-->
×

Warning

JUser: :_load: Unable to load user with ID: 29


မားကတ်တင်း Plan ကို လားရာ ပြောင်းပြစ်ခဲ့တဲ့ Carlsberg

ကိုဗစ်ဖြစ်တဲ့ အခါမှာ လုပ်ငန်းကြီးတွေ အနေနဲ့ ၎င်းတို့တစ်နှစ်စာ အတွက်ချမှတ်ထားတဲ့ မားကတ်တင်း Plan တွေကိုပြန်လည်ပြုပြင်ရတာမျိုးတွေ ရှိသလို ပြောင်းလဲရတာတွေလည်း ရှိလာပါတယ်။ ဘာကြောင့်ဆို ကိုဗစ်ဟာ ဘာမှ ပြင်ဆင်ထားခြင်းမရှိဘဲ ချက်ချင်းဆိုသလို ဗြုန်းစားကြီး ဖြစ်လာတဲ့ ကိစ္စရပ်တစ်ခုမို့ပါ။

ထိုအပြင် ၎င်းတို့ အနေနဲ့ အစက လူအများက အာရုံစိုက်အောင် လုပ်ဖို့ မားကတ်တင်းကို လူသိအောင် ကြော်ငြာ တဲ့ ကိစ္စတွေမှာ လျှော့ချလိုက်ပြီး ရှိရင်းစွဲ ဝယ်ယူသူတွေရဲ့ သဘောကျမှုကို ရယူနိုင်စေရန် လက်ဆောင်များထည့်ပေးခြင်းနဲ့ ကံစမ်းမဲ ပေးခြင်းကို သာ အဓိက ထားဆောင်ရွက်ခဲ့ပုံပါပဲ။

 

ယခုလိုဖြစ်လာရခြင်းမှာ လွန်ခဲ့တဲ့ ၁၂ လလောက်က ရောင်းအား ယခုထက် ၆ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ယခုကျတော့ ၎င်းတို့ မှကုန်သွယ်မှု ဝင်ငွေ ၁၀၈ မီလျံလောက် လျော့နည်းသွားခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ သည့်ထက် သူတို့တွေ အနေနဲ့ Out Of Home ကြော်ငြာခြင်းကို မေ့ထားပြီး ပစ္စည်းဝယ်သူ အလေးထား မားကတ်တင်းသာ လုပ်မှာပါတဲ့။

 

သည့်ထက် ကိုဗစ်အေးကာလကို ရောက်တော့လည်း လူတွေက ယုံကြည်စိတ်ချစွာ အပြင် မထွက်ကြသေးပါဘူး။ အပြင်မှာ ကြော်ငြာ တာထက်စာရင် သေချာတာက ဆိုရှယ်မီဒီယာပေါ်နဲ့ တီဗီကြော်ငြာတွေ အဖြစ် ကြော်ငြာ ရင် လူတွေဆီကို ပိုရောက်မယ်၊ ထိရောက်မယ် ဆိုတာကို သိရပါတယ်။

 

ထို့ကြောင့် Carlsberg အနေနဲ့ အရင်ကတည်းက အခြား အရာ များနှင့် မတူ ၎င်းတို့ Product ကို သုံးစွဲသူများအား သူမတူတဲ့ ခံစားချက်ကို ပေးမှာပါ။ ဒါကြောင့် အခုလို အချိန်မျိုးမှာ The Whole Beer Experience ဆိုတဲ့ ကြော်ငြာ Campaign ကို သူတို့ အနေနဲ့လုပ်ဆောင်နေတယ်သိရပါတယ်။

 

အဆိုပါကြော်ငြာ Campaign ရဲ့ ရည်ရွယ်ချက်ကတော့ အခုလို ကိုဗစ်ကာလ မှာ ၎င်းတို့ Brand ကို မမေ့လျော့စေနိုင်ရန်ဖြစ်ပြီး စားသုံးသူ ပရိသတ်တွေထံမှ ယုံကြည်မှုရစေရန် ရည်ရွယ်ထားပါတယ်တဲ့။

 

<<< Zawgyi >>> 

 


------------------------------------------------------------------------

 


 


 


 


 


 


 

Marketing week 

Read times
Rate this item
(1 Vote)