-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကမ္ဘာ့အမြတ်အများဆုံး ကုမ္ပဏီ ၅ခု

1. Apple
Fortune 500 Rank: No. 3
2015 Profits: $53.4 billion

Apple ဟာ Fortune 500 ထဲမှာ အမြတ်အများဆုံး ကုမ္ပဏီအနေနဲ့ ရပ်တည်နေပါတယ်။ ဒါပေမယ့် ဒီစာရင်းက အမြဲတမ်း အတည်တကျမရှိဘဲ၊ ၂၀၁၆ ခုနှစ်မှာ iPad၊ iPhone ရောင်းအားဟာ 8 % အထိထိုးကျသွားပြီး၊ ၂၁၅.၆ ဘီလီယံ အထိကျသွားခဲ့ပါသည်။ ဒါပေမယ့် Apple ဟာလက်ထဲမှာ ငွေများများရှိနေပြီး၊ ၂၅၀ ဘီလီယံ ငွေသားရှိနေပါတယ်။ နောက်နှစ်မှာ တော့ Apple သည် ၁၃ဘီလီယံ Dividands ကို ရှယ်ယာရှင်တွေကို မျှဝေပြီး၊ ကမ္ဘာရှိ Dividend အများဆုံးပေးတဲ့ ကုမ္ပဏီအဖြစ်ရပ်တည်မှာဖြစ်ပါသည်။

 

 

1

 

 

2. JP Morgan Chase & Co.
Fortune 500 Rank: No. 23
2015 Profits: $24.4 billion

JP Morgan Chase ဟာ ၂၀၁၁ ခုနှစ်မှာ Bank of America ကိုကျော်တက်ပြီး၊ နိုင်ငံရှိ အကြီးဆုံးဘဏ်အဖြစ်အမည်ကို ရယူသွားခဲ့ပါသည်။

Federal Reserve ဘဏ်ရဲ့အမြတ်ငွေမြှင့်တင်လိုက်မှုဟာ JP Moran Chase ကို ကောင်းမွန်တဲ့ ရိုက်ခတ်မှုဖြစ်ခဲ့ပါသည်။ ဒါကြောင့် J.P.Morgan ဟာ ၄ရာခိုင်နှုန်းအထိ ၀င်ငွေမြင့်တက်ခဲ့ပြီ၊ ၁၀၅.၅ ဘီလီယံအထိဖြစ်ခဲ့ပြီး၊ ၁ရာခိုင်နှုန်းအထိ အမြတ်ငွေတိုးတက်ခဲ့ပါသည်။ နောက်နှစ်မှာတော့ J.P. Morgan ၀င်ငွေဟာ ပိုမိုတိုးတက်ဖို့ရှိပြီး၊ သမ္မတ Trump ခေတ်မှာ မတည်ငွေလိုအပ်ချက်တွေလျော့ချခြင်း၊ အခြားလိုအပ်ချက်တွေချမှတ်ခြင်းက ပိုမိုကောင်းမွန်စေပါတယ်။ 2015 အတွင်း JP Morgan ဟာ 24.4 ဘီလီယံ ရှာဖွေနိုင်ခဲ့ပြီး၊ Wells Fargo ကိုကျော်တက်ပြီး ကမ္ဘာ့အမြတ်အများဆုံး ဘဏ်တစ်ခု ဖြစ်ခဲ့ပါသည်။ ဘဏ်ရဲ့ ၁၂ ရာခိုင်နှုန်း နှစ်စဉ်အမြတ်ဟာ Consumer Banking ကသာမက Investment Banking ကလည်းရရှိတာဖြစ်ပါသည်။

 

4

 

3. Berkshire Hathaway
Fortune 500 Rank: No. 4
2015 Profits: $24.1 billion

2016 ခုနှစ်ဟာ Warren Buffet ရဲ့အဖိုးတန်တဲ့နှစ်လို့ပြောရပြီး၊ ၀င်ငွေ ၆ရာခိုင်နှုန်းအထိ တက်ခဲ့ပါသည်။ Berkshire Hathaway ဟာ ၂၀၁၄ ကအမြတ် ၁၉.၉ဘီလီယံကို ကျော်တက်ပြီး၊ ၂၄.၁ ဘီလီအထိ ၂၁ ရာခိုင်နှုန်း တက်ခဲ့ပါသည်။ ဒီအမြတ်ထဲက ၇ ဘီလီယံအမြတ်ဟာ Kraft Food နဲ့ Heinz တို့ပေါင်းစည်း ခြင်းကရရှိတာဖြစ်ပြီး၊ Berkshire အာမခံလုပ်ငန်း၊ ထုတ်လုပ်မှုလုပ်ငန်းတွေနဲ့ BNSF ရထားလမ်းလုပ်ငန်းတွေကလည်း အမြတ်ငွေတွေရရှိခဲ့တာဖြစ်ပါသည်။

2

4. Wells Fargo
Fortune 500 Rank: No. 27
2015 Profits: $22.9 billion

Wells Fargo ဟာ သူရဲ့ Commercial banking လုပ်ငန်းတွေကို တိုးတက်ဖို့ ကြိုးစားပေမယ့် လည်း ၂၀၁၄ ခုနှစ်အမြတ်ငွေ ၂၃.၁ ဘီလီယံမှနေ ၂၂.၉ ဘီလီယံကို ၂၀၁၅ ခုနှစ်က ကျသွားခဲ့ပါသည်။

၂၀၁၆ ခုနှစ်မှာတော့ အမြတ်ငွေ ၄ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါသည်။ ဒါပေမယ့် Wells Fargo ဟာ အမေရိကန်ရှိ အကြီးဆုံး Consumer Bank တစ်ခုအနေနဲ့ ရပ်တည်နေဆဲ ဖြစ်ပါသည်။ နှစ်စဉ်လုပ်ဆောင်မှုဟာ အရမ်းအားရစရာမကောင်းပေမယ့် San Francisco ကော်ပရေးရှင်းဟာ တိုးချဲ့မှုတွေဆောင်ရွက်ခဲ့ပါသည်။

 

5

5. Alphabet

Fortune 500 Rank: No. 27
2016 Profits: $19.5 billion
% of Revenues (Margin): 22%

Google ရဲ့ ကုမ္ပဏီဖြစ်တဲ့ Alphabet ဟာ ၂၀၁၆ခုနှစ်မှာ ရောင်းအားဟာ ၂၀ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး၊ မျှော်မှန်းထားတာထက် အများကြီးတိုးတက်ခဲ့ပါသည်။ ဒီလို တိုးတက်လာတဲ့ ၀င်ငွေတွေကို Google ကအဓိကရှာဖွေပေးခဲ့တာဖြစ်ပြီး၊ အခြားလုပ်ငန်းများဖြစ်တဲ့ Calico ကနေ Waymo ယာဉ်မောင်းမလိုတဲ့ကားထုတ်လုပ်မှုတွေကနေလည်း ရရှိခဲ့တာဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်မှာ ၈၁ရာခိုင်နှုန်းကျော်အထိ ၀င်ငွေတိုးတက်ခဲ့ပြီး၊ ၃.၆ ဘီလီကျော်လည်း ဆုံးရှုံးခဲ့ပြီး၊ Alphabet ရဲ့ ရောင်းအားရဲ့ ၁ရာခိုင်နှုန်းသာဖြစ်ပါသည်။

3

Read times
Rate this item
(2 votes)