-->


လီကွမ်ယု ရာပြည့်အထိမ်းအမှတ် အအေးဘူးခွံနှင့် စပ်လျဉ်း၍ Yeo's ရှင်းလင်းပြောကြား

လီကွမ်ယု ရာပြည့်အထိမ်းအမှတ် အအေးဘူးခွံနှင့် စပ်လျဉ်း၍ Yeo's ရှင်းလင်းပြောကြား

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

 

စင်ကာပူတည်ထောင်သူ ဝန်ကြီးချုပ်ဟောင်း လီကွမ်းယူ၏ ပုံကို အချိုရည်ဘူး တစ်ခါသုံး ထုပ်ပိုးပစ္စည်းပေါ်တွင် အသုံးပြုမှုအပေါ် အွန်လိုင်းတွင် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။ အာဏာပိုင်များထံ အတည်ပြုခြင်း ရှိ၊ မရှိ ဆိုသည်ကို အချို့က မေးခွန်းထုတ်ကြသည်။

 

ပြည်တွင်း အစားအသောက်နှင့် အဖျော်ယမကာအမှတ်တံဆိပ် Yeo's သည် အရေအတွက် အကန့်အသတ်ဖြင့် ဂန္ဓမာပန်း လက်ဖက်ရည်ဘူးများကို ထုတ်လုပ်ထားသည်။ ၎င်း လက်ဖက်ရည်ဘူးခွံပေါ်မှာ လီကွမ်ယု နှစ် ၁၀၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် လီကွမ်ယု ကိုယ်တပိုင်းပုံကို ဖော်ပြခဲ့သည်။

photo_2023-09-16_10-19-10 ee.jpg

 

 

‌၎င်းပုံကို သုံးစွဲရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်တို့ထံ တင်ပြပြီး မေးမြန်းတိုင်ပင်ခဲ့ကြောင်း Yeo's က အတည်ပြု ပြောကြားသည်။

ဩဂုတ်လ ၂၅ ရက်နေ့တွင် Reddit အသုံးပြုသူတစ်ဦးသည် ဆိုရှယ်မီဒီယာဝဘ်ဆိုက်တွင် အချိုရည်ဘူးဓာတ်ပုံများကို တင်ခဲ့သည်။ 

 

ဘူးပေါ်တွင် ကွယ်လွန်သူ မစ္စတာလီ၏ ရုပ်ပုံကို အသုံးပြုခြင်းအား မားကက်တင်းအတွက် “ပေါပေါပဲပဲ အားဖြည့်တင်းချက်” ဟု သူက ဝေဖန်သည်။

 

ပို့စ်အောက်တွင် အချို့က Yeo's သည် ထုပ်ပိုးမှု၌ လီကွမ်ယုပုံ အသုံးပြုမှုအတွက် အာဏာပိုင်များ၏ ခွင့်ပြုချက်ကို ရယူခဲ့ခြင်း ရှိမရှိ မေးခွန်း ထုတ်သည့် သဘောထားမှတ်ချက် ရေးသားကြသည်။

 

စင်ကာပူနိုင်ငံ ယဉ်ကျေးမှု၊ ရပ်ရွာနှင့် လူငယ်ရေးရာဝန်ကြီးဌာန Ministry of Culture, Community and Youth (MCCY)က စက်တင်ဘာလ ၇ ရက်တွင် အတည်ပြု ဖြေကြားခဲ့ရာ၌ Yeo's သည် Mr Lee ၏ အမည်နှင့် ရုပ်ပုံအသုံးပြုမှုဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဘူးခွံပေါ် သုံးစွဲသည်မှာ သေချာစေရန် ဝန်ကြီးဌာနသို့ မေးမြန်း တိုင်ပင်ခဲ့ကြောင်း၊ ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် လမ်းညွှန်ချက်များ ဖော်ပြပေးထားသည်ကို ဖတ်ရှုလေ့လာနိုင်ကြောင်း ပြောကြားသည်။

 

Mr Lee ၏ ပုံရိပ်အသုံးပြုမှုသည် ဉာဏပစ္စည်းမူပိုင်ခွင့်ဥပဒေများနှင့်အညီ သေချာစေရန်မှာ သုံးစွဲသူများ၏ တာဝန်ဖြစ်သည်ဟု MCCY မှ ပြောရေးဆိုရေး တာဝန်ခံက ပြောကြားသည်။

 

 Yeo ၏အမှုဆောင်အရာရှိချုပ် Ong Yuh Hwang က ကုမ္ပဏီသည်  မစ္စတာလီကွမ်းယု၏ ရာပြည့်မွေးနေ့ကို အထိမ်းအမှတ်ပြုရန် လုပ်ဆောင်ချက်ကို လီကွမ်ယု၏ အမည်နှင့် ရုပ်ပုံ အသုံးပြုမှုအတွက်  ထုတ်ပြန်ပေးထားသော လမ်းညွှန်ချက်များနှင့်အညီ သေချာစေရန် MCCY နှင့် တိုင်ပင်ခဲ့ကြောင်း  စက်တင်ဘာလ ၉ ရက်တွင် ပြောကြားသည်။

၎င်းလက်ဖက်ရည် အအေးဘူးများကို အရေအတွက် ၅ သိန်း အကန့်အသတ်ဖြင့် ထုတ်လုပ်ကြောင်း၊ ဘူး ၅ သိန်း အကုန်လုံးကို အခမဲ့ ပေးလှူခဲ့ကြောင်း ၎င်းက ပြောကြားသည်။

“ထုတ်ပိုးတဲ့ ဘူးကို ဒီဇိုင်းဆွဲတဲ့အခါ တောက်ပတဲ့ အဝါရောင်နဲ့ အနီရောင် အရောင်တွေနဲ့ လိုဂိုရဲ့ ထင်ရှားမြင်သာတဲ့ နေရာအထားအသို အပါအဝင် ထုတ်ကုန်ရဲ့ ပုံမှန်အမှတ်တံဆိပ် စတဲ့ အမှတ်အသားတွေကို တမင်တကာ ဖယ်ထားခဲ့ပါတယ်"ဟု Mr Hwang က ပြောကြားသည်။

 

"အထိမ်းအမှတ် ထုပ်ပိုးမှုမှာ စင်ကာပူကို စိမ်းလန်းသောမြို့အဖြစ် ပြောင်းလဲရာတွင် မစ္စတာလီရဲ့ အမြော်အမြင်ရှိသော အခန်းကဏ္ဍကို ဖော်ပြရန်အတွက် အစိမ်းရောင်ကို အသုံးပြုထားပါတယ်။ Yeo's လိုဂိုကိုလည်း အရွယ်အစား လျှော့ချထားပါတယ်။ ထားနေကျ အလယ်ဗဟိုမှာ မထားဘဲ အောက်ခြေသို့ ရွှေ့ထားပါတယ်" ဟု Mr Hwang က ရှင်းပြသည်။

 

ဂန္ဓမာပန်းလက်ဖက်ရည်ဘူးများကို ဖြန့်ဝေရန် ပညာရေးကဏ္ဍမှ အဖွဲ့အစည်းများနှင့် Yeo's က လက်တွဲခဲ့ကြောင်း Mr Hwang က ပြောကြားပါသည်။

Source straitstimes 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)