-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဝန်ထမ်းကောင်းတိုင်းမှာရှိသည့်အရည်အချင်း ၁၀ ချက်

ဝန်ထမ်းကောင်းတိုင်းမှာရှိသည့်အရည်အချင်း ၁၀ ချက် Google

၂၁ ရာစု ကမ္ဘာ့စီးပွားရေးလောကမှာ ၀န်ထမ်းကောင်းတွေကို တွေ့ရှိဖို့နှင့် ထိုဝန်ထမ်းများကို အချိန်အကြာကြီး ထိန်းသိမ်းထားနိုင်ခြင်းက လွယ်ကူတဲ့ကိစ္စရပ်တွေမဟုတ်ပါဘူး။ အလုပ်ခန့်အပ်သူတွေအများစုက ၀န်ထမ်း တစ်ယောက်ကို ၎င်းတို့၏ အခြေခံအရည်အချင်း၊ ပညာအရည်အချင်း စသည့် အချက်များကို ဦးစားပေး၍ ကြည့်ရှု၍ ခန့်အပ်နေကြပါတယ်။ ဒါပေမယ့် သစ္စာရှိသည့် ၀န်ထမ်းကောင်းတစ်ယောက်ကို လိုချင်ပါက အထက်ပါအချက်များအပြင် အခြားအဓိကအချက်ဖြစ်သည့် စိတ်ဓာတ်ရေးရာပိုင်းဆိုင်ရာကောင်းမွန်သည့် အချက်များကိုပါ ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ထိုမှသာ ကုမဏီအတွက် ဘက်စုံပြည့်စုံသည့် ၀န်ထမ်းဟု ခေါ်ဆိုခြင်းဖြစ်ပါတယ်။

သို့သော်လည်း ယခုလက်ရှိလုပ်ငန်း အများစုက ၀န်ထမ်းတစ်ဦး၏ စိတ်နေစိတ်ထားကို မကြည့်ဘဲ ခန့်အပ်တတ်ကြပါတယ်။ ထိုအချက်ကြောင့် ၀န်ထမ်းမမြဲခြင်း၊ လုပ်ငန်းခွင်ထဲတွင် မလိုအပ်ဘဲ ရန်များရခြင်း အစရှိသည့် ကိစ္စရပ်များ ဖြစ်ပွားတတ်ပါတယ်။ ထို့ကြောင့် ယနေ့ Myanmar Advertising Directory မှ ဘက်စုံကောင်းမွန်သော ၀န်ထမ်းကောင်းတစ်ယောက်တွင် ရှိသင့်သည့်အရည်အချင်း ၁၀ ချက်ကို တင်ပြပေးလိုက်ပါတယ်။

၁။ ခင်မင်ရင်းနှီး နေထိုင်ခြင်း

၂။ အလုပ်လုပ်ရန်စိတ်အားထက်သန်ခြင်း

၃။ မည်သည့်အခြေအနေမဆို လက်ခံနိုင်စွမ်းရှိခြင်း

၎။ မည်သည့်လူကိုမဆို ရင်းနှီးစွာနေထိုင်နိုင်ခြင်း

၅။ စိတ်ပါဝင်စားမှုရှိခြင်း

၆။ မည်သည့်အလုပ်ချိန်မဆို လုပ်ဆောင်နိုင်ခြင်း

၇။ အချို့ကိစ္စရပ်များတွင် တိတိကျကျပြတ်ပြတ်သားသားပြောနိုင်ခြင်း

၈။ မည်သည့်အလုပ်မဆို ဖြစ်မြောက်အောင်လုပ်မည်ဟု ဆုံးဖြတ်ထားခြင်း

၉။ ဆက်ဆံရေးကောင်းမွန်ခြင်း

၁၀။ သပ်သပ်ရပ်ရပ်ဝတ်စားဆင်ယင်နေထိုင်ခြင်း

Source: INC. Southeast Asia

Read times
Rate this item
(1 Vote)