-->


ထိုင်းမှာ ငှက်ပျောသီး တရက် အလုံး တသိန်း ရောင်းချသည့် 7-Eleven အရောင်းဗျူဟာ

ထိုင်းမှာ ငှက်ပျောသီး တရက် အလုံး တသိန်း ရောင်းချသည့် 7-Eleven  အရောင်းဗျူဟာ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

 

photo_2024-01-16_12-44-55.jpg

 

7-Eleven ၏ တလုံးချင်းစီ ထုပ်ပိုးထားသောငှက်ပျောသီးများသည် စားသုံးသူ စိတ်ကျေနပ်မှု ရဖို့ အာမခံချက် ရှိသဖြင့် အဝယ်လိုက်နေသည်။

 

7-Eleven ၏ ငှက်ပျောသီးများသည် ထိုင်းဈေးကွက်တွင် အဓိကအစားအစာ ဖြစ်လာသည်။

 

7-Eleven သည် အကြမ်းအားဖြင့် တစ်ရက်လျှင် ငှက်ပျောသီး  တသိန်း ရောင်းချလျက်ရှိသည်။

 

ငှက်ပျောသီးများသည် 7-Eleven ၏ အရောင်းရဆုံး ရောင်းကုန်တမျိုး ဖြစ်နေပြီ ဖြစ်သည်။

 

ထိုင်းနိုင်ငံတွင် 7-Eleven စတိုးဆိုင်များကို CP All က လုပ်ကိုင်သည်။

 

419587410_7128609670510564_4447014711982572398_n.jpg

 

CP All Public Company Limited ကို CP Group ဟု အတိုကောက်အားဖြင့် လူသိများသည့် Charoen Pokphand Group က ထိုင်းနိုင်ငံတွင် 7-Eleven ကုန်အမှတ်တံဆိပ်ဖြင့် စတိုးဆိုင်များကို လုပ်ကိုင်ရန်အတွက် ၁၉၈၈ ခုနှစ်တွင် ထူထောင်သည်။ CP All သည် 7-Eleven ကုန်အမှတ်တံဆိပ် သုံးစွဲခွင့် လိုင်စင်ကို တဦးတည်း မူပိုင်အဖြစ် အမေရိကန်အခြေစိုက် 7-Eleven, Inc. ထံမှ ရယူထားသည်။

7-Eleven သည် Cavendish banana သီးမွှေးငှက်ပျောသီးကို သဘာဝအတိုင်း တလုံးချင်းစီ ကျကျနန ထုပ်ပိုးပြီး ရောင်းချသည်။ 

 

 

အောင်မြင်မှု ရရှိစေသည့် အချက်များမှာ

 

 အဆင်ပြေမှု 

ငှက်ပျောသီးသည် လူကြိုက်များသော သရေစာ သို့မဟုတ် နံနက်စာ အမြန်စား အစားအစာဖြစ်သော်လည်း အဖီးလိုက် ဝယ်ယူရသည့်အခါ အဆင်မပြေနိုင်ပါ။ မကုန် ကုန်အောင် စားနေရသည်။ သီးမွှေးငှက်ပျောသီးကို အဖီးလိုက် သယ်ယူသွားဖို့ အဆင်မပြေနိုင်သဖြင့် အလုံးချွေပြီး ယူကြရသည်။ သယ်သွားသည့်အခါ ဂရုစိုက်ရသည်။ ပိပြားနိုင်သည်။ ပေကျံကုန်နိုင်သည်။ 

 

ထိုဒုက္ခများ pain points ကို  7-Eleven က ဖြေရှင်းပေးပြီး အဆင်ပြေအောင် လုပ်ပေးထားသည်။ တလုံးချင်း ထုပ်ပိုးပေးထားသည်။ သွားရင်းလာရင်း စားနိုင်သည်။ သယ်သွားဖို့ လွယ်ကူအဆင်ပြေသည်။

7-Eleven က ငှက်ပျောသီးကို အကြီးအသေး အရွယ်အစား အမျိုးမျိုးဖြင့် ရောင်းချပေးသဖြင့် အရွယ်ရွယ် အစားစား ရွေးချယ်ဖို့ အဆင်ပြေသည်။ 

 

 အရည်အသွေး

7-Eleven သည် ငှက်ပျောသီးများကို ပြည်တွင်း ငှက်ပျောခြံများထံမှ ရယူသည်။ အမှည့်အခြေအနေနှင့် အချိုအရသာတို့ကို ဂရုတစိုက်ဖြင့် စိစစ်ရွေးချယ်ပြီး ထုပ်ပိုးသည်။ထုပ်ပိုးပုံသည် ငှက်ပျောသီး လတ်ဆတ်မှုကို ထိန်းသိမ်းပေးထားသဖြင့် အရည်အသွေး လျော့မကျအောင် ထိန်းပေးထားသည်။ 

ဈေးနှုန်း သင့်တင့်ခြင်း

အများသူငါ တတ်နိုင်မည့် ဈေးနှုန်းများဖြင့် 7-Eleven က သီးမွှေးငှက်ပျောသီး အရွယ်အစား အမျိုးမျိုးကို ရောင်းချသည်။ ပျမ်းမျှအားဖြင့် တလုံးလျှင် ၁၀ ဘတ် ကျသင့်သည်။ 

 

မားကက်တင်း

7-Eleven သည် သီးမွှေးငှက်ပျောသီးကို အရေးပါသည့် ရောင်းကုန်တခုအဖြစ် ကြော်ငြာကမ်ပိန်းများ လုပ်ဆောင်သည်။ အဆင်ပြေပုံ၊ ဈေးနှုန်းသင့်တင်ပုံ၊ အရည်အသွေး အာမခံချက် ရှိပုံ အစရှိသည်တို့ကို ကြော်ငြာများဖြင့် မီးမောင်းထိုးပြသည်။

 

သုံးသပ်ချက်

7-Eleven သည် စားသုံးသူတို့ ငှက်ပျောသီး စားဖို့ လွယ်ကူအဆင်ပြေပြီး အကုန်အကျသက်သာအောင် ဖန်တီးပေးထားပြီး ထိုသို့ စီမံပေးထားသည်ကို လူအများ သိအောင် ကြော်ငြာသည်။ 

ငှက်ပျောသီး စားဖို့ အခက်အခဲနှင့် အဆင်မပြေသည့် အချက်များကို ဖြေရှင်းပေးထားသဖြင့် အစမ်းစားသုံးကြည့်ပြီးလျှင် စိတ်ကျေနပ်မှု ရရှိသွားစေသည်။ နောက်ထပ် ထပ်ဝယ်စားဖို့ လက်မနှေးတော့ချေ။

 Source thenationthailand 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times
Rate this item
(0 votes)