-->


ဘီယာဈေးကွက်ထဲ ဝင်ရောက်သည့် ခါရာဘောင် မားကက်တင်းမဟာဗျူဟာ

ဘီယာဈေးကွက်ထဲ ဝင်ရောက်သည့်  ခါရာဘောင် မားကက်တင်းဗျူဟာ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ခွန်အားဖြည့် အချိုရည် ထုတ်လုပ်ရောင်းချသည့် ခါရာဘောင်သည် ထိုင်းပြည်တွင်းဖြစ် ဘီယာ အမှတ်တံဆိပ် နှစ်မျိုးဖြင့် ထိုင်းဘီယာဈေးကွက်ထဲသို့ ဝင်ရောက်ပါသည်။

 

Carabao Group သည်  Carabao နှင့် Tawandang ဘီယာအမှတ်တံဆိပ်များဖြင့် ထိုင်းနိုင်ငံ၏ ဘတ် ၂၆၀ ဘီလီယံတန် ဘီယာဈေးကွက်ထဲသို့ ဝင်ရောက်ပါသည်။ 

 

photo_2023-11-11_08-56-28.jpg

 

Carabao Group အမှုဆောင်အရာရှိချုပ် Sathien Sathientham က ချိုင်းနတ်ပြည်နယ်တွင် တစ်နှစ်လျှင် စုစုပေါင်းထုတ်လုပ်မှုပမာဏ လီတာ သန်း ၄၀၀ ရှိသည့် ဘီယ စက်ရုံတစ်ခု ထူထောင်ရာ၌ ဘတ်ငွေ ၄ ဘီလီယံ ရင်းနှီးမြှုပ်နှံထားကြောင်း ပြောကြားသည်။

စက်ရုံတွင် ကမ္ဘာ့စံချိန်စံညွှန်းမီ ထုတ်လုပ်မှုနည်းပညာနှင့် ပြည်ပမှ တင်သွင်းသည့် စက်များကို အသုံးပြုထားသည်။

 

 အမှတ်တံဆိပ်နှစ်ခုအတွက် ကနဦးထုတ်လုပ်မှု ပမာဏမှာ တစ်နှစ်လျှင် လီတာ သန်း ၂၀၀ ဟု ၎င်းက ပြောကြားသည်။ 

 

နိုင်ငံတဝှမ်း ဘီယာသောက်သုံးသူများ၏ စိတ်ထဲတွင် အမှတ်တံဆိပ်နှစ်ခု ထူထောင်ရန် မားကတ်တင်းကမ်ပိန်း လုပ်ဆောင်မည်ဟု Mr Sathien က ပြောကြားသည်။ 

 

Carabao အမှတ်တံဆိပ် ဘီယာသည် ဈေးသက်သာသည့် ပုံမှန်အတန်းအစားတွင် အနေအထား ရယူမည်။

Tawandang အမှတ်တံဆိပ် ဘီယာသည် ပုံမှန်နှင့်ပရီမီယံ အတန်းအစားတွင် နေရာယူမည်။

 

အမှတ်တံဆိပ်များသည် နိုင်ငံ၏ ဘီယာဈေးကွက်၏ ၉၀% ကျော်ကို ကိုယ်စားပြုသည့် ဘီယာအတန်းအစားများတွင် ရှိနေမည် ဖြစ်သည်။

 

Carabao Group သည် နိုင်ငံ၏ ဘီယာဈေးကွက်တွင် ထိပ်တန်းဘီယာလုပ်ငန်း ၃ ခုထဲမှာ ပါဝင်ရန် ရည်မှန်းချက်ကြီးကြီးမားမား ချမှတ်ထားသည်။

ကုမ္ပဏီ၏ အဓိက စျေးကွက်ဖော်ဆောင်ရေး မဟာဗျူဟာသည် လက်လှမ်းမီသော ဈေးနှုန်းများဖြင့် အရည်အသွေးမြင့် ဘီယာကို ရောင်းချရန်ဖြစ်ပါသည်။

 

Carabao Group တွင် အသေးစား ဘီယာချက်လုပ်ငန်းTawandang German Brewery ရှိပြီး သောက်သုံးသူ ၁၀ သန်းကျော်တို့အတွက် ဘီယာထုတ်လုပ်လာခဲ့သည်မှာ သက်တမ်း ၂၀ ကျော်ပြီ ဖြစ်သည်။

 

Tawandang German Brewery သည်  German Beer Purity Law စံများနှင့်အညီ ထုတ်လုပ်ပါသည်။ မုယောအညှောင့်ခြောက်၊ ခါးအောင် ခတ်သည့် တဆေးသီး အဖူးအမှည့်ခြောက်နှင့် တဆေးတို့ကိုသာ သုံးစွဲပါသည်။ သို့ဖြစ်ရာ ထိုင်းနိုင်ငံတွင် ရောင်းချနေသည့်ဘီယာများနှင့် မတူဘဲ တမူထူးခြားနေပါသည်။ ထိုသို့ ထူးခြားနေခြင်းက စံအသစ်တခု ဖြစ်နေစေပါသည်။

