-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းနေကြသူတွေမှာ ရှိတတ်တဲ့ အကျင့် ၄ မျိုး

ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းနေကြသူတွေမှာ ရှိတတ်တဲ့ အကျင့် ၄ မျိုး Google

ပျော်ရွှင်မှုဆိုတာ ငွေနှင့်ပေးဝယ်လို့ရတဲ့အရာမဟုတ်တဲ့ ဆန္ဒတစ်ခုဖြစ်ပါတယ်။ သင်မည်မျှပင်ချမ်းသာစေကာမူ သင်လိုချင်တဲ့ပစ္စည်းတစ်ခုကို ငွေနှင့်တန်ဖိုးဖြတ်ပြီး ၀ယ်လို့မရပါဘူး။

လူတစ်ဦးတစ်ယောက်ချင်းစီကို ပျော်ရွှင်စေတဲ့ အရာတွေကလည်း မတူညီပါဘူး

တစ်ဦးတစ်ယောက်ချင်းစီ၏ ယုံကြည်မှု၊ အောင်မြင်မှု၊ ရွေးချယ်မှုတွေအပေါ်မှာမူတည်ပြီး ကွဲပြားနိုင်ပါတယ်။ သို့သော်လည်း အောင်မြင်ပျော်ရွှင်စွာဘ၀ကိုဖြတ်သန်းနေကြတဲ့သူတွေမှာ တူညီတဲ့အကျင့်စရိုက်လေးတွေတော့ ရှိတတ်ပါတယ်။

ယနေ့ Myanmar Advertising Directory မှ ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းတတ်သူတွေမှာရှိတတ်တဲ့အလေ့အကျင့် ၄ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ လူတစ်ယောက်ဟာ တစ်နေ့ထက်တစ်နေ့ပိုရယ်မောခြင်း

သုတေသနတွေ့ရှိချက်တွေအရ အသက် ၄ နှစ်ရှိတဲ့ ကလေးတစ်ယောက်ဟာ တစ်နေ့မှာအနည်းဆုံး အကြိမ် ၃၀၀ ပြုံးရယ်ပါတယ်။ သို့ပေမယ့် အသက် ၄၀ ရှိတဲ့ လူတစ်ယောက်ဟာ တစ်နေ့မှာအနည်းဆုံး ၄ ကြိမ်သာ ရယ်မောပါတော့တယ်။ လူတွေဟာ အသက်ကြီးလာတာနှင့်အမျှ စိတ်ဖိစီးမှုတွေပိုများလာပြီး ရယ်မောခြင်း နည်းလာပါတယ်။

သို့ပေမယ့် ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းနေကြသူတွေကတော့ တစ်နေ့ထက်တစ်နေ့ ရယ်မောခြင်းများ ပိုမို တိုးလာကြောင်းကို ရှာဖွေတွေ့ရှိခဲ့ရပါတယ်။

၂။ မိမိ၏ ရပ်တည်မှုကိုကျေနပ်ခြင်း

လူတွေမှာရှိတတ်တဲ့ အဆိုးရွားဆုံး စိတ်တစ်ခုကတော့ မိမိ၏ဖြစ်တည်မှုကို မကျေနပ်ဘဲ စိတ်အလိုမကျဖြစ်နေခြင်းပဲဖြစ်ပါတယ်။

သို့ပေမယ့် ပျော်ရွှင်စွာနေသူတွေကတော့ မည်သည့်နေရာ မည်သည့်အနေအထားမဆို သူတို့၏ဖြစ်တည်မှုကို ကျေကျေနပ်နပ်လက်ခံတတ်ကြပါတယ်။

၃။ မိမိ၏ ခနာကိုယ်ကို ကျန်းမာအောင်နေခြင်း

ပျော်ရွှင်တယ်ဆိုတာ စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာနေမှ ရရှိတတ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ သင့်စိတ်က မည်မျှပင် ချမ်းသာနေစေကာမူ သင်၏ခနာကိုယ် ဇီဝကမ္မဖြစ်စဉ် မကျန်းမာပါက စိတ်ချမ်းသာနိုင်မှာမဟုတ်ပါဘူး။

အဲဒီအတွက်ကြောင့် ဘ၀ကိုပျော်ရွှင်စွာနေသူတွေက သူတို့ကိုယ်သူတို့ ကျန်းမာအောင် နေထိုင်စားသောက်ကြပါတယ်။

၎။ မိမိ၏ပတ်ဝန်းကျင်ကို ကောင်းမွန်သောလူများနှင့်သာ ဖွဲ့စည်းထားခြင်း

ပျော်ရွှင်မှုဆိုတာ တစ်ခါတစ်ရံမှာလည်း မိမိတစ်ယောက်တည်း လုပ်ယူလို့ရတဲ့အရာမဟုတ်ပါဘူး။ မိမိ၏မိသားစု အသိုင်းအ၀ိုင်း အလုပ်ပတ်ဝန်းကျင် အစရှိသည့် လူများအပေါ်မှာလည်း မူတည်ပါတယ်။

ထို့ကြောင့် ဘ၀ကို ပျော်ရွှင်စွာ ဖြတ်သန်းနေသူတွေက သူတို့ကိုယ်သူတို့ ကောင်းမွန်မှန်ကန်တဲ့ ပတ်ဝန်းကျင် မှာသာ နေထိုင်ကြပါတယ်။

Source: Inc. Southeast Asia

Read times
Rate this item
(3 votes)