အခုမှ စတင်ပြီး ဘာစီးပွားရေးလုပ်ရင် ကောင်းမလဲ စဉ်းစားနေသူတွေအတွက် အကြံကောင်းတခု ဖြစ်စေဖို့ ရည်ရွှယ်ပါတယ်။
စာရင်းအင်းနဲ့ အခွန်ဆိုင်ရာ ၀န်ဆောင်မှု ဆောင်ရွက်ပေးတဲ့ လုပ်ငန်းတွေဟာ အသေးစားနှင့် အလတ်စား လုပ်ငန်းတွေထဲမှာ အမြတ်အများဆုံးလုပ်ငန်းများ ဖြစ်ပြီး ၁၈.၄ ရာခိုင်နှုန်း အသားတင်အမြတ် ရရှိပါတယ်။
ဝယ်ယူသုများကို ဆွဲဆောင်တဲ့အခါမှာ စီးပွားရေးလုပ်ငန်းများသည် ဘယ်နည်းလမ်း၊ ဘယ်လမ်းကြောင်းဖြင့်ဆောင်ရွက်ခြင်းက ၀ယ်ယူသူကို ရရှိနိုင်မလဲဆိုတာကိုေ၀၀ါးနေတတ်ပါသည်။
အီတလီလူမျိုးနိုင်ငံရေးသမား Cosimo de Medici (၁) က Florentine မှ ပန်းပုဆရာ Benvenuto Cellini (၂) ကို သူ့ဆီမှာ အလုပ်လာလုပ်ဖို့အတွက် စာတစ်စောင်ရေးပြီး စည်းရုံးတယ်။ စာထဲမှာ “ ငါ့ဆီကိုလာခဲ့ပါ၊ မင်းကို ငါ ရွှေထုတ်နဲ့ ဖို့ထားမယ်။ ” တဲ့။
၎။ အလွယ်တကူ မှတ်မိလွယ်အောင် ကြော်ငြာပါ။
လူအများစုဟာ နေ့စဉ်နေ့တိုင်း ကြော်ငြာပေါင်း ၁,၀၀၀ ကျော်လောက်ကို မြင်တွေ့နေရတာပါ။ ဘေလ်ဘုတ်ကြော်ငြာတွေလည်း မြင်ရတယ်၊ တီဗွီကြော်ငြာတွေလည်း မြင်ရတယ်၊ ကားပေါ်မှာလည်း မြင်ရတယ်၊ အင်တာနက်ပေါ်မှာလည်း မြင်ရတယ်။ နေရာတိုင်း အချိန်တိုင်းမှာ ကြော်ငြာတွေကို ထိတွေ့ မြင်တွေ့နေရပါတယ်။
ဒါကြောင့် သင့်အနေနဲ့ သူတို့ အလွယ်တကူ မှတ်မိစေမယ့် ကြော်ငြာဒီဇိုင်းတွေကို ဖန်တီးနိုင်ဖို့ အရေးကြီးပါတယ်။ ကြော်ငြာကောင်းတစ်ခုဆိုရင် Customer တွေအနေနဲ့ သင့်ကြော်ငြာနာမည်ကို မသိလိုက်ဘူးဆိုရင်တောင် သူတို့ရဲ့ စိတ်ထဲမှာ ဒီကြော်ငြာကို မှတ်မိနေမှာပဲ ဖြစ်ပါတယ်။
၅။ အခြားသူတွေနဲ့ မတူအောင် လုပ်ပါ။
ဒီဇိုင်းတစ်ခုကို ဖန်တီးတဲ့နေရာမှာ အခြားကုမ္ပဏီရဲ့ စိတ်ကူးအတွေးအခေါ်တွေကို ကူးချပြီး သင့်ရဲ့ Logo နဲ့ Product လေး ထည့်လိုက်လို့ မရပါဘူး။ သင့်မှာရှိတဲ့ ကြော်ငြာစိတ်ကူးကောင်းတွေကို အသုံးချပါ။ အခြားသူတွေကလည်း သင့်ကြော်ငြာကို ပုံတူကူးချလို့ မရအောင် ဖန်တီးပါ။
အပေါ်မှာ ပြောထားသလိုပဲ လူတွေဟာ နေ့စဉ် ကြော်ငြာပေါင်းများစွာကို မြင်တွေ့နေရတာဖြစ်လို့ သင့်အနေနဲ့ သင့်ကြော်ငြာကို အခြားသူတွေနဲ့ မတူအောင်၊ ဘယ်လိုထူးခြားအောင် လုပ်မလဲဆိုတာပဲ အမြဲ စဉ်းစားနေပါ။ သင့် Product ဒါမှမဟုတ် သင့်ကုမ္ပဏီရဲ့ USP ( Unique Selling Proposition ) ကို လေ့လာဆန်းစစ်ပါ။
အောင်မြင်တဲ့ ကြော်ငြာတွေရဲ့ နောက်ကွယ်က လျှို့ဝှက်ချက် ( ၇ ) ချက်
၆။ အလွန်အကျုး ကောင်းကြောင်း သိပ်မပြောပါနဲ့။
ဒါကတော့ ခက်ခဲတဲ့ အပိုင်းတစ်ခုပါ။ သင့်ရဲ့ Product သို့မဟုတ် Service မရှိရင် အဆင်ပြေမှာ မဟုတ်တဲ့အကြောင်း၊ သင့်ရဲ့ Product သို့မဟုတ် Service တွေက သူတို့ရဲ့ အသက်ရှင် နေထိုင်မှုမှာ ဘယ်လိုကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်တဲ့အကြောင်း စတာတွေကို သူတို့သိအောင် လုပ်ရမှာပါ။
