-->


ရှဲရယ် ဆင်းဒ်ဘာ့ဂ် Meta ဒါရိုက်တာဘုတ်အဖွဲ့မှ နုတ်ထွက်

ရှဲရယ် ဆင်းဒ်ဘာ့ဂ် Meta ဒါရိုက်တာဘုတ်အဖွဲ့မှ နုတ်ထွက် 

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Meta မှ လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ် ဖြစ်ခဲ့ဖူးသူ ရှဲရယ် ဆင်းဒ်ဘာ့ဂ် Sheryl Sandberg သည် Meta ဒါရိုက်တာဘုတ်အဖွဲ့မှ နုတ်ထွက်ပါသည်။

 

အမျိုးသမီးတစ်ဦး အနေဖြင့် နည်းပညာနယ်ပယ်တွင် အထင်ရှားဆုံး တဦးဖြစ်သူ ရှဲရယ် ဆင်းဒ်ဘာ့ဂ်က Meta သည် အနာဂတ်အတွက် ကောင်းမွန်သော အနေအထား ရရှိထားပြီ ဖြစ်သဖြင့် "အခုအချိန်က ထွက်ခွာဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်" ဟု ပြောကြားသည်။

သူမသည် ကုမ္ပဏီအတွက် အလွတ်သဘော အကြံပေးအဖြစ် ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။

 

Meta စီအီးအို မတ် ဇက်ကာဘတ်  Mark Zuckerberg က ကုမ္ပဏီအတွက် "ထူးထူးခြားခြား ပံ့ပိုးကူညီမှုများ" အတွက် သူမအား ကျေးဇူးတင်ရှိပါသည်ဟု ရေးသားသည်။

 

အသက် ၅၄ နှစ် ရှိသူ ရှဲရယ် ဆင်းဒ်ဘာ့ဂ်သည် Facebook အရွယ်အစား သေးငယ်စဉ်မှာ သူမသည် Google မှာ လုပ်ကိုင်နေစဉ် ဇက်ကာဘတ်၏ ဖိတ်ခေါ်ကမ်းလှမ်းမှုဖြင့် Facebook မှာ ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ 

Facebook ၏ ကြော်ငြာလုပ်ငန်းကဏ္ဍကို အမြတ် သောက်သောက်လဲ ဝင်သည့်အဖြစ်သို့ရောက်အောင် သူမက ပြောင်းလဲပေးခဲ့သည်။ ကုမ္ပဏီသည် ကြော်ငြာဝင်ငွေဖြင့် ဆက်လက်ကြီးထွားခဲ့ရာ Instagram နှင့် WhatsApp တို့ကို အပြီးအပိုင် ဝယ်ယူနိုင်ခဲ့သည်။ Messenger ကို ဖန်တီးနိုင်ခဲ့သည်။

 

 Sheryl Sandberg က  Lean In: Women, Work, and the Will to Lead  အမည် စာအုပ် ရေးသား ထုတ်ဝေခဲ့ရာ အရောင်းရဆုံး စာအုပ် ဖြစ်သွားခဲ့သည်။ ၎င်းစာအုပ်ကြောင့် ကမ္ဘာတလွှား သူမကို သိသူ ပိုများသွားစေခဲ့သည်။

 

သူမ Facebook တွင် လုပ်ကိုင်ခဲ့စဉ်က Facebook ကို အကြီးအကျယ် ပြစ်တင်ဝေဖန်မှုများ ကြုံခဲ့ရသည်။ ၂၀၁၆ အမေရိကန် ရွေးကောက်ပွဲ သတင်းအမှားများ Facebook ပေါ် ပျံ့နှံ့ခြင်း၊ Cambridge Analytica က Facebook တွင် ဝါဒဖြန့်ရန် အုပ်စီးထားနိုင်ခဲ့ခြင်း စသည့် ကြီးမားသော ပြဿနာများ ကြုံခဲ့သည်။ 

 

သူမက Meta မှ ထွက်ခွာကြောင်း Facebook မှာ ပို့စ် တခု တင်ပြီး အသိပေးခဲ့သည်။ 

 

 photo_2024-01-18_18-51-20.jpg

 

 

"ကျေးဇူးတရားတွေနဲ့ ပြည့်နှက်နေတဲ့ နှလုံးသား၊ အမှတ်တရတွေနဲ့ ပြည့်နေတဲ့စိတ်"ဟု သူမက ရေးသားထားသည်။

 

ရှဲရယ် ဆင်းဒ်ဘာ့ဂ်သည် Facebook ထို့နောက် Meta တွင် နုတ်ထွက်ချိန်အထိ လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ်အဖြစ် ၁၄ နှစ်၊ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်အဖြစ် ၁၂ နှစ် လုပ်ကိုင်ခဲ့သည်။ 

 

Source bbc


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)