-->
×

Warning

JUser: :_load: Unable to load user with ID: 29


Digital Marketing Professional ဖြစ်ဖို့ သိထားသင့်တဲ့ အချက်များ

Digital Marketing Professional ဖြစ်ဖို့ သိထားသင့်တဲ့ အချက်များ google

Marketing ဆိုတဲ့ ဈေးကွက်ချဲ့ထွင်ခြင်းကို အရင်တုန်းကတော့ အွန်လိုင်းပေါ်မှာ လုပ်လေ့မရှိကြပါဘူး။

ဒါပေမယ့် ခေတ်ရဲ့ရေစီးကြောင်းနဲ့အတူ လူတွေဟာ အင်တာနက်ကို ပိုမိုအသုံးပြုလာကြပါတယ်။ အရင်တုန်းက Billboard ထောင်တဲ့နေရမှာ ရင်းနှီးကြပေမယ့် အခုတော့ စီးပွားရေး လုပ်ငန်းရှင်တွေဟာ Digital Marketing မှာ ချဲ့ထွင်လာကြပါပြီ။ ဒါ့ကြောင့် Digital Marketing Professional တွေအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ၊ လစာအားဖြင့်လည်း ပိုမိုကောင်းမွန်လာတာကို တွေ့ရပါတယ်။ သင့်အနေနဲ့ Digital Marketing Professional တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် အောက်ကအချက်လေးတွေကို လေ့လာထားသင့်ပါတယ်။


၁။ အခြေခံကစလေ့လာပါ

အလောတကြီး သင်တန်းအမြင့်ကြီးတွေ တက်စရာမလိုပါဘူး။ အရင်ဆုံး သင်နေ့စဉ်အသုံးပြုနေတဲ့ Facebook ကိုပဲ သေသေချာချာ လေ့လာပါ။ ဘယ်လို Page တစ်ခုတည်ဆောက်လို့ရလဲ၊ ဘယ်လို Group တစ်ခု တည်ဆောက်လို့ ရလဲ၊ Facebook ပေါ်ကကြော်ငြာတွေရဲ့ သဘောတရားစတာတွေကို လေ့လာသင့်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ်ပိုင် Page တစ်ခု အရင်ဖွင့်ပြီး စမ်းသပ်ကြည့်သင့်ပါတယ်။ ဒါမှသာ Facebook page တစ်ခုရဲ့ သဘောတရားကို နားလည်မှာဖြစ်ပါတယ်။ Facebook အပြင် Twitter, LinkedIn, Instagram, နဲ့ Pinterest တို့လို အခြား Social Media တွေကိုလည်း ရင်းနှီးအောင် လေ့လာထား သင့်ပါတယ်။ မြန်မာနိုင်ငံမှာ Facebook က လူသုံး အများဆုံးမို့လို့ Facebook ကိုတော့ ပိုမိုအချိန်ပေး လေ့လာ သင့်ပါတယ်။


၂။ Google ကိုသေသေချာချာလေ့လာပါ

အစက အင်တာနက်ကို ချက်တင်ထိုင်ရုံလောက်ပဲ သုံးပေမယ့် Digital Marketing အကြောင်း သိချင်ရင်တော့ Google ကို သိဖို့လိုပါတယ်။ အရင်ဆုံးလွယ်တာက စပါ။ Google မှာ သင်လိုချင်တဲ့ အချက်အလက်တွေကို ရှာဖွေတတ်အောင်ပဲ စကြိုးစားပါ။ နောက်ပိုင်းမှာတော့ အဆင့်နည်းနည်းမြင့်ပြီး SEO ဆိုတဲ့ Search Engine Optimization အကြောင်းကို လေ့လာပါ။ SEO ဆိုတာက လူတွေ Google တို့လို Search Engine မှာ တစ်စုံ တစ်ခုကို ရှာဖွေတဲ့အခါ သင့်ဝက်ဘ်ဆိုဒ်ကို ပထမဆုံး စာမျက်နှာရဲ့ ထိပ်ဆုံးမှာ ပေါ်နိုင်အောင် ကြိုးစားတာပဲ ဖြစ်ပါတယ်။

Google အကြောင်းက ဒါနဲ့တင်မပြီးသေးပါဘူး။ Displaying Ads လို့ခေါ်တဲ့ သင်ဝက်ဘ်ဆိုဒ်တစ်ခုကို ဝင်ကြည့်တဲ့ အခါဘေးဘောင်တွေမှာ ပေါ်နေတဲ့ ကြော်ငြာမျိုးတွေကို ဘယ်လိုလုပ်လည်း ဆိုတာလည်း လေ့လာသင့်ပါတယ်။ ဝက်ဘ်ဆိုဒ်တစ်ခုရဲ့ ဝင်ကြည့်တဲ့သူအရေအတွက်၊ အသက်အရွယ်အပိုင်းအခြား အစရှိတဲ့ အရာတွေကို အလွယ်တကူကြည့်နိုင်တဲ့ Google Analytics ကိုလည်း သင်လေ့လာထားဖို့လိုပါတယ်။ ဒါမှသာ သင့်ဝက်ဘ်ဆိုဒ်ရဲ့ ပရိတ်သတ်တွေ အကြောင်းကို သင်သိနိုင်မှာ ဖြစ်ပါတယ်။


