-->
×

Warning

JUser: :_load: Unable to load user with ID: 29

ရောင်စုံပုံနှိပ်လုပ်ငန်းနှင့် ပတ်သတ်သည့် အကြောင်းအရာများနှင့် လတ်တလော အခြေအနေအရ ကြုံတွေ့နေရသည့် အခက်အခဲများကို နှစ် (၅၀) ကျော် သက်တမ်းရှိ သိင်္ဂီရွှေစင် အော့ဖ်ဆက် ရောင်စုံပုံနှိပ်တိုက်မှ ပိုင်ရှင်တစ်ဦးဖြစ်သည့် မယုဇနနှင့် ယခုလို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

TGSS

 ၁။ ဘယ်အချိန်တည်းက ဒီလုပ်ငန်းကို စလုပ်ခဲ့တာလဲ?

ဒီအလုပ်က မိသားစုစီးပွားရေး ဖြစ်တယ်။ အစ်မတို့ အဖေက ၁၉၇၀ ကျော်ကတည်းက ဒီပုံနှိပ်လုပ်ငန်းကို စထောင်ခဲ့တာပါ။ အခုတော့ သားသမီးတွေက ဆက်ပြီး ဦးစီးလုပ်ကိုင်နေကြတယ်။

၂။ ဘယ်လို ဝန်ဆောင်မှုတွေ ရလဲ?

ပုံနှိပ်လုပ်ငန်းဖြစ်တဲ့အတွက် လုပ်ငန်းတစ်ခုစပြီဆိုတာနဲ့ လိုအပ်တဲ့ အရာမှန်သမျှ လုပ်ပေးပါတယ်။ လုပ်ငန်းလိပ်စာကတ်ကအစ ဘောက်ချာ၊ တံဆိပ်၊ လက်ဆွဲအိတ်၊ စာအိတ်၊ ထုပ်ပိုးပစ္စည်း၊ လက်ဆောင်ပစ္စည်း စသဖြင့် စက္ကူနဲ့ ပတ်သတ်သမျှ ဝန်ဆောင်မှု အကုန်ပေးပါတယ်။

အလုပ်အပ်သူတွေ လိုချင်တဲ့အရာပေါ်မှာ ပိုကောင်းတဲ့ အကြံတွေ ထည့်ဖြည့်ပေးပြီး ဝန်ဆောင်မှုပေးတယ်။ လိုဂိုကို သီးသန့်အနေနဲ့ ဒီဇိုင်းဆွဲပေးတဲ့ ဝန်ဆောင်မှုမရှိပေမဲ့ လုပ်ငန်းလိပ်စာကတ်မှာ လိုဂိုထည့်ချင်တယ်၊ လောလောဆယ်တော့ ဒီဇိုင်းမရှိသေးဘူးဆိုရင် ဒီက ဒီဇိုင်းနာနဲ့ တိုင်ပင်ပြီး အလကားဆွဲပေးတယ်။ လိုဂိုဖိုးမယူဘူး။ လုပ်ငန်းလိပ်စာကတ်ဖိုးပဲ ယူတယ်။

၃။ စျေးနှုန်းတွေကို ဘယ်လိုသတ်မှတ်ထားလဲ?

ပုံသေစျေးနှုန်းတွေရှိပေမယ့် အဲ့သတ်မှတ်ထားတဲ့ စျေးနှုန်းအပေါ်မှာ ကွန့်ရင်ကွန့်သလောက် စျေးနှုန်းတွေ ပြန်ကွာသွားမယ်။ စာလုံး ဖောင်းကြွချင်ရင် ဘယ်လောက်၊ ရွှေအမှုန်တွေထည့်ချင်ရင် ဘယ်လောက်၊ အရောင်တွေ တစ်ခုထပ် ပိုသုံးမယ်ဆို ဘယ်လောက်ဆိုပြီး ပြန်ကွာသွားမယ်။

download 2

၄။ လုပ်ငန်းအတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေ၊ စက်ပစ္စည်းတွေကို ဘယ်ကယူလဲ?

