောပါတယ်။

Published in Local

ကမ္ဘာဘဏ်မှ နောက်ဆုံး ထုတ်ပြန်လိုက်သောစာရင်းဇယားများအရ မြန်မာအပါအ၀င် ဖွံ့ ဖြိုးမှုအနည်းဆုံနိုင်ငံ (Least Developed Country) စာရင်းဝင် ၄၇ နိုင်ငံ ရှိနေရာ မှ မြန်မာဟာ အီသီယိုပီယား ဖယ်ထုတ်ပြီး စာရင်းရဲ့ ထိပ်ဆုံး ရောက်လာခဲ့ပြီလို့သိရပါတယ်။

Published in Local

Google မှာ ထိပ်ဆုံးရောက်နေတဲ့ မြန်မာနိုင်ငံက ကြော်ငြာအေဂျင်စီ(၁၀)ခု

ကြော်ငြာအေဂျင်စီတွေဟာ မိမိရဲ့စီးပွားရေးလုပ်ငန်းတွေ ပိုမိုကြီးထွားလာဖို့အတွက် သူတို့ရဲ့ အတွေ့အကြုံနှင့်ကျွမ်းကျင်မှုတွေက အထောက်အကူပြုပေးနိုင်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ကြော်ငြာလုပ်ငန်းလုပ်ကိုင်တဲ့ Agency အများအပြားမရှိသေးပေမယ့် Google မှာ ထိပ်ဆုံးရောက်ရှိနေတဲ့ Agency (၁၀) ခုကိုဖော်ပြလိုက်ပါတယ်။

၁။ Pixellion ( Graphic ဒီဇိုင်ဆွဲတဲ့လုပ်ငန်း )
၂။ Myanmar Crative ( ကြော်ငြာလုပ်ငန်း )
၃။ Myanmar Ganad Advertising ( ကြော်ငြာလုပ်ငန်း )
၎။ Advertising Myanmar Ad Agency ( ကြော်ငြာလုပ်ငန်း )
၅။ Coca Media Myanmar (ကြော်ငြာလုပ်ငန်း )
၆။ Real Life ( ကြော်ငြာလုပ်ငန်း)
၇။ Myanmar Advertising Directory ( ကြော်ငြာလုပ်ငန်း )
၈။ Liquid Branding Myanmar ( Marketing လုပ်ငန်း )
၉။ Vero Myanmar ( ကြော်ငြာလုပ်ငန်း )
၁၀။ Helium Myanmar ( ကြော်ငြာလုပ်ငန်း )

အပေါ်မှာဖော်ပြခဲ့တာတွေကတော့ Google မှာ လက်ရှိဖော်ပြထားတဲ့ ကြော်ငြာအေဂျင်စီတွေပဲဖြစ်ပါတယ်။ Google မှာဖော်ပြထားမှုဟာ အပြောင်းအလဲရှိတာကြောင့် သင့်အနေနဲ့ ဝင်ရောက်ကြည့်ရူချင်တယ်ဆိုရင် ဒီ Link မှာ https://bit.ly/2Hb9Yvi ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းတွေမှာ အောင်မြင်ထူးချွန်သူများနဲ့ တွေ့ဆုံနိုင်မယ့်အစီစဉ်

Myanmar Advertising Driectory

Published in Local

မြန်မာ့စီးပွားရေးဘဏ်ဟာ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)ရဲ့ အထောက်အပံ့ဖြင့် အဲဒီလုပ်ငန်းများရဲ့ နှစ်ဆင့်ထုတ်ချေးတဲ့ချေးငွေ (JICA MSME Two- Step Loan)ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလမှ စတင်ထုတ်ချေးပေးနေပါတယ်။

Published in Local


၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ၁၀ ဦးစာရင်း ကို http://indapaper.com ၀က်ဘ်ဆိုဒ်ကနေ ဖော်ပြလိုက်ပါတယ်။

Published in Local

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဝင်နဲ့ အစိုးရရဲ့ စီးပွားရေးနှင့် မူဝါဒအပြောင်းအလဲခိုင်မာမှုတွေကြောင့် ၂၀၁၉ နှင့် ၂၀၂၀ တွင် မြန်မာ့စီးပွားရေး တိုးတက်လာမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ရဲ့ အာရှဖွံ့ဖြိုးရေးအလားအလာ ၂၀၁၉ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Published in Local

ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုဟာ ပြီးခဲ့တဲ့လတွေကစပြီး သိပ်အခြေအနေ မကောင်းတော့ပါဘူး။ မနက်ပိုင်းတွေမှာ အသက်ရူကြပ်တဲ့ အခက်အခဲတွေ၊ သင်နဲ့ နေအလင်းရောင်ကြားမှာ မှောင်မှိုင်းနေတာတွေကို သတိထားမိကြမှာပါ။