 

"ဈေးကွက်ထဲမှာ ကြီးမားတဲ့ အမှတ်တံဆိပ် အနည်းငယ်က ကြီးစိုးထားတော့ သောက်သုံးသူတွေမှာ ရွေးချယ်စရာ သိပ်မရှိဘူး။ သောက်သုံးသူ အများအပြားတို့က  ကမ္ဘာ့အဆင့်မီ အရည်အသွေးပြည့်မီသော ဘီယာကို လိုလားကြတယ်။ ဒါပေမဲ့ တင်သွင်းတဲ့ ကမ္ဘာ့အဆင့်မီဘီယာတွေက ပုံမှန်အားဖြင့် ဈေးကြီးတယ်။ လိုသလောက်လည်း မရနိုင်ဘူး။ အဲဒီလို လစ်ဟာနေတာဟာ နေရာဝင်ယူဖို့ အခွင့်အလမ်းတခု ဖြစ်ပါတယ်။ စျေးကွက်ထဲ  အဲဒီနေရာမှာ Carabao Group က နေရာဝင်ယူပြီး ဘီယာသောက်တဲ့သူတွေရဲ့ လိုလားချက်ကို ဖြည့်ဆည်းပေးရန်အတွက် ရွေးချယ်စရာအသစ်များကို မိတ်ဆက်ပေးဖို့ ရည်ရွယ်ချက် ထားရှိပါတယ်"ဟု Mr Sathien က ပြောကြားသည်။ 

"အဲဒီခွင်က ကျွန်တော်တို့ကို အနေအထားတခု ရရှိစေတဲ့အပြင် ထိပ်တန်း ဘီယာထုတ်လုပ်သူ ၃ ဦးထဲမှာ တဦး ဖြစ်လာစေမှာ ဖြစ်ပါတယ်။ ထိုင်းဘီယာ အဆင့်အတန်းကို မြှင့်တင်ဖို့ ကျွန်တော်တို့ရဲ့ သံန္နိဋ္ဌာန်ကိုလည်း ထင်ဟပ်နေပါတယ်။ ဘီယာသောက်တဲ့ ဓလေ့ကို အရသာ၊ အလုံးစုံ အရည်အသွေးနှင့် ကမ္ဘာ့ စံချိန်စံညွှန်းမီ ထုတ်လုပ်မှုတို့အရ အရည်အသွေး မြင့်မားတဲ့  ဂျာမန်စတိုင် အစစ်အမှန် ဘီယာကို ပေးအပ်မှာ ဖြစ်ပါတယ်။ ထိုင်းဘီယာလုပ်ငန်းကဏ္ဍကို ပြောင်းလဲပေးမှာ ဖြစ်ပါတယ်" ဟု Mr Sathien က ပြောကြားသည်။

တမူထူးခြားစွာဖြင့် ဈေးကွက်ထဲ ဝင်ရောက်ရာတွင် ထူးခြားသည့် အနံ့အရသာ ၅ မျိုးဖြင့် တပြိုင်နက်တည်း ဝင်ရောက်မည် ဖြစ်သည်။

.

Carabao အမှတ်တံဆိပ်ဖြင့်

• Lager beer

• Dunkel beer

.

Tawandang  အမှတ်တံဆိပ်ဖြင့်

• Weizen beer

• Rose beer

• IPA beer

.

၎င်းဘီယာ ၅ မျိုးတို့ကို Carabao Group ကွန်ရက်အတွင်းမှ စတိုးဆိုင်များမှတဆင့် ဖြန့်ဖြူးရောင်းချမည်။ ထိုင်းနိုင်ငံတဝှမ်းရှိ CJ Mall စတိုးဆိုင်ပေါင်း ၁,၀၀၀ ကျော်၊ Tookdee ကုန်စုံဆိုင်ပေါင်း ၅,၀၀၀ ကျော်၊ လက်လီစတိုးဆိုင်များသို့ ပစ္စည်းဖြန့်ဖြူးပေးနေသည် ဖြန့်ဖြူးရေးစင်တာများ ၃၁ ခုမှ ထရပ်ကားများ ပါဝင်မည် ဖြစ်သည်။

 

photo_2023-11-11_08-56-35.jpg

 

ဖြန့်ချိရေး ဖွဲ့တည်ပုံကို ဒီဇိုင်းအသစ်ထုတ်ထားရာ၌ ခရိုင်အဆင့် ဖြန့်ဖြူးသူများထံ ဘီယာ တိုက်ရိုက်ပို့ပေးခြင်းဖြင့် နိုင်ငံတစ်ဝှမ်းရှိ လက်လီစတိုးဆိုင်များသို့ ကုန်ပစ္စည်းရောက်ရှိမှုကို အရှိန်မြှင့်တင်မည်။ သောက်သုံးသူများသည် ဘီယာအမျိုးမျိုးကို လွယ်ကူလျင်မြန်စွာ လက်လှမ်းမီနေစေမည် ဖြစ်သည်။

 

Source bangkokpost


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times
Rate this item
(0 votes)