လုပ်ငန်းအတွက် စက်တွေဆို အနောက်တိုင်းက ယူတာများတယ်။ အထူးသဖြင့် ဂျာမနီစက်တွေ၊ ယူကေစက်၊ တရုတ်စက်တွေလည်း သုံးတယ်။ ကိုယ်သုံးမယ့်စက်က ဘယ်နိုင်ငံက ပိုကောင်းလဲဆိုတာမျိုး ကြည့်ပြီး မှာရတယ်။ တိုက်ရိုက်မှာတာမျိုးတော့ နည်းတယ်။ များသောအားဖြင့် ဒီက ကုန်သည်တွေဆီက ပြန်ဝယ်တယ်။ နိုင်ငံခြားက လိုချင်တဲ့ စက်ရှိပြီဆိုလည်း ပိုက်ဆံကြိုပေးပြီး သူတို့ဆီကပဲတဆင့် မှာလိုက်တယ်။

ပုံနှိပ်လုပ်ငန်းမှာ သုံးတဲ့ စက္ကူအမျိုးအစားတွေက အရမ်းများတယ်။ အဲ့ထဲကမှ အမတို့ အသုံးများတဲ့ ဘူးခွံလုပ်တဲ့စက္ကူ၊ လက်ဆွဲအိတ်လုပ်တဲ့စက္ကူလိုမျိုး စက္ကူအမျိုးအစားတွေကိုပဲ နိုင်ငံခြားကနေ ကွန်တိန်နာအလိုက် တိုက်ရိုက်မှာလိုက်တယ်၊ သိပ်အသုံးမများတဲ့ စက္ကူတွေကျ ဒီမှာရှိတဲ့ စက္ကူသီးသန့်ရောင်းတဲ့ ကုန်သည်တွေကနေတဆင့် မှာလိုက်တယ်။

၅။ အလုပ်အပ်သူတွေဘက်က ဘယ်အပိုင်းကို အလုပ်အပ်တာများလဲ?

အားလုံးက သူ့ဟာနဲ့သူ အမြဲလုပ်နေရတယ်။ နှစ်ကုန်ခါနီးဆိုရင် ပြက္ခဒိန်တွေ၊ လက်ဆောင်ပေးဖို့ Notebook တွေ၊ ဝါကျွတ်ပြီဆိုရင် ဖိတ်စာတွေ၊ ကုမ္ပဏီတွေကဆို ဘောက်ချာတွေ၊ လက်ကမ်းကြော်ငြာတွေ အများဆုံး အပ်ကြတယ်။ ဘယ်ဟာကို အလုပ်ပိုအပ်တာမျိုးဆိုပြီး ပြောလို့တော့ မရဘူး။ အားလုံးက သူ့ရာသီအလိုက် အလုပ်အပ်တာများတာမျိုးပဲ ရှိမယ်။

၆။ ဝန်ထမ်းအင်အား ဘယ်လောက်နဲ့ လည်ပတ်နေလဲ?

ဝန်ထမ်းအင်အားက ၂၀၀ ရှိတယ်။ ဝန်ဆောင်မှုပိုင်းမှာရော၊ ပုံနှိပ်ပိုင်းမှာရော ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေချည်း ခန့်ထားတယ်။ မန္တလေးမြို့ (၂၈) လမ်း၊ (၇၃x၇၄) လမ်းကြားမှာ ဆိုင်ခွဲ ထပ်ရှိတယ်။ ဒဂုံဆိပ်ကမ်းစက်မှုဇုန်မှာကတော့ စက်ရုံရှိတယ်။

No

၇။ မီးပျက်တဲ့ အခါမှာရော ဘယ်လိုလုပ်ပေးလဲ? စျေးပိုယူတာမျိုးရှိလား?

မီးပျက်တဲ့ အခါမှာလည်း မီးစက်နဲ့ လုပ်ပေးပေမယ့် စျေးကိုပိုမယူဘဲ အမြတ်ငွေထဲကပဲ အရှံးခံပြီး သတ်မှတ်ထားတဲ့ စျေးအတိုင်းဘဲ လုပ်ပေးလိုက်ပါတယ်။ မီးပျက်တဲ့အချိန်ဖြစ်ဖြစ်၊ မီးလာတဲ့ အချိန်ဖြစ်ဖြစ် အလုပ်အပ်သူတွေ လိုချင်တဲ့ အချိန်မှာ အမှီပေးနိုင်အောင် အကောင်းဆုံးလုပ်ပေးတယ်။ ဒီမှာတော့ EPC မီးနဲ့ လုပ်ရလို့ စျေးလျှော့ယူမယ်၊ မီးစက်မောင်းပြီး လုပ်ရလို့ စျေးပိုယူမယ်ဆိုတာမျိုး မရှိပါဘူး။

၈။ ဒီလုပ်ငန်းမှာ တွေ့ကြုံရတတ်တဲ့ အခက်အခဲတွေက ဘာလဲ?

