-->
×

Warning

JUser: :_load: Unable to load user with ID: 29


လူ့ဘ၀ခဏလေးအတွင်းအောင်မြင်ပျော်ရွှင်ချင်လျှင်အောက်ပါ(၅)ချက်ကိုလိုက်နာကျင့်သုံးကြည့်ပါ။

လူ့ဘ၀ခဏလေးအတွင်းအောင်မြင်ပျော်ရွှင်ချင်လျှင်အောက်ပါ(၅)ချက်ကိုလိုက်နာကျင့်သုံးကြည့်ပါ။ google.com

လူ့ဘ၀ခဏလေးအတွင်းအောင်မြင်ပျော်ရွှင်ချင်လျှင်အောက်ပါ(၅)ချက်ကိုလိုက်နာကျင့်သုံးကြည့်ပါ။

1.အမှန်တရားကိုသိမြင်နားလည်လက်ခံပါ။

တစ်ခါတစ်ရံလူတစ်ချို့သည် ကိုယ်ရဲ့မာန၊အတ္တစိတ် တို့ကြောင့်  အယူအဆအမှားတစ်ခုကို လက်ခံထားတတ်ကြသည်။

ထိုကဲ့သို တစ်ယူသန်သူများ သည်မိမိပတ်ဝန်းကျင်တွင်သာမက ပေါင်းသင်းဆက်ဆံရေးကိုလည်း များစွာထိခိုက်နိုင် ပေမည်။

ထို့ကြောင့် အရာအားလုံးကို အမှန်တိုင်းနားလည် လက်ခံနိုင်ရန် အလွန်အရေးကြီးသည်။

2.အရာအားလုံးဟာခဏတာပါ။

ဘ၀မှာပျော်ရွှင်ဖွယ်အချိန် ၀မ်းနည်းဖွယ်အချိန်တွေဟာ ခဏလေးသာရရှိကြတာပါ။ တစ်ခါတစ်ရံလူအားလုံးဟာ

ကျဆုံးခြင်းတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမှုများလည်း ရှိမှာပါ။

များသောအားဖြင့်လူငယ်တွေမှာလည်း ဒီလိုပြဿနာတွေကို မလွှဲမသွေ တွေ့ဆုံကြရမှာပါ။

သို့သော်ဒီကျဆုံးခြင်းဟာ အဆုံးသတ်မဟုတ်ပါဘူး။

ဘ၀ဆိုတာ အလှည့်အပြောင်း အတက်အကျ ရှုပ်ထွေးမှုတွေနဲ့ပြည့်နှက်နေတဲ့ အရာတစ်ခုပါ။

ဒါကြောင့် အရာအားလုံးဟာ ခဏတာတွင်းဖြစ်ပျက်နေသည့်အတွက် အဆိုးထဲမှအကောင်းကိုသင်ခန်းစာရယူပြီး အောင်မြင်မှုရရှိအောင် ကြိုးစားကြရမှာပါ။

3.လက်ရှိအချိန်တွင်အကောင်းဆုံးနေထိုင်ပါ။

ကမ္ဘပေါ်တွင်မိမိ အပါအ၀င် လူအများစုတို့သည် ဖြစ်ပျက်ခဲ့ပီးသော အကြောင်းအရာတို့ကို မမေ့နိုင်ဘဲ အတိတ်တွင်နေထိုင်ခဲ့သည့် အချိန်များလည်းရှိခဲ့ပေလိမ့်မည်။

အလားတူပင် အနာဂါတ်တွင် ဖြစ်ချင်သည့် ဆန္ဒ၊ရည်မှန်းချက်၊မျှော်လင့်ချက်တို့ကို စိတ်ကူးနှင့်သာတွေးတောပီး

