-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်ဘ၀ကိုခွန်အားပေးစေမည့် ရုပ်ရှင် ၅ ခု

သင့်ဘ၀ကိုခွန်အားပေးစေမည့် ရုပ်ရှင် ၅ ခု Google

ကမ္ဘာပေါ်မှာ ရုပ်ရှင်ကို မကြိုက်တဲ့သူဆိုတာ မရှိပါဘူး။ တီဗီဖန်သားပြင်မှာ ရုပ်ရှင်ဆိုပြီး

ပေါ်လာတဲ့အချိန်မှစပြီး ကလေးလူကြီးမရွေး နှစ်သက်ခဲ့ကြတာလည်း အမှန်ပဲဖြစ်ပါတယ်။

ကြည့်လိုက်တဲ့ ရုပ်ရှင်တိုင်းမှာ ရသတစ်မျိုးစီ ကျန်ရစ်ခဲ့ပါတယ်။ ယနေ့မှာတော့ Myanmar Advertising Directory မှ ဘ၀ခွန်အားပေးစေမည့် ရုပ်ရှင် ၅ မျိုးကို တင်ဆက်ပေးလိုက်ပါတယ်။

1. The Pursuit of Happyness

The Pursuit of Happyness ရုပ်ရှင်ဇာတ်ကားကတော့ ဘ၀ကို ကြိုးစားရုန်းကန်ပြီး ပိုက်ဆံရှာဖွေနေရတဲ့ အရောင်းစာရေးအဖေနှင့် သူ၏ သားလေးအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ဒါရိုက်တာ Gabriele Muccino က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

220px Poster pursuithappyness

2. Good Will Hunting

သင်္ချာဘာသာရပ်ကို မွေးရာပါတော်သော်လည်း ပတ်ဝန်းကျင်၏ အရောင်ဆိုးမှုကြောင့် ဆိုးသွမ်းနေသော လူငယ်တစ်ယောက်ကို စိတ်ပညာအထူးကုဆရာဝန်တစ်ယောက်က လမ်းမှန်သို့ ရောက်ရှိသွားရန် ကူညီပေးခဲ့ကြောင်းကို ရိုက်ကူးထားသော ရုပ်ရှင်ဖြစ်ပါတယ်။

၁၉၉၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ဒါရိုက်တာ Gus Van Sant မှ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

726 GoodWillHunting Catalog Poster BB v2 Approved

3. 3 Idiots

လမ်းပျောက်နေတဲ့ သူငယ်ချင်း ၂ ယောက်ကို လမ်းမှန်သို့ ပြန်ရောက်စေရန် ကူညီပေးခဲ့သည့် သူငယ်ချင်းနှင့် သူ့ဘ၀အကြောင်း ရိုက်ကူးထားသော ရုပ်ရှင်ဖြစ်ပါတယ်။

လူငယ်ဘ၀ ပျော်ရွှင်ဖွယ်ရာ တက္ကသိုလ်နေ့ရက်များနှင့် စိန်ခေါ်မှုများကို ဇာတ်အိမ်ခိုင်ခိုင် ဖွဲ့စည်းထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ဒါရိုက်တာ Rajkumar Hirani က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

3 idiots sequel 1

4. Coach Carter

ဆိုးသွမ်းနေတဲ့ ဘတ်စကတ်ဘော အဖွဲ့ဝင်လူငယ်တစ်စုကို လမ်းကြောင်းမှန်သို့ ရောက်ရှိစေရန် တည့်မတ်ပေး ခဲ့သည့် နည်းပြတစ်ဦးအကြောင်းကို ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ဒါရိုက်တာ Thomas Carter က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

leadershipmoviescoachcarter

5. Rocky

လက်ဝှေ့သမားအသေးစားလေး တစ်ယောက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး ရှားပါးလှတဲ့အခွင့်အရေးတစ်ခုကို လက်မလွှတ်ဘဲ သူ့ထက် အဆမတန်အင်အားကြီးမားသော ရန်သူတစ်ယောက်ကို ယှဉ်ပြိုင်ခဲ့သည့်အကြောင်းကို ရိုက်ကူးထားခြင်းဖြစ်ပါတယ်။

၁၉၇၆ ခုနှစ်တွင် ရိုက်ကူးထားပြီး ဒါရိုက်တာ John G.Avildsen မှ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

MV5BMTY5MDMzODUyOF5BMl5BanBnXkFtZTcwMTQ3NTMyNA. V1 UY1200 CR8506301200 AL

Source: IMDb

Read times
Rate this item
(3 votes)