အခက်အခဲတွေက ဒေါ်လာစျေး၊ အတက်ကျရှိတော့ ကုန်ကြမ်းပစ္စည်းစျေးတွေ၊ စက္ကူစျေးတွေ တက်တာမျိုးရှိတယ်။ အခုချိန်မှာဆို မီးတွေပျက်တော့ အမတို့က မီးစက်သုံးရတယ်။ မီးစက်သုံးရလို့လည်း စျေးပိုယူထားတာ မဟုတ်တော့ အမြတ်ငွေထိခိုက်ရတယ်။ မီးပျက်တော့ တစ်ပတ်နဲ့ ပြီးရမယ့်အလုပ်က နှစ်ပတ်ကြာတယ်။ အလုပ်အပ်သူဘက်ကို အမတို့က အကျိုးအကြောင်းပြောပြီး ပြန်ညှိရတယ်။ နောက်အခက်အခဲက တချို့က အလုပ်ရပြီးရော မဖြစ်နိုင်တဲ့ စျေးတွေ ချထားကြတယ်။ အဲ့အချိန်မှာ အမတို့က Quality ကို အရမ်းထိန်းတယ်။ Brand ကို တည်ဆောက်ချင်တဲ့အတွက် မဖြစ်နိုင်တဲ့ စျေးတွေ ချထားတဲ့ သူတွေနဲ့တော့ စျေးပြိုင်မချနိုင်ဘူး။

နောက်တစ်ခုက အလုပ်အရမ်းများနေတဲ့ အချိန်မှာ ဝန်ထမ်းတွေ မလာတာမျိုးရှိတယ်။ ဝန်ထမ်းတွေ ပေါ့ဆမှုကြောင့် Error ပါသွားတာမျိုးလည်း ဖြစ်တတ်တယ်။ အဲ့လိုဖြစ်ရင် အမတို့က ပြန်ပြင်ပေးတယ်။ မပြင်ပေးလည်း အဆင်ပြေတဲ့ အရာမျိုးဆိုရင်တောင် အမတို့ဘက်က မှားတဲ့အတွက် စျေးလျှော့ပေးလိုက်တာမျိုး လုပ်ပေးလိုက်တယ်။ အမှားကကြီးလို့ အလုပ်အပ်သူဘက်က လုံး၀ပြန်သုံးလို့ မရဘူးဆိုရင် အစအဆုံး ပြန်ပြင်ပေးလိုက်တယ်။

ဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့အတွက် Customer Complain အရမ်းများတယ်။ အလုပ်အပ်သူတွေပြောတဲ့ ဒီဇိုင်းနဲ့ အမတို့ ပရင့်လုပ်လိုက်တဲ့ ပုံက ၈၀% လောက်တူအောင်ပဲ လုပ်ပေးနိုင်တယ်။ ဘာလို့လဲဆိုရင် ဖုန်းမှာပြတဲ့ အရောင်နဲ့ အမတို့ စက္ကူပေါ်မှာ ပရင့်ထုတ်လိုက်တဲ့ အရောင်က တစ်ထပ်တည်း တူချင်မှတူတယ်။ ဖုန်းတို့၊ ကွန်ပျူတာတို့က အလင်းနဲ့ အပြင်က အလင်းက မတူတော့ အရောင်တွေက တစ်ထပ်တည်းမကျတာမျိုးရှိတယ်။ အဲ့ဒါကို တချို့ က နားလည်ပေမယ့် တချို့က နားမလည်ဘူး။ သူတို့ဖြစ်ချင်တာကိုပဲ တဇွတ်ထိုးပြောတယ်။ အဲ့အခါကျရင် အမတို့က သေချာရှင်းပြရတယ်။ အလုပ်လက်ခံတည်းက လိုချင်တဲ့ ပုံစံကာလာအတိုင်း ၈၀% - ၉၀% လောက်ပဲ ထပ်တူကျနိုင်မယ်ဆိုပြီး ကြိုပြောတယ်။

download 3

၉။ လုပ်ငန်းပြိုင်ဘက်တွေကြား ဘယ်လိုထိုးဖောက်လဲ?

