-->
×

Warning

JUser: :_load: Unable to load user with ID: 29


တီထွင်မှုအားကောင်းသူတွေက ကမ္ဘာကြီးကိုမတူညီတဲ့အမြင်မှမြင်

တီထွင်မှုအားကောင်းသူတွေက ကမ္ဘာကြီးကိုမတူညီတဲ့အမြင်မှမြင် Getty Images

တီထွင်ဆန်းသစ်မှုအားကောင်းသူတွေက အရာရာကို လူတွေနဲ့အမြင်မတူဘဲ ကြည့်တတ်ကြပါတယ်။

လူအများစုက တီထွင်ဆန်းသစ်မှုတစ်ခုကို ပြုလုပ်လိုက်တာနဲ့ ယင်းလူကို တီထွင်မှုအားကောင်းတဲ့သူလို့ သတ်မှတ်ကြပါတယ်။ ဒါမှမဟုတ် လူတစ်ဦးတစ်ယောက်ရဲ့လုပ်ရည်ကိုင်ရည်ကိုကြည့်ခြင်းအားဖြင့် ၎င်းတို့ကို တီထွင် ဆန်းသစ်တဲ့သူလား သာမန်လူလားဆိုပြီး အကြမ်းမျဉ်းအားဖြင့် ခွဲခြားတတ်ပါတယ်။ ဒါပေမယ့် Mind-Blowing Research အရတော့ တီထွင်ဆန်းသစ်မှုကို ခွဲခြားရာတွင် ပိုမိုအသေးစိတ်သွားပါတယ်။ ထိုသုတေသနမှာတော့ ဆန်းသစ်မှုဥာဏ်အားကောင်းသူတွေဟာ အများစုဟာ သာမန်လူတွေရဲ့ အမြင်နဲ့မတူနဲ့အမြင်အာရုံများပိုင်ဆိုင်ထားပါတယ်။

Mind Blowing Research ကို လုပ်ခဲ့တဲ့ Luke Smilie နဲ့ Anna Antinori ရဲ့ စမ်းသပ်ချက်ကတော့ လူတစ်ဦးရဲ့မျက်စိတစ်ဖက်ကို ဓာတ်ပုံတစ်ပုံနှင့်ပြပြီး အခြားမျက်စိတစ်ဘက်ကို နောက်မတူညီသည့် ဓာတ်ပုံတစ်ပုံနှင့် တစ်ပြိုင်နက်တည်းပြသထားပါတယ်။

ထို့နောက် စက်ပစ္စည်းအကူအညီဖြင့် ဦးနှောက်ထဲတွင် မည်သည့်အရာကိုစဉ်းစားနေသလဲဆိုတာ ကြည့်ရှုပါတယ်။

သာမန်လူအများစုက ညာဘက်မျက်စိမှာ အနီရောင်မြင်ပြီး ဘယ်ဘက်မျက်စိမှာ အစိမ်းရောင်ကို မြင်တယ်ဟု ဦးနှောက်စစ်ဆေးချက်အရ တွေ့ရှိရပါတယ်။

အလယ်အလတ်တီထွင်ဆန်းသစ်မှုရှိသူတွေကတော့ မျက်စိတစ်ဘက်ချင်းစီမှာ အနီရောင်မြင်လိုက် အစိမ်းရောင်မြင်လိုက်ဖြစ်နေတတ်ပါတယ်။

နောက်ဆုံး ဆန်းသစ်မှုအားအကောင်းဆုံးသူတွေကတော့ မျက်စိတွင်သာမက ဦးနှောက်ထဲတွင်ပါ အနီရောင်ကော အစိမ်းရောင်ကော ရောနေသည့် ပုံရိပ်ကို မြင်နေတတ်ကြောင်း ဆန်းသပ်မှုအရ တွေ့ရှိခဲ့ပါတယ်။

ကဲ အဲဒီတော့ Myanmar Advertising Directory ပရိသတ်ကြီးလည်း မည်သည့်အရောင်ကိုမြင်သလဲဆိုတာကိုယ်တိုင်စမ်းသပ်ကြည့်ပြီး မိမိ၏တီထွင်မှုအားမည်မျှရှိသလဲဆိုတာ အဖြေထုတ်လိုက်ကြပါစို့။

Source: Inc. Southeast Asia

Read times
Rate this item
(1 Vote)