-->
×

Warning

JUser: :_load: Unable to load user with ID: 29


ရေခဲမုန့်နဲ့ ကိတ်မုန့် ထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာများကို မျှဝေပေးမယ်

ရေခဲမုန့်နဲ့ ကိတ်မုန့် ထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာများကို မျှဝေပေးမယ် google

ရေခဲမုန့်နဲ့ ကိတ်မုန့် ထုတ်လုပ်ရာမှာ လိုအပ်တဲ့ နည်းပညာတွေကို မျှဝေပေးမယ့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို လာမယ့် ဧပြီလ ၄ ရက်နေ့ မနက် ၉ နာရီကနေ ၁၂ နာရီခွဲအထိ SME Center မှာ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒီပွဲကို စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနဲ့ PUM Netherlands Senior Experts အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ရေခဲမုန့်နဲ့ ကိတ်မုန် ထုတ်လုပ်မယ့် လုပ်ငန်းရှင်တွေအတွက် အထာက်အကူပြုနိုင်ဖို့ ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ဟောပြော ပို့ချမယ့် ပညာရှင်ကတော့ PUM Netherlands Senior Experts အဖွဲ့အစည်းက ကျွမ်းကျင်ပညာရှင် Mr. Harry Mercuur ဖြစ်ပါတယ်။

သူဟာ Bakery, Restaurant, Catering, Ice Cream, Chocolate, H.A.C.C.P, Pastry စတဲ့ အပိုင်းတွေမှာ နှစ်ပေါင်း ၁၂ ကျော် အတွေ့အကြုံရှိတဲ့ သူတစ်ဦး ဖြစ်တာကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ သိလိုတဲ့ အကြောင်းအရာတွေ သို့ အခက်အခဲတွေကို မေးမြန်း ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။

စတော့ရှယ်ယာရင်းနှီးမြှုပ်နှံမှု လုပ်ချင်ပေမယ့် မလုပ်ရဲတဲ့သူတွေအတွက်

ရေခဲမုန့်နဲ့ ကိတ်မုန့် ထုတ်လုပ်တဲ့ နည်းပညာ မျှဝေမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ရေခဲမုန့်နဲ့ ကိတ်မုန့် ထုတ်လုပ်နေတဲ့သူတွေ ဒါမှမဟုတ် ထုတ်လုပ်ဖို့ စိတ်ဝင်စားနေတဲ့သူတွေ ဘယ်သူမဆို အခမဲ့ တက်ရောက်နိုင်ပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်မယ့် လုပ်ငန်းရှင်တွေအနေနဲ့ ဖုန်းနံပါတ် ၀၁ ၉၆၆၉၈၅၈၊ ၀၉ ၄၂၃၇၂၁၅၉၀ နဲ့ ၀၉ ၄၂၅၀၅၇၇၈၄ တို့ကို ဆက်သွယ် စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။

အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ ပြုလုပ်မယ့် SME Center ရဲ့ လိပ်စာကတော့ အမှတ် ( ၃၅ )၊ ကျိုက်ဝိုင်းဘုရားလမ်းနဲ့ မင်းဓမ္မလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။


Source;SME Development Department

Myanmar Advertising Directory

Read times
Rate this item
(1 Vote)