-->


Apple က အိန္ဒိယနိုင်ငံရှိ ပထမဆုံးစတိုးအနီး brand ၂၂ ခု ပိတ်ပင်

Apple က အိန္ဒိယနိုင်ငံရှိ ပထမဆုံးစတိုးအနီး brand ၂၂ ခု ပိတ်ပင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Apple သည် အိန္ဒိယနိုင်ငံရှိ ၎င်း၏ပထမဆုံးစတိုးဆိုင်အနီးတွင် ယှဉ်ပြိုင်သည့်အမှတ်တံဆိပ် ၂၂ ခု မရှိစေရဟု  တားမြစ်ပိတ်ပင်ထားသည်။

.

အိန္ဒိယနိုင်ငံတွင် ပထမဆုံး Apple Stores များဖွင့်လှစ်ခြင်းမပြုမီ Apple သည် စတိုးဆိုင်တစ်ဝိုက်တွင် “သီးသန့်ဇုန်” သတ်မှတ်ထားပြီး ၎င်း “သီးသန့်ဇုန်”တွင်  ပြိုင်ဘက်အမှတ်တံဆိပ် ၂၂ ခုကို မရှိစေရဟု တားမြစ် ပိတ်ပင်ထားကြောင်း အိန္ဒိယမှ Economic Times က သတင်း ဖော်ပြပါသည်။

ပိတ်ပင်သည့် brand စာရင်းတွင်  Amazon၊ Facebook၊ Google နှင့် Twitter တို့ ပါဝင်သည်။

.

Apple သည် စတိုးဆိုင်အတွက် အငှားစာချုပ်တွင် Apple သတ်မှတ်ထားသောစတိုးဆိုင်တစ်ဝိုက်“သီးသန့်ဇုန်” တွင်  Apple က ပြိုင်ဘက်အဖြစ်သတ်မှတ်ထားသော brand များကို ရုံးခန်း၊ ဆိုင် အစရှိသည်တို့ ဖွင့်ခွင့်မပြုရန်အပြင် ကြော်ငြာရန်နေရာများတွင်လည်း ၎င်းတို့ကို နေရာမပေးရဟု စာပိုဒ်တစ်ပိုဒ်ကို ထည့်သွင်းချုပ်ဆိုထားသည်။

.

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့တွင် ပထမဆုံးစတိုးဆိုင်ဖြစ်သည့် Apple BKC ကို ဧပြီလ ၁၈ ရက်နေ့တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်။ Apple စီအီးအို ဖွင့်ပွဲအခမ်းအနား တက်ရောက်ရန် စီစဉ်ထားသည်ဟု သတင်းထွက်ပေါ်ပါသည်။

ဒုတိယအနေဖြင့် ဒေလီတွင် နောက်ထပ် Apple Store တစ်ဆိုင်ဖွင့်လှစ်မည်။ 

.

ပိတ်ပင်ထားသော brand များတွင် Windows လက်ပ်တော့ ထုတ်လုပ်သည့် brand များ ပါဝင်ပါသည်။ Windows လက်ပ်တော့သည် Apple ၏ MacBooks အတွက် ပြိုင်ဘက် ဖြစ်ပါသည်။

.

အသံပိုင်း ပစ္စည်း ထုတ်လုပ်သည့် HomePod ၊  Beats ၊ Bose ၊  Devialet တို့ကိုလည်း ပြိုင်ဘက်ဟု သတ်မှတ်ပါသည်။

.

စမတ်လက်ပတ်နာရီအတွက်  Garmin ကို ပိတ်ပင်ထားသည်။

.

HomeKit ပစ္စည်းများအတွက် Nest ကို ပိတ်ပင်ထားသည်။

 

နားမလည်နိုင်စရာမှာ Apple ၏ iPhone များကို အဓိကအားဖြင့် ထုတ်လုပ်ပေးနေသည့် Foxconn ကိုလည်း ပိတ်ပင်ထားသည်။ Apple မှ နောင်တစ်ချိန်တွင် လျှပ်စစ်ကား ထုတ်လုပ်သည့်အခါ Foxconn က လျှပ်စစ်ကား ထုတ်လုပ်သဖြင့် ပြိုင်ဘက်စာရင်းထဲ ထည့်ထားခြင်း ဖြစ်မည်ဟု ယူဆရသည်။

.

Facebook ၊ Twitter တို့သည် Apple ၏ ကြော်ငြာဝင်ငွေကဏ္ဍတွင် ပြိုင်ဘက်ဟု ယူဆခြင်းကြောင့် ပိတ်ပင်ခြင်း ဖြစ်မည်။ 

.

Economic Times သတင်းတွင် brand ၂၁ ခုကိုသာ ဖော်ပြထားပြီး ၁ ခု လိုနေပါသည်။ ဖော်ပြထားသော brand များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

 

Amazon

Facebook

Google

LG

Microsoft

Sony

Twitter

Bose

Dell

Devialet

Foxconn

Garmin

Hitachi

HP

HTC

IBM

Intel

Lenovo

Nest

Panasonic

Toshiba

.

ကျန်နေသည့် တစ်ခုမှာ Samsung ဟု ယူဆရပါသည်။

Source Economic Times 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

 

Read times
Rate this item
(0 votes)