Marketing အတွက်ဆို ရန်ကုန်လမ်းညွှန်နဲ့ Yellow Pages တို့လိုမျိုး ကြော်ငြာဆိုက်တွေမှာ လုပ်ငန်းကြော်ငြာထည့်တာမျိုးလောက်ပဲ လုပ်ဖြစ်တယ်။ ဘာလို့လဲဆိုရင် ဒီလုပ်ငန်းက အဖေလက်ထက်တည်းက လုပ်လာတာဆိုတော့ အထိုက်အလျောက် လူသိပြီးသားဖြစ်တယ်။ အမတို့ဆီက Customer တွေက ၇၀% လောက်က အမြဲတမ်း Customer တွေ ဖြစ်တယ်။ အဲ့အတွက်လည်း အလုပ်အပ်တာနဲ့ သူတို့ဘာလိုချင်လဲဆိုတာ အစ်မဝန်ထမ်းတွေက သိပြီးသားဖြစ်တယ်။

၁၀။ အလုပ်အတွက် လက်ရှိ အသုံးပြုနေတဲ့ ဆိုရှယ်မီဒီယာတွေ သိပါရစေ။

အသုံးပြုတဲ့ Social ‌Media ကကျတော့ THEIN GI SHWE SIN Printing Press ဆိုတဲ့ Facebook Page တစ်မျိုးတည်းပဲ သုံးတယ်။ ကြော်ငြာ Post ကတော့ တစ်ရက်မှာ ၁ပုဒ် (သို့) ၂ပုဒ်လောက်ပဲ တင်ဖြစ်တယ်။

အသေးစိတ်သိရှိလိုပါက
>> https://bit.ly/3CRmzjT

 

Published in Interview

ကြော်ငြာအကူအညီနဲ့ ဈေးကွက်ချဲ့ထွင်နိုင်ပြီး မိမိကုန်ပစ္စည်းကို များများရောင်းနိုင်ခြင်း၊ ငွေမြန်မြန်ပေါ်ခြင်း စတာတွေကြောင့်ဈေးသက်သာစွာနဲ့ ဝယ်သူတွေထံကို ရောက်ရှိနိုင်ပါတယ်။ သူ့ထက်ငါ အပြိုင်အဆိုင် ရောင်းချရာမှာ ကြော်ငြာတိုက်ပွဲ မဆင်နွှဲဘူးဆိုရင် ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်နေပါလိမ့်မယ်။

Published in Print Advertising

ဈေးကွက်ရှာဖွေခြင်း နှင့် ကြော်ငြာလောကမှာ Printing ခေတ်က ကုန်ပီလို့ ပြောတာတွေ အနည်းအများကြားဖူးကြမှာပါ။

Published in Print Advertising

ကြော်ငြာဆိုင်းဘုတ် Digital Printing လုပ်ငန်းများနှင့်ဆက်စပ်သည့် Myanmar Digital Printing & Sign Expo 2019 ကုန်စည်ပြပွဲကြီးကို ဒီဇင်ဘာ ၆ရက်မှ၈ရက်အထိ ရန်ကုန်မြို့ Inya Lake ဝင်းအတွင်းရှိ Yangon Convention Centre တွင်ပထမဆုံးအကြိမ်အဖြစ်ကျင်းပသွားမှာဖြစ်ကြောင်းသိရှိရပါတယ်။

Published in Events & Exhibitions

Graphic Design လုပ်မယ်ဆိုရင် သိသင့်သိထိုက်တဲ့အချက်များထဲတွင် color အကြောင်းမှာလည်း သိရမည့်အချက်တစ်ခုပဲဖြစ်တယ်။


ဒီနေ့ခေတ်လူအများစုက ကြော်ငာလောကမှာ Printing ခောတ်က ကုန်ပြီလို့ ထင်ကောင်းထင်နေကြပါလိမ့်မယ်။




သာကေတမြို့နယ်မှာ ရှိတဲ့ 27 Media ( Digital Injet Printing ) က General Manager ဖြစ်သူ မသင်းသီလွင်ကို သူမရဲ့ ကြော်ငြာလုပ်ငန်း အတွေ့အကြုံတွေအကြောင်း မေးမြန်းပြီး ဖော်ပြလိုက်ပါတယ်။
