-->


TikTok မှ Reels သို့ ပြောင်းရွှေ့ခဲ့ရသည့် နီပေါအွန်လိုင်း ဩဇာရှင်

TikTok မှ Reels သို့ ပြောင်းရွှေ့ခဲ့ရသည့် နီပေါအွန်လိုင်း ဩဇာရှင်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

photo_2023-12-14_18-12-59.jpg

 

TikTok လူမှုကွန်ရက်မှ ဩဇာရှင် Anjana Aryal သည် နီပေါနိုင်ငံသူ ဖြစ်ပြီး TikTok မှာ ဝင်ငွေ ကောင်းနေသူတဦးဖြစ်သည်။ ၂၀၂၃ အောက်တိုဘာလတွင် တလတာအတွက် ဝင်ငွေ $3,000 နီးပါး ရရှိခဲ့သည်။ 

နီပေါအစိုးရက TikTok ကို လုံးဝပိတ်ပင်လိုက်သည့်အခါ သူမ ရနေကျ ဝင်ငွေ ပျောက်ကွယ်သွားတော့သည်။

Aryal သည် TikTok တွင် ချက်နည်းပြုတ်နည်းများကို တင်ပြသည်။ 

ချက်ပြုတ်ပုံကို မိုဘိုင်းဖုန်းဖြင့် ဗီဒီယို ရိုက်ပြီး TikTok တွင် ပို့စ်တင်သည်။ 

ပြီးခဲ့သည့်နှစ်တွင် Aryal သည် နီပေါတွင် ဆိုရှယ်မီဒီယာစတားအဖြစ်သို့ လျင်မြန်စွာ ရောက်ရှိသွားသည်။ သူမ တင်ပြသည့် ဗီဒီယိုများ ကြည့်ရှုကြိမ်ရေ သန်းချီသည်။ ပရိသတ် ၆ သိန်းနီးပါး ရရှိခဲ့သည်။

 

သုညအခြေစိုက်ခြင်း

TikTok ကို ဒေတာလုံခြုံရေး၊ လိင်ကိစ္စ ညစ်ညမ်းသောအကြောင်းအရာများ တင်ပြခြင်း၊ TikTok ပိုင်ရှင်ထံမှ သုံးစွဲသူတို့၏ ဒေတာများကို တရုတ်အစိုးရက ရယူနိုင်ခြင်း စသည့် အချက်များကြောင့် နိုင်ငံအချို့တွင် TikTok ကို ကန့်သတ်ပိတ်ပင်မှုများ ရှိနေချိန်တွင် နီပေါနိုင်ငံ အစိုးရသည် "လူမှုသဟဇာတဖြစ်မှု" ကို ထိခိုက်စေသဖြင့် ကာကွယ်ပေးရန်ဟု ဆိုကာ TikTok ကို လုံးဝ ပိတ်ပင်လိုက်သည်။ 

 

နီပေါနိုင်ငံ ခတ္တမန္ဒူမြို့တွင် နေထိုင်သူ အသက် ၃၉ နှစ်အရွယ် Aryal က "TikTok ကြောင့် ကျမ ဘဝအများကြီး ပြောင်းလဲသွားတယ်" ဟု Aryal က ပြောကြားသည်။

 

"ဘယ်သွားသွား TikTok ကြောင့် ကျမကို တော်တော်များများက သိနေကြပါတယ်"ဟု သူမက ပြောကြားသည်။ 

 

ပရိသတ်အားပေးမှုအရ Aryal ဟာက သူမ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် သနပ် လုပ်ပြီး အွန်လိုင်းမှာ ရောင်းချသည့် အိမ်တွင်းလုပ်ငန်းကို စတင်ခဲ့ရာ မှာကြားကြသူများ များပြားသည်။

သို့သော် နီပေါတွင် TikTok ကို ပိတ်ပင်လိုက်ကတည်းက Aryal နှင့် အခြားသော TikTok မှာ ဝင်ငွေရနေသူများ ငွေဝင်လမ်း ပိတ်သွားသည်။ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို အကြီးအကျယ် ထိခိုက်စေသည်။

"လူတွေက TikTok မှာ ဝင်ငွေရှာတာ၊ စီးပွားရေးတွေ လည်ပတ်နေတာ ဒါမှမဟုတ် ဖျော်ဖြေရေးတွေလုပ်နေတာ။ အခုချိန်မှာတော့ အားလုံး ထိခိုက်ကုန်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေကြတယ်” ဟု ၎င်းက ဆိုသည်။

 

တရုတ်နိုင်ငံ မြို့တော် ပေကျင်းအခြေစိုက် နည်းပညာလုပ်ငန်းကြီး  ByteDance မှပိုင်ဆိုင်သော TikTok သည် သုံးစွဲသူတစ်ဘီလီယံကျော်ရှိသည်။ ကမ္ဘာပေါ်တွင် ရေပန်းအစားဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းများထဲမှာ တစ်ခုအပါအဝင်ဖြစ်သည်။

 

TikTok သည် ကြီးထွားနှုန်း အလွန်အမင်း မြန်ဆန်သည်။  အကြောင်းအရာ ဖန်တီးသူများနှင့် ဩဇာရှင် (influencer) များကို  ကြီးမားသော ပရိသတ် ရရှိစေသည်။

ဗီဒီယိုတည်းဖြတ်ခြင်း လုပ်ဆောင်ချက်အင်္ဂါရပ်များနှင့် ပို့စ်များ ရွေးချယ်ပြသပေးရာတွင် ဉာဏ်ရည်တုပါဝါ သုံးထားခြင်းတို့သည် တကယ် အလုပ်ဖြစ်စေသည်။

သို့သော် ရွေးချယ်ပြသပေးသည့် နည်းစနစ်ကို TikTok က အသိမပေးသည့်အတွက် ပြစ်တင်ဝေဖန်မှုများ ရှိနေသည်။ ထို့ပြင် သတင်းအမှားများ အတားအဆီးမရှိ ပျံ့နှံ့ခြင်းအတွက်လည်း အပြစ်တင်ခံရသည်။ 

 သုညမှ ပြန်စ 

နီပေါနိုင်ငံ လူဦးရေ သန်း ၃၀ တွင် TikTok အသုံးပြုသူ ၂ ဒသမ ၂ သန်းခန့် ရှိသည်။

 

Manish Adhikari သည် TikTok ကို အသုံးပြုပြီး မော်တော်ကားများအကြောင်း တင်ပြသည်။ အမှတ်တံဆိပ်အချို့က သူ့ကို ဩဇာရှင်အဖြစ် ကြေညာခိုင်းကြသည်။ TikTok ရပ်လိုက်သောအခါ ဝင်ငွေရနေသည့် ပလက်ဖောင်း ပျောက်သွားသည်။ 

 

Adhikari သည် Instagram သို့ ပြောင်းရွှေ့ခဲ့သည်။ သို့သော် ကြည့်ရှုကြိမ်ရေ အလွန်နည်းသည်။ ပရိသတ်လည်း နည်းသည်။

 

"ကျွန်တော်က တခြား platform တွေမှာ active မဖြစ်တာကြောင့် ကျွန်တော့်ရဲ့ ပရိသတ်အားလုံးကို ဆုံးရှုံးခဲ့ရပါတယ်" ဟု ၎င်းက ပြောသည်။

 

"အခု ကျွန်တော် သုညကနေ ပြန်စရတော့မယ်"ဟု ၎င်းက ပြောသည်။

 

Source AFP

 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)