-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်ကိုချမ်းသာမှုလမ်းကြောင်းပေါ်တင်ပေးမည့်အလုပ်များ - ၁

သင့်ကိုချမ်းသာမှုလမ်းကြောင်းပေါ်တင်ပေးမည့်အလုပ်များ - ၁ Google

လူတိုင်းဟာ မိမိဝါသနာစိတ်၊ လူ့လောကကို အကျိုးပြုချင်စိတ်များဖြင့် အလုပ်လုပ်နေကြသည်ဟု ဆိုနိုင်သလို စားဝတ်နေရေးရပ်တည်မှုအတွက်

ငွေကြေးဖူလှုံမှုရှိဖို့အတွက် အလုပ်လုပ်နေရတယ်လို့ပြောတယ်ဆိုပါကလည်း မမှားပါဘူး။ အဲဒီလိုပါပဲ ပြည့်စုံချမ်းသာချင်တဲ့စိတ်ကူးကလည်း လူတိုင်းရင်ထဲမှာ ကိန်းအောင်းနေလေ့ရှိပါတယ်။ ယနေ့မှာတော့ Myanmar Advertising Directory မှ သင့်ကို ချမ်းသာမှုလမ်းကြောင်းပေါ်တင်ပေးမည့် အလုပ်များကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

10. Pharmacist

Annual Minium Wage: $ 120,950

Growth Outlook : 14%

စစ်တမ်းကောက်ယူချက်တွေအရ ဆေးသုတေသနပညာရှင်အရည်အတွက်က သာမန်ဆရာဝန်သူနာပြုများ အရေအတွက်ထက်များစွာ နည်းပါးလျှက်ရှိပါတယ်။ ပညာရှင်အရေအတွက်နည်းတဲ့အလျှောက် အလုပ်အကိုင် အခွင့်အလမ်းပေါများသလို လစာလည်းကောင်းမွန်ကြောင်း တွေ့ရပါတယ်။

pharmacist 600x400

9. Air Traffic Controller

Annual Minium Wage: $ 122, 340

Growth Outlook : 1%

လေကြောင်း Traffic ထိန်းချုပ်ခြင်းအလုပ်က ကမ္ဘာပေါ်မှာ စိတ်ဖိစည်းမှုအများဆုံး အလုပ်ထဲကတစ်ခုဖြစ်သည့်အပြင် ကမ္ဘာ့လစာပေးအကောင်းဆုံး အလုပ်စာရင်းမှာလည်း နံပတ် ၉ မှ ရပ်တည်လျှက်ရှိပါတယ်။

airtrafficcontroller 600x400

8. Data Scientist

Annual Minium Wage: % 124,150

Growth Outlook : 15%

Data Scientist ပညာရပ်ဟာ တော်ယုံတန်ယုံလူထင်လို့မရတဲ့ ခက်ခဲတဲ့ ပညာရပ်တစ်ခုဖြစ်တယ့်အလျှောက် ထိုအလုပ်ကို လုပ်ကိုင်သူတွေကလည်း အများနဲ့မတူတဲ့လစာကို ရတယ်ဆိုတာငြင်းလို့ မရတဲ့အမှန်တရားပဲဖြစ်ပါတယ်.

datascientist2 600x400

7. Orthodontist

Annual Minium Wage: $ 129,110

Growth Outlook : 16%

သွားနှင့်ခံတွင်းဆရာဝန်တွေဟာလည်း ကမ္ဘာ့လစာအကောင်းဆုံး စာရင်းထဲမှာ ရပ်တည်နေပါတယ်။ ဘာလို့လဲဆိုတော့ သွားနှင့်ခံတွင်းရောဂါများကို ကုသမှုစရိတ်ဟာ သာမန်ခနကြိုယ်အစိတ်အပိုင်းမှ ရောဂါများထက် ပိုမိုကုန်ကျမှုစရိတ်များလို့ဖြစ်ပါတယ်။

orthodontist 600x400

6. Petroleum Engineer

Annual Minium Wage: $ 130,050

Growth Outlook : 26%

ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ အင်ဂျင်နီယာတွေကလည်း ကမ္ဘာ့လစာအကောင်းဆုံးထဲမှာ ပါဝင်ပါတယ်။ အန္တရာယ်များတဲ့ ဓာတုပစ္စည်းများနှင့် အလုပ်လုပ်ရတာကြောင့် သူတို့ဟာ ကမ္ဘာ့လစာအကောင်းဆုံးရရှိတဲ့သူတွေအဖြစ် ပါဝင်နေပါတယ်။ အချို့ကမ်းလွန်ပင်လယ်ပြင် ရေနံတူးဖော်စင် များတွင် သွားရောက်တာဝန်ထမ်းဆောင်ပါက နာရီနှင့် အလိုက်ဝင်ငွေများရရှိသူများလည်းဖြစ်ပါတယ်။

petroleum engineer 600x400

Source: The Street

Read times
Rate this item
(3 votes)