-->
×

Warning

JUser: :_load: Unable to load user with ID: 29


သိပ္ပံပညာရှင်ကြီး Albert Einstein ၏ စွန့်ဦးတီထွင်သင်ခန်းစာများ

သိပ္ပံပညာရှင်ကြီး Albert Einstein ၏ စွန့်ဦးတီထွင်သင်ခန်းစာများ Google

Albert Einstein ဆိုတာနဲ့ လူတိုင်းက ပြောစရာမလိုအောင်ကို မှတ်မိနေပြီးသားဖြစ်မှာပါ။ ငယ်စဉ်အရွယ်မှတိုင် အသက်ကြီးသည့်အရွယ်အထိ

လူတိုင်းဟာ အိုင်းစတိုင်းဆိုတဲ့နာမည်ကို ပါးစပ်ဖျားထဲတွင် ယနေ့အချိန်ထိ ပြောနေကြဆိုရင်လည်း မမှားပါဘူး။

၎င်းသိပ္ပံပညာရှင်ကြီးကြောင့် ယနေ့ လူနေမှုဘ၀ အဆင့်အတန်းမြင့်မားလာပြီး ပိုမိုလွယ်ကူစွာ သွားလာနေထိုင်နိုင်တယ်ဆိုတာလည်း အမှန်တရားတစ်ခုဖြစ်ပါတယ်။

လူငယ်သိပ္ပံပညာရှင်များ၏ စံထားရသည့် ပုဂ္ဂိုလ်ကြီးဖြစ်တဲ့အလျှောက် သိပ္ပံပညာနှင့်ပတ်သက်သည့် တီထွင်ဆန်းသစ်ရာတွင်လည်း မည်သူမျှ လိုက်မမီအောင် အရည်အချင်းပြည့်ဝသူတစ်ဦးလည်းဖြစ်ပါတယ်။

ယနေ့မှာတော့ Myanmar Advertising Directory မှ သိပ္ပံပညာရှင်ကြီး Albert Einstein ၏ လူငယ်များ စံထားဖွယ် တီထွင်ဆန်းသစ်မှုသင်ခန်းစာများကို တင်ပြပေးလိုက်ပါတယ်။

၁။ အကောင်းဆုံးသော ပြဿနာတစ်ခုကိုရှာဖွေပါ

အိုင်းစတိုင်း၏ ခံယူချက်အရ ကောင်းမွန်သောအရည်အချင်းတွင်ဆိုကာ လွယ်လွယ်ကူကူနှင့် ထွက်မပေါ်လာပါဘူး။ မိမိဘ၀၏ အခက်ခဲဆုံး သို့မဟုတ် အကျပ်တည်းဆုံး အချိန်ကို ရောက်မှသာလျှင် ထိုသို့သော အရည်အချင်းများက ထွက်ပေါ်လာတတ်ပါတယ်။ အဲဒီလိုပါပဲ စွန့်ဦးတီထွင်တစ်ခုကို လုပ်တော့မယ်ဆိုရင် အကြီးမားဆုံး အခက်အခဲတစ်ခုကိုေ ကျာ်လွှားပြီးမှသာ အောင်မြင်မှုပန်းတိုင်ကို ရောက်မည်ဟု ဆိုခဲ့ပါတယ်။

၂။ တီထွင်မှုဆိုတာ လုံ့လနဲ့အတူတူပါပဲ

ဇွဲလုံ့လ၀ီရိယရှိသူဟာ အောင်မြင်ခြင်းပန်းတိုင်ကို အချိန်ကြာသည်ဖြစ်စေ၊ မြန်သည်ဖြစ်စေ၊ ယုံကြည်စွာ လျှောက်လှမ်းပါက တစ်ချိန်ချိန်တွင် အောင်မြင်မှာ ဧကန်မုချ ဖြစ်ပါတယ်။

အဲဒီတော့ ပညာရှင်ကြီး အိုင်းစတိုင်းက စွန့်ဦးတီထွင်သည့် လူငယ်များအား မိမိ၏ယုံကြည်မှုကို လုံ့လ၀ီရိယရှိစွာ လျှောက်လှမ်းမှသာ မိမိရည်ရွယ်ထားသော တီထွင်ဆန်းသစ်မှု အောင်မြင်မှာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

၃။ မိမိကို တိုးတက်မှုပေးသည့် ပတ်ဝန်းကျင်ကိုရှာဖွေပါ

အချို့တီထွင်မှုလုပ်ငန်းများက စိတ်ကူးဥာဏ်လုပ်ရည်ကိုင်ရည်ပဲရှိယုံနှင့် မအောင်မြင်ပါဘူး။ တချို့ကိစ္စများတွင် မိမိ၏ တီထွင်ဆန်းသစ်မှုလုပ်ငန်းစဉ်ကို အထောက်အကူပေးခြင်းများ လိုအပ်ပါတယ်။

ငွေအား၊ လူအားဖြင့် အထောက်အကူပေးနိုင်မည့် ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခုကို ကျောထောက်နောက်ခံအဖြစ် ရှာဖွေထားရန် လိုအပ်ပါတယ်။

၎။ အမှားပြုလုပ်ပါ

ကမ္ဘာပေါ်မှာ မွေးကတည်းက အမှန်တရားတွေပြုလုပ်ပြီး မွေးလာတယ်ဆိုတာ တစ်ယောက်မှမရှိပါဘူး။ အဲဒီလိုပါပဲ အိုင်းစတိုင်းကတော့ အမှားများများပိုလုပ်တဲ့လူဟာ အောင်မြင်မှုလမ်းကြောင်းနှင့် အနီးစပ်ဆုံးလူဟု ခံယူထားပါတယ်။

အမှားများပြုလုပ်မှသာ ထိုအမှားကို နောက်ထပ်မပြုလုပ်စေရန်အတွက် သတိရှိလာပြီး မှန်ကန်မှုလမ်းကြောင်းပေါ်ကို တင်ပို့ပေးနိုင်မှာဖြစ်ပါတယ်။

Source: Inc. Southeast Asia

Read times
Rate this item
(10 votes)