-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်ကို ချမ်းသာမှုလမ်းကြောင်းပေါ်တင်ပေးမည့်အလုပ်များ - ၂

သင့်ကို ချမ်းသာမှုလမ်းကြောင်းပေါ်တင်ပေးမည့်အလုပ်များ - ၂ The Street

လူတိုင်းဟာ မိမိဝါသနာစိတ်၊ လူ့လောကကို အကျိုးပြုချင်စိတ်များဖြင့် အလုပ်လုပ်နေကြသည်ဟု ဆိုနိုင်သလို စားဝတ်နေရေးရပ်တည်မှုအတွက်

ငွေကြေးဖူလှုံမှုရှိဖို့အတွက် အလုပ်လုပ်နေရတယ်လို့ပြောတယ်ဆိုပါကလည်း မမှားပါဘူး။ အဲဒီလိုပါပဲ ပြည့်စုံချမ်းသာချင်တဲ့စိတ်ကူးကလည်း လူတိုင်းရင်ထဲမှာ ကိန်းအောင်းနေလေ့ရှိပါတယ်။ ယနေ့မှာတော့ Myanmar Advertising Directory မှ သင့်ကို ချမ်းသာမှုလမ်းကြောင်းပေါ်တင်ပေးမည့် အလုပ်များကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

5. Dentist Minium Wage : $ 146,340

Growth Outlook : 16%

dentist mslarge 600x400

မြန်မာပြည်တွင်သာ သွားဆရာဝန်များ၏ ကြည့်ရှုခဈေးအရမ်းမကြီးပေမယ့် ကမ္ဘာပေါ်တွင် သွားဆရာဝန်များ၏ ကြည့်ရှုခအရမ်းဈေးကြီးမှန်း ပြည်ပနိုင်ငံများတွင်နေထိုင်သူများသိကြပါတယ်။ ထို့ပြင် သွားဆရာဝန်များက Small Business Owner ဆိုလည်းမမှားပါဘူး။ သူတို့ဟာ ကိုယ်ပိုင်ဆေးခန်းဖွင့်ကာ စီးပွားရေးဝင်ငွေတွေလည်း ရှာကြပါတယ်။

4. Corporate Executive (Senior Level)

Annual Minium Wage: $173,320

Growth Outlook: 11%

ceo 600x400

Corporate Executive ရာထူးဟာ Senior Strategy Management Level ထဲမှာပါဝင်ပြီး စီးပွားရေးလုပ်ငန်းစုကြီးတွေရဲ့ အကြီးအကဲရာထူးဆိုလည်းမမှားပါဘူး။ အလုပ်သဘာဝအရ တာဝန်ယူရမှုတွေ များတဲ့အလျှောက် လခအရာမှာလည်း အများထက်သာလွန်မှုရှိတယ်ဆိုတာလုံးဝအမှန်ပဲဖြစ်ပါတယ်။

3. General Physician

Annual Minium Wage: $ 180,180

Growth Outlook : 18%

physician 600x400

အထွေထွေရောဂါကုဆရာဝန်တွေဟာ အထွေထွေဆိုတဲ့အတိုင်း ရောက်ရှိလာသမျှလူတွေရဲ့ ရောဂါမှန်သမျှကို ရှာဖွေကုသပေးရပါတယ်။ အခြားအထူးကုဆရာဝန်ထမ်းထက် လူနာဦးရေပိုများသလို ၀င်ငွေလည်းကောင်းလှပါတယ်။

2.Psychiatrist

Annual Minium Wage : $181,880

Growth Outlook : 18%

psychiatrist 600x400

စိတ်ရောဂါအထူးကုဆရာဝန်တွေဟာ အရမ်းနူးညံ့နက်နဲတဲ့စိတ်ကျန်းမာရေးပြဿနာတွေကို ခေါင်းအေးအေးထား စဉ်းစားဖြေရှင်းရတဲ့သူတွေဖြစ်ပါတယ်။

ခက်ခဲတဲ့အလုပ်တွေကို တာဝန်ယူလုပ်ကိုင်ရတဲ့အလျှောက်လခလည်းများလွန်းလှပါတယ်။

1. Surgeon

Annual Minium Wage: $352,220

Growth Outlook: 18%

surgeon 600x400

ကမ္ဘာ့အခက်ခဲဆုံးပညာရပ်ထဲကတစ်ခုဖြစ်တဲ့ ပညာနဲ့အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ခွဲစိတ်ဆရာဝန်တွေဟာ ကမ္ဘာပေါ်မှာ လခပေးအများဆုံး အလုပ်ကို ပိုင်ဆိုင်ထားတဲ့ လူတွေပဲဖြစ်ပါတယ်။ လူ့အသက်နှင့်စိန်ခေါ်အလုပ်လုပ်ကိုင်နေရတဲ့အတွက် စိတ်ဖိစီးမှုများလွန်းတာလည်း အမှန်ပင်ဖြစ်ပါတယ်။

Source: The Street

Read times
Rate this item
(0 votes)