-->


အွန်လိုင်း ဈေးမရောင်းရ ပိတ်ပင်ခံရသည့် TikTok အင်ဒိုနီးရှားမှ Tokopedia အီးကောမတ်စ် ကို ဝယ်ယူ

အွန်လိုင်း ဈေးမရောင်းရ ပိတ်ပင်ခံရသည့် TikTok အင်ဒိုနီးရှားမှ Tokopedia အီးကောမတ်စ် ကို ဝယ်ယူ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အင်ဒိုနီးရှားနိုင်ငံမှ GoTo Gojek Tokopedia ၏ e-commerce ယူနစ်တွင် ထိန်းချုပ်ရှယ်ယာရှင်ဖြစ်လာရန် တရုတ်နိုင်ငံမှ ByteDance က ပိုင်ဆိုင်သည့် TikTok သည်  ရှယ်ယာများ ဝယ်ယူပြီး ကန်ဒေါ်လာ ၁.၅ ဘီလီယံဖြင့် ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။

 

အရှေ့တောင်အာရှ၏ အကြီးဆုံးစီးပွားရေးဖြစ်သော အင်ဒိုနီးရှားတွင် TikTok သည် အွန်လိုင်း ဈေးမရောင်းရ ပိတ်ပင်ခံရသည့်အကြောင်း Advertising Guide တွင် ဖော်ပြခဲ့ပါသည်။

 


 

လူမှုကွန်ရက်တွင် ဈေးမရောင်းရန် အင်ဒိုနီးရှား ပိတ်ပင်

https://www.myanmaradvertisingdirectory.com/media-advertising/digital-marketing/item/3148

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

အင်ဒိုနီးရှားတွင် TikTok မှာ ဈေးရောင်းဈေးဝယ် မလုပ်ရသည့်အပေါ် တုံ့ပြန်ပြောဆိုမှုများ

https://www.myanmaradvertisingdirectory.com/knowledge/rules-regulations/item/3151

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


ပိတ်ပင်ခံရသည့် TikTok Shop အစား အွန်လိုင်းဈေးရောင်းဈေးဝယ် လုပ်ကိုင်နိုင်ရန်အတွက် အီးကောမတ်စ်လုပ်ငန်းကို TikTok ဝယ်ယူလိုက်ခြင်း ဖြစ်သည်။

 

 ရှယ်ယာအရောင်းအဝယ် သဘောတူညီချက်အရ  TikTok သည် အင်ဒိုနီးရှားနိုင်ငံ၏ အကြီးမားဆုံး e-commerce ပလက်ဖောင်းဖြစ်သော GoTo ၏ Tokopedia တွင် ရှယ်ယာများ  ၇၅.၀၁% ကို ကန်ဒေါ်လာ ၈၄၀ ဖြင့် ၀ယ်ယူမည်ဖြစ်သည်။ အရောင်းအဝယ် ကိစွစအဝဝ ပြီးမြောက်ပြီးသည့်အခါ TikTok သည် TikTok Shop ၏ အင်ဒိုနီးရှားမှ လုပ်ငနိးကဏ္ဍကို Tokopedia တွင် ပေါင်းစည်းထည့်သွင်းမည် ဖြစ်သည်။ TikTok Shop သည် လူမှုကွန်ရက်မှ ဈေးခင်း မဟုတ်တော့ဘဲ အီးကောမတ်စ် ဈေးခင်းအဖြစ် ရပ်တည် လုပ်ကိုင်မည် ဖြစ်သည်။

 

အရောင်းအဝယ်သည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် အပြီးသတ်မည်ဖြစ်သည်။ ထိုအခါ၌ Tokopedia သည် လုပ်ငန်းအရင်းအနှီး လိုအပ်ချက်များအတွက် ရန်ပုံငွေအဖြစ် အသုံးပြုနိုင်သည့် ကန်ဒေါ်လာ ၁ ဘီလီယံကို TikTok ထံမှ အရင်းအနှီး ထည့်ဝင်ခြင်းကို လက်ခံရရှိမည်ဟု ကုမ္ပဏီနှစ်ခု၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

 

"Tokopedia အခါအားလျော်စွာ တိုးချဲ့မည့် အစီအစဉ်များတွင် လုပ်ငန်းအတွက် လိုအပ်သော အနာဂတ်ရန်ပုံငွေများ ပံ့ပိုးပေးရန်အတွက် TikTok သည် ကန်ဒေါ်လာ ၁.၅ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံရန် ကတိပြုပါသည်။" ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ 

အင်ဒိုနီးရှား၏ e-commerce စျေးကွက်တွင် Tokopedia သည် စင်ကာပူအခြေစိုက် Sea မှ Shopee နှင့် တရုတ် e-commerce ကုမ္ပဏီကြီး Alibaba မှ Lazada တို့ကို ယှဉ်ပြိုင်လျက် ရှိသည်။

 

အင်ဒိုနီးရှား အီးကောမတ်စ် လုပ်ငန်းကဏ္ဍသည် ယခုနှစ်တွင် ကန်ဒေါ်လာ ၆၂ ဘီလီယံ ရှိရာမှ ၂၀၃၀ ခုနှစ်တွင် ကန်ဒေါ်လာ ၁၆၀ ဘီလီယံခန့် ဖြစ်လာမည်ဟု ခန့်မှန်းထားကြောင်း Google၊ စင်ကာပူနိုင်ငံပိုင် ရင်းနှီးမြှုပ်နှံသူ Temasek Holdings နှင့် အတိုင်ပင်ခံ ကုမ္ပဏီ Bain & Co တို့မှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times
Rate this item
(0 votes)