-->


ထိုင်းဈေးကွက် TYESO အပူခံခွက်အတုများကြောင့် အမှတ်တံဆိပ် ဂုဏ်သိက္ခာ ထိခိုက်နစ်နာ

ထိုင်းဈေးကွက် TYESO အပူခံခွက်အတုများကြောင့်  အမှတ်တံဆိပ် ဂုဏ်သိက္ခာ ထိခိုက်နစ်နာ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

လူသုံးများသည့် နာမည်ကြီးအပူခံခွက် အမှတ်တံဆိပ် TYESO သည် ထုတ်ကုန်အတုများကြောင့် အကြီးအကျယ် ထိခိုက်နစ်နာနေသည်။

 

တရုတ်နိုင်ငံမှ အတုများ ထုတ်လုပ်ပေးပြီး ထိုင်းဈေးကွက်ထဲသို့ တင်ပို့ရောင်းချသည်။ 

TYESO အမှတ်တံဆိပ်၏ တရားဝင် ဖြန့်ဖြူးရေး ကိုယ်စားလှယ်  Eco Chang Intertrade Co., Ltd က ဘတ် ၁၀ သန်းဝန်းကျင် ဆုံးရှုံးနစ်နာမည်ဟု ခန့်မှန်းထားသည်။ 

Eco Chang Intertrade Co., Ltd သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစတင်၍ ထိုင်းနိုင်ငံတွင် TYESO ထုတ်ကုန်များ တရားဝင်ဖြန့်ဖြူးသူဖြစ်သည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလ ဝန်းကျင်တွင် TYESO အပူခံခွက်ကို လျှော့ဈေးဖြင့် ရောင်းချနေသည်ကို ကုမ္ပဏီက သိရှိခဲ့သည်။ 

 

အတုထုတ်လုပ်ထားသည့် TYESO အပူခံခွက်များသည်  အရည်အသွေး လျှော့ချထားသည်။  ရောင်းချသူအချို့က ဈေးပိုသက်သာသည့် ဈေးနှုန်းဖြင့် ရောင်းချပြီး ရောင်းအား မြှင့်တင်ကြသည်။  အတုဖြန့်ဖြူးသူတို့သည် အွန်လိုင်း တိုက်ရိုက်ထုတ်လွှင့်ပြီး ရောင်းချကြရာ၌ များသောအားဖြင့် ဘတ် ၁၈၀ ဖြင့် ရောင်းချကြသည်။ 

 

အချို့က အတုမှန်း မရိပ်မိအောင် TYESO အပူခံခွက် အစစ်ရောင်းချသည့် ဈေးနှုန်း  ၂၄၉ ဘတ်ဖြင့် ရောင်းချကြသည်။ အတုမှန်း မသိကြသူတို့အဖို့ TYESO အပူခံခွက်များသည် ယခင်ကလို အရည်အသွေး မကောင်းတော့ဟု ယူဆကြသဖြင့် အမှတ်တံဆိပ်၏ ဂုဏ်သိက္ခာ ထိခိုက်စေသည်။ 

 

TYESO အပူခံခွက်များသည် ၆ နာရီကြာအောင် အပူကို ထိန်းပေးထားနိုင်စွမ်း ရှိသည်။ ထိုင်းစားသုံးသူတို့အကြား ယမန်နှစ်က စတင် ရေပန်းစားခဲ့သည်။ 

 

အတုလုပ်သူများသည် အစစ်နှင့်  အလွန်ဆင်တူအောင် ပြုလုပ်ထားသည်။ သို့သော် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည် ဆိုပါက ကွာခြားချက်များကို တွေ့နိုင်မည်။ ဝက်အူရစ်ပါ အဖုံးသည် မသေသပ်ချေ။ လေဆာလိုဂိုလည်း မတူချေ။ ထို့ပြင် သုံးစွဲထားသည့် အက္ခရာစာလုံး ပုံစံ ကွာခြားနေသည်။ ထိုသို့ ကွဲပြားခြားနားနေသော်လည်း သုံးစွဲသူအနေဖြင့် အစစ်ကို သေသေချာချာ သိထားသူ ဖြစ်မှသာ အတုဟု ခွဲခြား သိရှိနိုင်မည် ဖြစ်သည်။ ယခင် မသုံးဖူးသူတို့အဖို့ ခွဲခြားသိရှိနိုင်မည် မဟုတ်ချေ။ 

 

အချို့က အတုကို အစစ်ဟုပင် ယူဆပြီး ဈေးလျှော့ပြီး ရောင်းချနိုင်ရန် အရည်အသွေးကို တမင် လျှော့ထားသည်ဟု ယူဆကြသည်။ အချို့က ကုမ္ပဏီကို ဆက်သွယ်မေးမြန်းပြီး အရည်အသွေးကောင်းကောင်း လိုချင်ကြောင်း ပြောကြားကြသည်။ 

 

Source thaiger


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)