-->
×

Warning

JUser: :_load: Unable to load user with ID: 29

သင်သိပါသလား?

အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းများရဲ့နောက်ကွယ်မှာ အဆိုပါလုပ်ငန်း(သို့)ကုန်ပစ္စည်းများအတွက် အားကောင်းတဲ့ကြော်ငြာကဟာ မပါမဖြစ်အရေးကြီးဆုံးထောက်ပံ့မှုဖြစ်နေပါတယ်။

Published in Marketing

Print Advertisng ဆိုတာ လက်ကမ်းစာစောင်ဝေခြင်း၊ ကူပွန်၊ business ကဒ်၊ Billboar ကြော်ငြာခြင်း၊ မဂ္ဂဇင်းကြော်ငြာခြင်းနဲ့ သတင်းစာကြော်ငြာခြင်းတို့ပါဝင်ပါတယ်။ Social Media တွေခေတ်စားလာတယ်ဆိုပေမယ့် Print Advertisng ဟာလည်း ရိုးမသွားတဲ့ တဲ့ကြော်ငြာနည်းလမ်း တမျိုးဖြစ်ပြီး အခုချိန်ထိ လုပ်ငန်းရှင်တော်တော်များများက အသုံးပြုနေကြတုန်းပါ။


သတင်းစာနဲ့ ဂျာနယ်တွေဟာ ဝေးလံ ခေါင်းပါးတဲ့ နေရာဒေသတွေ အထိပါ ရောက်ရှိတာကြောင့် သင့်ရဲ့ ထုတ်ကုန်ပစ္စည်း ဒါမှမဟုတ် ၀န်ဆောင်မှုလုပ်ငန်းဟာ တစ်နိုင်ငံလုံးကို ဖြန့်ဖြူးရောင်းချဖို့ ဦးတည်ချက်ထားတာဆိုရင် ဒီလို သတင်းစာနဲ့ ဂျာနယ်တွေမှာ ထည့်သွင်း ကြော်ငြာတာက ပိုပြီး ထိရောက်မှု ရှိစေပါတယ်။ သတင်းစာနဲ့ ဂျာနယ်တွေမှာ ကြော်ငြာထည့်သွင်းတော့မယ်ဆိုရင် လိုအပ်တဲ့ အချက်(၅)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။


၁။ စာသား

သတင်းစာမှာကြော်ငြာထည့်ခြင်းဟာ သင့်ကြော်ငြာ အကြောင်းအရာစာသားတွေကို ပြတ်ပြတ်သားသား၊ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာကြောင့် သင့်ကြော်ငြာရဲ့ဆိုလိုရင်းကို ရောက်စေပါတယ်။ ဒါ့အပြင် သင့် Product အကြောင်းကို ခေါင်းစဉ်ကြီးကြီးထည့်ပြီး ကြော်ငြာမယ်ဆိုရင်လည်း သင့် Product ကို Customer တွေပိုမိုစိတ်ဝင်စားလာနိုင်ပါတယ်။


၂။ ဓာတ်ပုံ

သတင်းစာမှာ ကြော်ငြာဖို့အတွက် ဓာတ်ပုံရွေးချယ်ခြင်းဟာလည်း အဓိကကျတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ဓာတ်ပုံရွေးတဲ့နေရာမှာ ခေါင်းစဉ်နဲ့မကိုက်ညီတဲ့ ဓာတ်ပုံ၊ Customer တွေကို စိတ်ရှုပ်ထွေးစေမယ့် ဓာတ်ပုံမျိုးကို ရှောင်ရှားသင့်ပါတယ်။

သင့်လုပ်ငန်းရဲ့ ထုတ်ကုန်ပစ္စည်းတွေ အမြဲတမ်းရောင်းအားတက်စေဖို့ဆိုရင်


၃။ ကာလာ

အဖြု၊ အမဲ နဲ့ ကြော်ငြာထည့်တာထက် Colour ကတော့ ကုန်ကျစရိတ်ပိုများပါတယ်။ လူတော်တော်များများက သတင်းစာဖတ်တဲ့အခါမှာ အဖြူ၊ အမဲကြီးထက်စာရင် Colour လေးပါတာမျိုးကို ပိုသဘောကျတက်ပါတယ်။ Colour ထည့်တဲ့နေရာမှာ ၂မျိုးရှိပါတယ်။ Full colour ရယ် Two Colour ဆိုပြီးတော့ပါ။


၎။ အပြင်အဆင်

သင့်ကြော်ငြာအတွက် အပြင်အဆင်ကလည်း အရေးကြီးပါတယ်။ ကြော်ငြာကို ကြည့်လိုက်တာနဲ့ ခေါင်းစဉ်ပဲဖြစ်ဖြစ်၊ ဓာတ်ပုံပဲဖြစ်ဖြစ် Customer တွေရဲ့မျက်လုံးထဲမှာ ထင်ပေါ်နေရပါမယ်။ ဒါမှသာ သတင်းစာမှာ သင့်ကြော်ငြာဟာ စာဖတ်သူကို ဆွဲဆောင်မှု ရှိစေမှာဖြစ်ပါတယ်။


၅။ အရွယ်အစား

သတင်းစာမှာ ကြော်ငြာခြင်းရဲ့ ကုန်ကျစရိတ်ဟာ သင့်ကြော်ငြာရဲ့Size ပေါ်မှာမူတည်ပါတယ်။ သတင်းစာရဲ့နောက်ဖုန်းမှာ ကြော်ငြာမယ်ဆိုရင်တော့ ပိုပြီးကုန်ကျစရိတ်များပါတယ်။


Htet Htet Naing

 Myanmar Advertising Directory

Published in Print Advertising

မြန်မာနိုင်ငံမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ သတင်းစာ၊ ဂျာနယ် စုစုပေါင်း ( ၅၃၂ ) စောင် ရှိပါတယ်။ လက်ရှိမှာတော့ အစိုးရနဲ့ ဌာနဆိုင်ရာ နေ့စဉ်သတင်းစာ ( ၇ ) စောင်၊ ပုဂ္ဂလိက နေ့စဉ်သတင်းစာ ( ၇ ) စောင် ထွက်ရှိနေပြီး အပတ်စဉ်ထုတ် ဂျာနယ် ( ၁၇၃ ) စောင် ထွက်ရှိနေပါတယ်။

Published in Print Advertising