ဒါကြောင့် သင်နဲ့ သင့်အနားတွေမှာ မမြင်နိုင်တဲ့ အမှုန်အမွှားလေးတွေ ပျံ့နှံ့နေပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ အခက်အခဲတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ data အချက်အလက်တွေအရ မနက်ခင်းတွေမှာ AQI က ၁၅၀ ထက် ကျော်လွန်နေပါတယ်။

ရန်ကုန်မြို့ရဲ့ တိကျသေချာတဲ့ လေထုအရည်အသွေးကို ဒေတာတွေ ပိုမိုကောက်ခံပြီး အခုမှာတော့ ရရှိနိုင်တဲ့ ဒေတာတွေက နည်းသေးတဲ့အတွက် ဒီ့ထက်ပိုပြီး တိကျတဲ့ဒေတာတွေရရှိဖို့ လိုအပ်ပါတယ်။

Connect Univercity က Dr.Page နဲ့ သူ့ ကျောင်းသူကျောင်းသားတွေရဲ့ ကျေးဇူးနဲ့ ပြီးခဲ့တဲ့နှစ်က data အချက်အလက်တွေ အများကြီးရရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း အသိုင်းအဝန်းကလူတွေ ဒီထက်ပိုပြီး ကူညီနိုင်ကြဖို့လည်း တိုက်တွန်းလိုပါတယ်။

အရောင်းသမားတွေသိထားသင့်တဲ့ အရောင်းပိတ်နည်းများ

ဒီတော့ လေထုအရည်အသွေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဒေတာသိပ္ပံ အမြင်နဲ့ တွေ့ဆုံဆွေးနွေးမယ့် “လေထုအရည်အသွေး နဲ့ ဒေတာနည်းပညာများ” ဆိုတဲ့ပွဲကို ဖန်တီးရာကပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီပွဲဟာ Data Tada Program (ဒေတာ တံတား) ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

“လေထုအရည်အသွေး နဲ့ ဒေတာနည်းပညာများ” ပွဲကို ဧပြီလ ၆ရက် (တနင်္ဂနွေနေ့) ၊ နေ့လည် ၃နာရီကနေ ၄နာရီအထိ ဖန်တီးရာတည်ရှိရာနေရာဖြစ်တဲ့ ကုန်သည်လမ်း၊ Royal River View Condo ( ၁၀လွှာ ) မှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီပွဲမှာ မြန်မာနိုင်ငံရဲ့ လေထုအရည်အသွေးကို အချိန်ကာလနဲ့ ပိုင်းခြားပြီး အဓိကထား ဆွေးနွေးသွားမှာ ဖြစ်ပြီး ဆန်းစစ်မှုတွေကို တိုက်ရိုက်လက်တွေ့ coding လုပ်ပြီး ပြသမှာဖြစ်လို့ ဒေတာသုတေသီ၊ ကျွမ်းကျင်သူ၊ ဒေတာ ဆန်းစစ်သူတွေ တက်ရောက်သင့်တဲ့ပွဲ ဖြစ်ပါတယ်။

“လေထုအရည်အသွေး နဲ့ ဒေတာနည်းပညာများ” ပွဲမှာ လေထုညစ်ညမ်းမှု အခြေခံ အချက်အလက်များအကြောင်း မိတ်ဆက်ပြီး နေ့စဉ်နေ့တိုင်း တိုင်းတာရရှိသော အချက်အလက်များ ထပ်တူညီမျှမှု (Cyclic Pattern) များကို အသုံးချကာ ခြားနားခြင်းပြဿနာတွေကို လေ့လာမှာဖြစ်ပါတယ်။

ဒီပွဲမှာ ဟောပြောသွားမယ့်သူတွေကတော့ Data Scientist တစ်ယောက်ဖြစ်တဲ့ Niquo မှ Python အသုံးပြုခြင်းတွေကို ရှင်းလင်းပြမှာ ဖြစ်ပြီး၊ Alex မှ R အသုံးပြုခြင်းတွေကို ရှင်းလင်းပြမှာဖြစ်ပါတယ်။ ဒါ့အပြင် Connect University မှ ကျောင်းသူကျောင်းသားများက Data ကောက်ယူခြင်းအတွေ့အကြုံကို ဝေမျှခြင်း နဲ့အမေးအဖြေ ကဏ္ဍတွေလဲ ပါဝင်မှာဖြစ်ပါတယ်။

“လေထုအရည်အသွေး နဲ့ ဒေတာနည်းပညာများ” ဆိုတဲ့ပွဲကို လေ့လာချင်လို့ တက်ရောက်ချင်တဲ့သူတွေအနေနဲ့ ဖုန်းနံပါတ် 09 260 072 463 နဲ့ အီးမေးလ်လိပ်စာ This email address is being protected from spambots. You need JavaScript enabled to view it. တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။


Source; Phandeeyar
Myanmar Advertising Directory

Published in Local
Page 1 of 2