-->


လန်ဒန် ၂ထပ်ဘတ်စ်ကားမှ ထိုင်းကြော်ငြာ

လန်ဒန် ၂ထပ်ဘတ်စ်ကားမှ ထိုင်းကြော်ငြာ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ထိုင်းနိုင်ငံမှ နောက်ဘိတ်ဆုံး ခရီးသွားလုပ်ငန်း ကမ်ပိန်း အစီအစဉ်မှ ကြော်ငြာဖော်ပြထားသော  "Amazing Thailand Bus" သည်  ဗြိတိန်မြို့တော်ရှိ အထင်ကရနေရာများကို ဖြတ်သန်းသွားလာကာ ရွေ့လျားကြော်ငြာအဖြစ် ကြော်ငြာမည် ဖြစ်သည်။

 

photo_2023-11-09_08-35-07.jpg

 

ကမ်ပိန်းကို ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ Tourism Authority Thailand(TAT) နှင့် Thailand Privilege Card တို့မှ စီစဉ်ပါသည်။

လန်ဒန်၏ အထင်ကရ ထင်ရှားသည့် နှစ်ထပ်ဘတ်စ်ကားတစီး ကိုယ်ထည်ပေါ်မှာ  TAT ၏ ခရီးသွားလုပ်ငန်းကဏ္ဍကို မီးမောင်းထိုးပြသည့် ကြီးမားသော စတစ်ကာဖြင့် လွှမ်းခြုံထားပါသည်။

 

 ဘတ်စ်ကားသည် ဗုဒ္ဓဟူးနေ့မှ တနင်္ဂနွေနေ့ (နိုဝင်ဘာ ၈ ရက်မှ ၁၂ ရက်အထိ) အခမဲ့ဝန်ဆောင်မှု ပေးပါသည်။

စတစ်ကာတွင် ထိုင်းနိုင်ငံမှ ထင်ရှားသော စေတီ၊ ထင်ရှားသော ပင်လယ်ကမ်းခြေ သဲသောင်ပြင် အစရှိသည်တို့ကို ဖော်ပြထားသည်။

 

ဘတ်စကားအတွင်းတွင် ထိုင်းမှ ပွဲတော်များ၊ စိတ်ဝင်စားစရာ နေရာများကို အသိပေးထားပါသည်။

 

TAT သည် ၂၀၂၄ ခုနှစ်တွင် ဥရောပ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ ဧည့်သည် ၈.၅ မှ ၉ သန်းအထိ လာရောက်လည်ပတ်ရန် မျှော်မှန်းထားပါသည်။

Source nationthailand 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times
Rate this item
(0 votes)