သင့်ရဲ့ Product သို့မဟုတ် Service က အကောင်းဆုံး ဆိုတာကို ပြောတာမျိုးတော့ လုံးဝမလုပ်ပါနဲ့။ လူတွေက ဒါတွေကို ဂရုမစိုက်ပါဘူး။ Product သို့မဟုတ် Service တစ်ခုက သူတို့အတွက် ဘယ်လောက် အသုံးဝင်မလဲ၊ ဘယ်လို အကောင်းဆုံး လုပ်ပေးနိုင်လဲ ဆိုတာပဲ သိချင်တာပါ။
၇။ အရောင်းမြှင့်တင်ပါ။
ဒီအချိန်က သင့်ရဲ့ Product သို့မဟုတ် Service ကို အရောင်းမြှင့်တင်ဖို့အတွက် အချိန်ကောင်းပါပဲ။ သင်ဟာ ဆွဲဆောင်အားကောင်းတဲ့ ကြော်ငြာတစ်ခုကိုလည်း ဖန်တီးပြီးပြီ။ လူတွေ သိလာအောင် အစွမ်းကုန် အရောင်းမြှင့်တင်ရေး လုပ်ဖို့ပဲ ကျန်ပါတော့တယ်။
သင့်ကြော်ငြာကို တွေ့တဲ့ သူတွေကို Discount ဒါမှမဟုတ် Special Item လေးတွေ ပေးတာမျိုး၊ Customer တွေကို အီးမေးလ်ပို့ပြီး ကုန်ပစ္စည်းအကြောင်း မိတ်ဆက် ပြောပြတာမျိုး စတာတွေ လုပ်လို့ ရပါတယ်။ ဒါဟာ သင့် Product ကိုသာမက သင့်ကုမ္ပဏီကိုပါ နာမည်ကြီးလာအောင် လုပ်ပေးနိုင်ပါတယ်။
ဒီအချက် ( ၇ ) ချက်ကိုသာ တစ်ဆင့်ချင်းစီ သေချာ လုပ်သွားမယ်ဆိုရင် အောင်မြင်တဲ့ ကြော်ငြာတွေကို ဖန်တီးနိုင်ပြီး သင့်ရဲ့ လုပ်ငန်းကို အချိန်ခဏလေးအတွင်းမှာ အောင်မြင်မှု လမ်းကြောင်းပေါ် ရောက်ရှိစေနိုင်ပါတယ်။ အောင်မြင်မှုဆိုတာ ချက်ချင်းရတဲ့ အရာမဟုတ်လို့ စိတ်ရှည်ဖို့တော့ လိုပါလိမ့်မယ်။
Su Mon Oo
Source: h2omediainc.com
လုပ်ငန်းတစ်ခုကို ကြော်ငြာလိုက်ရုံနဲ့ သင့်လုပ်ငန်းက သူ့အလိုလို အောင်မြင်သွားတာ မဟုတ်ပါဘူး။ ခြွှင်းချက်အနေနဲ့ အောင်မြင်သွားတာတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ကံကောင်းလွန်းမှပါ။
ရည်ရွယ်ထားတဲ့ ဦးတည်မယ့် ဈးကွက်တစ်ခု ( Target Market ) ကို ရွေးချယ် ထိုးဖောက်နိုင်အောင် လုပ်ဆောင်လို့ရမယ့် တီထွင်မှု နည်းလမ်းများ ဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်တော့မည်ဆိုလျှင် ကြော်ငြာနှင့် ကင်းလို့ မရပါဘူး။ ကြော်ငြာလုပ်ငန်းကို ထိရောက်စွာ လုပ်ကိုင်နိုင်ရန်အတွက် ကျောင်းတုန်းက သင်ရိုးညွှန်းတမ်းအဟောင်းကြီးတွင် သင်ကြားခဲ့ရသည်များကို မေ့ပစ်လိုက်ရန် လိုပေသည်။
Benton & Bowles အေဂျင်စီက “ မရောင်းရရင် ဖန်တီးမှုမဟုတ်ပါ” ဆိုတဲ့မူကို ကိုင်ထားတယ်။ ဟုတ်လိုက်တာလေ။ အောက်စဖိုဒ့်အဘိဓါန် အမှတ် ၁၂ မှာ “ဖန်တီးမှု” “creativity” ဆိုတဲ့ စကားလုံးကို တွေ့မှာမဟုတ်ဘူး။ ဒါက “လုပ်ရိုးလုပ်စဉ်” လို့ဆိုလိုချင်တာလား။
ကမ္ဘာပေါ်မှာ Google ကိုနေ့စဉ် အသုံးပြုသူ ဦးရေစုစုပေါင်း ၃၃၀၀ မီလီယံကျော်ဖြင့် ထိပ်ဆုံးမှာရပ်တည်နေပါတယ်။