၃။ Youtube ကိုလည်းအသုံးချတတ်အောင် လေ့လာထားပါ

လူတွေက ဗီဒီယိုတွေ ကြည့်ရတာ ဝါသနာပါပါတယ်။ ဒီတော့ သင့်ရဲ့ကုန်ပစ္စည်းတစ်ခုကို ဗီဒီယိုဖြင့် ကြေငြာတဲ့ အခါ ကမ္ဘာပေါ်မှာ လူကြည့်အများဆုံး ဗီဒီယိုဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Youtube ကို အသုံးပြု့ရပါတယ်။ ဒါ့ကြောင့် Youtube ပေါ်မှာ Video Channel တစ်ခုဘယ်လို တည်ဆောက်လဲဆိုတာကို လေ့လာထားသင့် ပါတယ်။ နောက်ပြီး Youtube Video တွေကို Social Media ပေါ်မှာ ပြန်လည် Share တတ်အောင်လည်း လေ့လာထားသင့်ပါတယ်။


၎။ စာအရေးအသားတိုးတက်အောင် ကြိုးစားပါ

အွန်လိုင်း မားကတ်တင်းမှာ စာအရေးအသားက အရမ်းကို အရေးကြီးပါတယ်။ အပြင်မှာ လူတစ်ယောက်နဲ့ တစ်ယောက် နှုတ်နဲ့ စကားပြောကြပေမယ့် အွန်လိုင်းပေါ်မှာတော့ စာအရေးအသားနဲ့ မိမိရဲ့ကုန်ပစ္စည်းကို လူကြိုက်များအောင် လုပ်ရပါတယ်။ Content ဆိုတာ ဘုရင်ပါ။ Content ကောင်းရင် အွန်လိုင်းလောက ကိုချယ်လှယ်ဖို့ ပိုမို အခွင့်အလမ်းရှိပါတယ်။ Blog Article လေးတွေ ရေးတတ်အောင် ကြိုးစားပါ။

Boosting လုပ်ရာမှာ ပိုထိရောက်စေမယ့် ဆောင်ရန်၊ ရှောင်ရန်များ

၅။ ဒီဇိုင်းပိုင်းကိုလည်း သိအောင် ကြိုးစားပါ

အွန်လိုင်းမားကတ်တင်းမှာ ဒီဇိုင်းပိုင်းကလည်း အရမ်းကို အရေးပါပါတယ်။ သင်ကိုယ်တိုင် ဒီဇိုင်းအားလုံးကို ဆွဲဖို့ မလိုပေမယ့် တစ်ခါတစ်လေ ဒီဇိုင်နာ မရနိုင်တဲ့အခါမျိုးမှာ သင်ကိုယ်တိုင် ဒီဇီုင်းဆွဲရလေ့ရှိပါတယ်။ ဒါ့ကြောင့် Photoshop အခြေခံလောက်ကိုတော့ သိထားဖို့လိုပါတယ်။ အရောင်တွေရဲ့သဘောတရား၊ ဘယ်လို ပုံမျိုးတွေကို အွန်လိုင်းအသုံးပြုတွေက ကြိုက်လဲ အစရှိသဖြင့် သင့်သိထားဖို့လိုပါတယ်။


၆။ အီးမေးလ်မားကတ်တင်းနဲ့ SMS မားကတ်တင်းကိုလည်း သိအောင်ကြိုးစားပါ

အီးမေလ်းမားကတ်တင်းဆိုတာကတော့ အီးမေလ်းလိပ်စာများဆီကို သင့်ရဲ့ကုန်ပစ္စည်း အကြောင်းပို့တာမျိုးပါ။ သင့်ကုန်ပစ္စည်း အသုံးပြုသူများနဲ့ အမြဲဆက်သွယ်ဖို့ အီးမေးလ်နဲ့လည်း ကြိုးစားလို့ရပါတယ်။ နောက်တစ်ခုကတော့ SMS မားကတ်တင်းပါ။ SMS နဲ့ အသုံးပြုသူတွေကို ဆက်သွယ်တာပါ။ သင့်ကုန်ပစ္စည်းအသစ်အကြောင်း၊ Event များအကြောင်း စသဖြင့် အချက်အလက် အလွယ်တကူပေးပို့လို့ရတဲ့ မားကတ်တင်းစနစ်ပါ။ ဒါတွေကို လည်း အကြမ်းဖျင်းသိအောင် လုပ်ထားသင့်ပါတယ်။


၇။ အမြဲလေ့လာပါ

တကယ်တော်တဲ့ Digital Marketing Professional တစ်ယောက်ဆိုတာ အသစ်သစ်သော အရာတွေကို အမြဲလေ့လာနေလေ့ရှိပါတယ်။ အားလုံးတတ်သွားပြီ ဆိုတဲ့အချိန်မရှိပါဘူး။ အမြဲတမ်း အသစ်သစ်သော အရာတွေ ပေါ်နေပါတယ်။ အားလုံးကို ဂရုတစိုက် အမြဲလေ့လာနေဖို့ လိုပါတယ်။

အထက်ပါအချက်များ အားလုံးဟာ အခြေခံအချက်များကိုသာ ဖော်ပြခဲ့တာဖြစ်ပြီး တကယ်တမ်းသင်ယူစရာ တွေ အများကြီးရှိပါတယ်။ Digital Marketing နယ်ပယ်ဆိုတာ တကယ်တော့ အရမ်းကို ကျယ်ပြန့်ပြီး စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။ အတော်ဆုံး Digital Marketing ဝန်ထမ်းတွေ ဖြစ်ကြပါစေ။

Credit - Work.com.mm

Myanmar Advertising Directory

Read times
Rate this item
(1 Vote)