-->
×

Warning

JUser: :_load: Unable to load user with ID: 29


တရားမဝင်ခွေးတိုက်ပွဲပို့စ်များမကြပ်မတ်မှုကြောင့် ဖေ့ဘွတ်ခ်ဝေဖန်ခံရ

တရားမဝင်ခွေးတိုက်ပွဲပို့စ်များမကြပ်မတ်မှုကြောင့် ဖေ့ဘွတ်ခ်ဝေဖန်ခံရ Google

Facebook ပေါ်မှာ ခွေးတိုက်ပွဲနဲ့ပတ်သက်ပြီး content တွေ အလွယ်တကူ တွေ့နိုင်တယ်လို့ တိရစ္ဆာန်အခွင့်အရေးကာကွယ်ရေး အဖွဲ့အစည်း Lady Freethinker ကထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်းက နိုင်ငံပေါင်းများစွာမှာ တရားမဝင်အဖြစ် သတ်မှတ်ထားတဲ့ ခွေးတိုက်ပွဲကို platform မှာ မကြပ်မတ်နိုင်တာကြောင့် Facebook ဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Facebook အနေနဲ့ ခွေးတိုက်ပွဲ content တွေကို ဆန့်ကျင်ဖို့ ကိုယ်ပိုင်ပေါ်လစီတွေ ကျင့်သုံးဖို့ ဘယ်လိုပျက်ကွက်ခဲ့လဲဆိုတာကို Lady Freethinker အဖွဲ့အစည်းအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလနဲ့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း ခွေးတိုက်ပွဲကို ဒါမှမဟုတ် ယှဉ်ပြိုင်တိုက်ခိုက်စေဖို့ တိရစ္ဆာန်တွေကို တရားမဝင်မှောင်ခိုကူးတဲ့ post ပေါင်း ၂,၀၀၀ ကျော်ကို Lady Freethinker ကတွေ့ရှိခဲ့ပါတယ်။

Read More>>> လူမှုအကျိုးပြု စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်ရဲ့ စီးပွားရေးအမြင်

အဲဒီလို လုပ်ရပ်တွေ ပြုလုပ်နေတဲ့ page, group နဲ့ profile တွေ ၁၅၀ ကျော် ရှိပြီး ထိပ်တန်း page နဲ့ group ၅ ခုက အဖွဲ့ဝင် ၁၆၀,၅၆၃ ပါဝင်တယ်လို့ သိရပါတယ်။ အဖွဲ့အစည်းက စုံစမ်းစစ်ဆေးသူတွက ပေါ်လစီချိုးဖောက်တဲ့ post ၂၆ ခုကို Facebook ဆီပေးပို့ခဲ့ပြီး platform ကနေ post ၆ ခုကို ဖယ်ရှားနိုင်ခဲ့ပါတယ်။ အဲဒီ post တွေကို ခွေးတိုက်ပွဲနဲ့ပတ်သက်တဲ့ သာမန် keyword တွေအသုံးပြု ရှာဖွေနိုင်ခဲ့ပြီး အခြား content တချို့ကတော့ သီးသန့်အသုံးအနှုန်းတွေ အသုံးပြုခဲ့ကြပါတယ်။

“Facebook ဟာ သီးသန့်ဖိုရမ်တွေမှာ ခွေးတွေနဲ့ ခွေးမွေးသူတွေ ဆွေးနွေးရာ ဆုံမှတ်တစ်ခုဖြစ်လာပါတယ်။ Page နဲ့ group အများစုက သာမန်စာဖတ်သူတွေ နားမလည်လောက်တဲ့ ဝေါဟာရတွေ အသုံးပြုပြီး ခွေးတိုက်ပွဲကို ဆွေးနွေးနေကြပါတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Credit; စိုးထက်
Myanmar Advertising directory

 

Read times
Rate this item
(1 Vote)