-->
×

Warning

JUser: :_load: Unable to load user with ID: 29


မိမိကိုယ်ကို ယုံကြည်မှုရှိသူတွေမှာရှိတဲ့ ကိုယ်နေဟန်ထား ၄ မျိုး

မိမိကိုယ်ကို ယုံကြည်မှုရှိသူတွေမှာရှိတဲ့ ကိုယ်နေဟန်ထား ၄ မျိုး Inc. Southeast Asia

ကိုယ်နေဟန်ထား (သို့) အင်္ဂလိပ်အခေါ် Body Language ဟာ လုပ်ငန်းခွင်သာမက မိမိ၏ နေ့ တဓူဝဘ၀မှာပါအလွန်အရေးပါတဲ့ကိစ္စရပ်ပဲဖြစ်ပါတယ်။

ကိုယ်နေဟန်ထားဟာ သူတစ်ပါးအမြင်မှာ မိမိကို ပ ထမဦးစွာ သတိထားမိစေမယ့်အချက်ဖြစ်တဲ့အပြင် လူမှုအသိုင်းအ၀ိုင်းယဉ်ကျေးစွာ ပြုမူနေထိုင်ရာမှာလည်း အလွန်အရေးပါတဲ့အချက်ဖြစ်လို့နေပါတယ်။ ကိုယ်နေဟန်ထားမှတစ်ဆင့် လူတစ်ဦး၏ စိတ်နေစိတ်ထားကို ခန့်မှန်း၍လည်းရသလို ထိုသူ၏ မိမိကိုယ်ကို (သို့) အလုပ်ပေါ်တွင်ရှိသော ယုံကြည်မှုအတိုင်းအတာကို လည်း သိမြင်နိုင်ပါတယ်။ ယနေ့မှာတော့ M yanmar Advertising Directory မှ မိမိကိုယ်ကို မိမိယုံကြည်မှုရှိသူတွေမှာ ရှိတဲ့ကိုယ်နေဟန်ထား ၄ မျိုးကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

၁။ အပိုအလိုမရှိစကားပြောဆိုခြင်း

သူတစ်ပါးကို လွှမ်းမိုးမည့်သူ (သို့) မိမိကိုယ်ကို ယုံကြည်မှုရှိသူတွေဟာ ကိစ္စတစ်ခုကို ပြောဆိုတော့မည်ဆိုလျှင် တိုတိုနှင့်လိုရင်းကိုတိတိကျကျ ပြောဆိုတတ်ပါတယ်။ ထိုသို့ တိတိကျကျပြောဆိုခြင်းအားဖြင့် ဆိုလိုရင်းအဓိပာယ်ကို ပိုမိုနားလည်စေပြီး အလုပ်ခရီးမှာလည်း ပိုမိုပေါက်ရောက်တတ်ပါတယ်။

၂။ မျက်နှာအနေအထား

ကိုယ်နေဟန်ထားထဲမှ အရေးကြီးဆုံး ဆက်လက်ပါဝင်နေတာကတော့ မျက်နှာအမူအရာအနေအထားဘဲဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်နဲ့ စတင်တွေ့ချိန်မှာကြုံတွေ့ရတဲ့ First Impression ဆိုတာ အလွန်အရေးကြီးပါတယ်။ ယုံကြည်မှုရှိသူတွေက ၎င်းတို့၏ First Impression ကို အလွန်ဂရုစိုက်ကြပြီ ပထမဆုံးအကြိမ်ကို သေချာစူးစိုက်တွေ့ဆုံရာတွင် တစ်ဖက်လူကို မိမိအားမှတ်မိနေစေရန် ၎င်းတို့၏မျက်လုံးကို သေချာစူးစိုက်ကြည့်ရှုကာ စိတ်ပါလက်ပါ ပြုံးရယ်နှုတ်ဆက်ပြတတ်ပါတယ်။

၃။ မတ်တပ်ရပ်အနေအထား

ယုံကြည်မှုရှိသူတွေဟာ လူကြားသူကြားထဲရောက်သည့်အခါတွင်မှာလည်း ပုန်းရှိုးကွယ်ရှိုးမနေတတ်ပါဘူး။ သူတို့၏ ခြေဟန်လက်ဟန်အနေအထားများကို အထူးဂရုစိုက်ယုံသာမက သူတို့ဟာ လူအလယ်မှာ ယုံကြည်မှုအပြည့်နှင့် မားမားမတ်မတ်ရပ်တတ်ကြပါတယ်။

ခြေထောက်ကို တည့်မတ်စွာထားကာ ရင်ဘတ်နှင့် ပုခုံးများကိုလည်း တည့်တည်မတ်မတ်အနေအထားနှင့် နေတတ်ကြပါတယ်။

၎။ လူမှတ်မိလောက်စေသော လက်ဆွဲနှုတ်ဆက်ခြင်း

လက်ဆွဲနှုတ်ဆက်ခြင်းက စီးပွားရေးလောကမှာ အရေးကြီးဆုံးအချက်ထဲကတစ်ချက်ဖြစ်ပါတယ်။ ပထမဦးဆုံး အကြိမ်တစ်ဖက်ကသူစိမ်းတစ်ယောက်ကို နှုတ်ဆက်ရသော် ၎င်းစီးပွားရေး စာချုပ်ပြုလုပ်ရာတွင်၎င်း အကြောင်းအမျိုးမျိုးကြောင့် လက်ဆွဲနှုတ်ဆက်ကြပါတယ်။ အဲဒီလိုအချိန်မှာ မိမိကိုယ်ကို ယုံကြည်မှုမရှိဘဲ လက်ဆွဲနှုတ်ဆက်လိုက်ခြင်းက တစ်ပါးသူ၏ အမြင်မှာ အထင်သေးရာရောက်ပါတယ်။ အဲဒီအတွက် ယုံကြည်မှုရှိသူတွေဟာ လှိုက်လှိုက်လှဲလှဲ လက်ဆွဲနှုတ်ဆက်တတ်ကြပါတယ်။

Source: Inc. Southeast Asia

Read times
Rate this item
(1 Vote)