လက်တွေ့မလုပ်ဆောင်သူများလည်းရှိသည်။

ထိုသူတို့၏ အောင်မြင်မှုသည် အိပ်မက်သာဖြစ်ပေလိမ့်မည်။

လက်ရှိအချိန်သည်သာ အဖိုးတန်ဆုံး ဖြစ်သည့်အတွက် မိမိလျှေက်လှမ်းချင်သောပန်းတိုင်ရောက်အောင်စတင်အကောင်ထည်ဖော် ကြိုးစားလိုက်ပါ။

4.မိမိလုပ်ကိုင်သောအလုပ်ကိုချစ်မြတ်နိုးပါ။

အလုပ်တစ်ခုကိုစတင်မလုပ်ကိုင်ခင် ကိုယ်ဟာဘယ်လိုအလုပ်အကိုင်မျိုးကိုလုပ်ကိုင်လျှင် ချစ်မြတ်နိုးပြီး သေချာလုပ်ကိုင်နိုင်မလဲစဉ်းစားသင့်သည်။

တစ်ခါတစ်ရံ အခြားသောအခြေအနေ အကြောင်းတရားများကြောင့်

မိမိဝါသနာပါပြီး လုပ်ကိုင်လိုသောအလုပ်နဲ့ထပ်တူမကျမှုများလည်းရှိနိုင်သည်။

ထိုသို့အခြေအနေများကိုရင်ဆိုင်ရလျှင် လူအများစုသည် “ဒီအလုပ်ဟာငါနဲ့အဆင်မပြေဘူးဟာ” ဆိုပီးပြောဆိုသံများကိုကြာဖူးပေလိမ့်မည်။

ထိုသို့သာပြောဆိုနေပီး အဆင်ပြေအောင်ပြောင်းလဲပြီး မလုပ်ကိုင်နိုင်လျှင် ကောင်းမွန်သော အခြေအနေတစ်ခုသို့ ရောင်နိုင်မည်မဟုတ်ပါ။

 မိမိလက်ရှိတွင် လုပ်ကိုင်သောအလုပ်ကို အကောင်းဆုံးလုပ်ဆောင်ပြီး ရနိုင်သောအတွေ့အကြုံအကောင်းများ သတင်းအချက်အလက်များကိုရယူပီး

ကြိုးစားလုပ်ဆောင်လျှင် သင့်အလုပ်ကို ချစ်မြတ်နိုးလာပါလိမ့်မည်။

 5.အလုပ်များကိုပျော်ရွှင်စွာလုပ်ကိုင်ပါ။

ပျော်ရွှင်ကျန်းမာသော လူများသည် အလုပ်အများဆုံးလုပ်ကိုင်နိုင်သူများဖြစ်ကြသည်။

ဘ၀မှာ အခက်အခဲတွေနဲ့ တွေ့ဆုံလာလျှင်လည်း ရှေ့ဆက်လျှောက်လှမ်းနိုင်ရန် မိမိကိုယ်ကိုတွန်းအားပေးပါ။

လူအများစုလုပ်လေ့ရှိသောအမှားတစ်ခုဟာ မိမိ၏တိုးတက်မှုကို တခြားသူများနှင့် နှိုင်းယှဉ်ခြင်းဖြစ်သည်။

ထိုသို့ပြုလုပ်ချင်းဟာ လုပ်ငန်းခွင်အတွင်းစိတ်မပျော်ရွှင်မှုကိုဖြစ်စေသည်။

မိမိ၏တိုးတက်မှု၊အောင်မြင်မှုကို နေ့စဉ် ကိုယ်ကိုတိုင် ဆန်းစစ်ပါ။

မိမိပတ်ဝန်းကျင်၊လုပ်ငန်းခွင်တွင်ရှိသောသူအချင်းချင်း ရိုင်းပင်းကူညီ လုပ်ဆောင်ပေးခြင်းဖြင့်

ပျော်ရွှင်မှု ဖန်တီးပါ။

 Source ; Inc. Southeast  Asia

Read times
Rate this item
(1 Vote)